fbpx

PDF လူငယ်ရဲဘော်လေး နှစ်ဦးကျဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အောက်တိုဘာလ၂၃ရက်နေ့တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတစ်ခုအတွင်းတွင် ထန်တလန်ပြည်သူ့ကာကွယ်ရေးတပ်(Chinland defense Force-Thantlang)မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်။

ထန်တလန်မြို့တနေရာတွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် ထန်တလန်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးဖြစ်သည့် ဆလိုင်းခမ့်ထောင်လျန်နှင့် ဆလိုင်းဟရန်းထီအိုလျန်တို့သည် ပြည်သူလူထုအတွက် အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။




“တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုတော့ ပြောပြလို့မရပါဘူး။ သူတို့နှစ်ဦးကျဆုံးခဲ့တာတော့ အတည်ပြုလို့ပါတယ် ” ဟု ချင်းပြည်နယ်မှ တော်လှန်ရေးသမားတစ်ဦးက အတည်ပြုပြောကြားသည်။

ထန်တလန်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်၂ ဦးကျဆုံးခဲ့ရခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၂ဦး၏ ပေးဆပ်မှုအပေါ်တွင် ကျန်ရစ်သူမိသားစုဝင်များ၏ ဆုံးရှုံးမှုများကို မျှဝေခံစားရပါကြောင်းနှင့် ပေးဆပ်မှုများအပေါ်တွင် ဦးညွတ်ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း (Chinland Defense Force-Thantlang)မှ သတင်းထုတ်ပြန်ထားသည်။




အကြမ်းဖက်စစ်တပ်ကို လက်နက်ဆွဲကိုင်တိုက်ခိုက်လျက်ရှိသော ချင်းပြည်နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ ထိပ်တိုက်တိုက်ခိုက်ခံရခြင်းများကြောင့် အကြမ်းဖက်စစ်တပ်မှ စစ်သားအမြောက်အများ ကျဆုံးလျက်ရှိနေသည်။

အထိအခိုက်အကျအဆုံးများလျက်ရှိနေသော ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်တပ်သည် အင်တာနက်လိုင်းများဖြတ်တောက်ခြင်း၊ မြန်နှုန်းလျှော့ခြင်းများပြုလုပ်ထားပြီး နည်းလမ်းအမျိုးမျိုးဖြင့် စစ်အင်အားတိုးချဲ့လျက်ရှိနေသည်။ – Unicode

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕၌ ေအာက္တိုဘာလ၂၃ရက္ေန႔တြင္ ျဖစ္ပြားခဲ့ေသာတိုက္ပြဲတစ္ခုအတြင္းတြင္ ထန္တလန္ျပည္သူ႔ကာကြယ္ေရးတပ္(Chinland defense Force-Thantlang)မွ ရဲေဘာ္ႏွစ္ဦးက်ဆုံးခဲ့သည္။

ထန္တလန္ၿမိဳ႕တေနရာတြင္ ျဖစ္ပြားခဲ့သည့္ အဆိုပါတိုက္ပြဲတြင္ ထန္တလန္ျပည္သူ႔ကာကြယ္ေရးတပ္မွ ရဲေဘာ္ႏွစ္ဦးျဖစ္သည့္ ဆလိုင္းခမ့္ေထာင္လ်န္ႏွင့္ ဆလိုင္းဟရန္းထီအိုလ်န္တို႔သည္ ျပည္သူလူထုအတြက္ အၾကမ္းဖက္စစ္တပ္ကို ေတာ္လွန္တိုက္ခိုက္ရင္း က်ဆုံးခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

“တိုက္ပြဲျဖစ္ပြားတဲ့ေနရာကိုေတာ့ ေျပာျပလို႔မရပါဘူး။ သူတို႔ႏွစ္ဦးက်ဆုံးခဲ့တာေတာ့ အတည္ျပဳလို႔ပါတယ္ ” ဟု ခ်င္းျပည္နယ္မွ ေတာ္လွန္ေရးသမားတစ္ဦးက အတည္ျပဳေျပာၾကားသည္။

ထန္တလန္ျပည္သူ႔ကာကြယ္ေရးတပ္မွ ရဲေဘာ္၂ ဦးက်ဆုံးခဲ့ရျခင္းႏွင့္ပတ္သက္ၿပီး ၎တို႔၂ဦး၏ ေပးဆပ္မႈအေပၚတြင္ က်န္ရစ္သူမိသားစုဝင္မ်ား၏ ဆုံးရႈံးမႈမ်ားကို မၽွေဝခံစားရပါေၾကာင္းႏွင့္ ေပးဆပ္မႈမ်ားအေပၚတြင္ ဦးညြတ္ဂုဏ္ျပဳမွတ္တမ္းတင္ေၾကာင္း (Chinland Defense Force-Thantlang)မွ သတင္းထုတ္ျပန္ထားသည္။

အၾကမ္းဖက္စစ္တပ္ကို လက္နက္ဆြဲကိုင္တိုက္ခိုက္လ်က္ရွိေသာ ခ်င္းျပည္နယ္တြင္ မိုင္းဆြဲတိုက္ခိုက္ခံရျခင္း၊ ထိပ္တိုက္တိုက္ခိုက္ခံရျခင္းမ်ားေၾကာင့္ အၾကမ္းဖက္စစ္တပ္မွ စစ္သားအေျမာက္အမ်ား က်ဆုံးလ်က္ရွိေနသည္။

အထိအခိုက္အက်အဆုံးမ်ားလ်က္ရွိေနေသာ ခ်င္းျပည္နယ္တြင္ အၾကမ္းဖက္စစ္တပ္သည္ အင္တာနက္လိုင္းမ်ားျဖတ္ေတာက္ျခင္း၊ ျမန္ႏႈန္းေလၽွာ့ျခင္းမ်ားျပဳလုပ္ထားၿပီး နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ စစ္အင္အားတိုးခ်ဲ႕လ်က္ရွိေနသည္။ – Zawgyi