fbpx

NUG၊ PDF ဆက်စပ်သူများကို အိမ်ငှားထားပြီး ဧည့်စာရင်း တိုင်မထားပါက အိမ်ရှင်၏ ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းမည်ဟု စစ်ကောင်စီ ထုတ်ပြန်

ဧရာဝတီ၊ စက်တင်ဘာလ ၉၊ ၂၀၂၁

CRPH၊ NUG နှင့် PDF အဖွဲ များနှင့် ဆက်စပ်သူများကို နေအိမ် ၊ တိုက်ခန်း ငှားရမ်းထားပြီး ငှားရမ်းစဉ် သက်ဆိုင်ရာ ရပ်ကွက် သိုမဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးသို တရားဝင် ဧည့်စာရင်းတိုင်ကြားထားခြင်း မရှိကြောင်း စိစစ်တွေ့ရှိလျှင် ငှားရမ်းသည့်ပိုင်ရှင်များတွင် တာဝန်ရှိမည် ဖြစ်ကြောင်း ယနေ့ ရက်စွဲဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲက သတင်းထုတ်ပြန်လိုက်သည်။





အဆိုပါငှားရမ်းထားသည့် နေအိမ်၊တိုက်ခန်းများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့်အမှုများနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ်ပါ သိမ်းဆည်းခံရမည်ဖြစ်ကြောင်း သိရသည်။





CRPH ၊ NUG ၊ PDF တို နှင့် ယင်းတို၏လက်အောက်ခံ အဖွဲ အစည်းများက နိုင်ငံ တစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှိသတ်ဖြတ်ခြင်း စသည့် လုပ်ရပ်များ လုပ်ဆောင်လျက် ရှိကြောင်း၊ ထိုသို လုပ်ဆောင်ရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန်အတွက် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသုံးစွဲခဲ့ကြပြီး အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသဖြင့် ယခုလို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၎င်းတို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။