fbpx

NUG နှင့် အဆက်အသွယ်မလုပ်ရန် အာဆီယံ သံတမန်တစ်ဦးကို စစ်ကောင်စီက နှစ်ကိုယ်ကြား သတိပေး

အောက်တိုဘာ ၂၃

NUG နှင့် အဆက်အသွယ်မပြုရန် အာဆီယံ၏ သံတမန်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက သတိပေးထားကြောင်း အဆိုပါသံတမန်က NHK သတင်းဌာနသို ထုတ်ဖော်ပြောဆိုလိုက်သည်။ သတိပေးခံရသော သံတမန်မှာ ဘရူနိုင်း နိုင်ငံခြားရေး ဒုဝန်ကြီး အီရီဝမ်ယူဆွတ်ဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြထားသည်။

ယူဆွတ်သည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်တပ်နှင့်ညှိနှိင်းနေသော်လည်း မြန်မာစစ်တပ်ဘက်က “ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်မှာ တရားရင်ဆိုင်နေရဆဲဖြစ်သဖြင့် လွှတ်ပေးရန် မဖြစ်နိုင်” ဟု အကြောင်းပြကာ ငြင်းဆိုထားကြောင်း သိရသည်။

ထိုအပြင် အာဆီယံအနေဖြင့် မတရားအသင်းကြေညာထားသော အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုခြင်း၊ ဆက်သွယ်ခြင်း၊ ချိတ်ဆက်ခြင်းများ မပြုရန် စစ်ကောင်စီ၏ သတိပေးခြင်းကိုလည်း ခံရကြောင်း ယူဆွတ်က ပြောပြခဲ့သည်။

– ‌‌ဇော်ဂျီဖြင့်ဖတ်ရန်

ေအာက္တိုဘာ ၂၃

NUG ႏွင့္ အဆက္အသြယ္မျပဳရန္ အာဆီယံ၏ သံတမန္တစ္ဦးကို အာဏာသိမ္းစစ္ေကာင္စီက သတိေပးထားေၾကာင္း အဆိုပါသံတမန္က NHK သတင္းဌာနသို ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ သတိေပးခံရေသာ သံတမန္မွာ ဘ႐ူနိုင္း နိုင္ငံျခားေရး ဒုဝန္ႀကီး အီရီဝမ္ယူဆြတ္ျဖစ္ေၾကာင္း NHK သတင္းဌာနက ေဖာ္ျပထားသည္။

ယူဆြတ္သည္ အာဆီယံ၏ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို ျမန္မာစစ္တပ္ႏွင့္ညႇိႏွိင္းေနေသာ္လည္း ျမန္မာစစ္တပ္ဘက္က “ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးဝင္းျမင့္မွာ တရားရင္ဆိုင္ေနရဆဲျဖစ္သျဖင့္ လႊတ္ေပးရန္ မျဖစ္နိုင္” ဟု အေၾကာင္းျပကာ ျငင္းဆိုထားေၾကာင္း သိရသည္။

ထိုအျပင္ အာဆီယံအေနျဖင့္ မတရားအသင္းေၾကညာထားေသာ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ကို အသိအမွတ္ျပဳျခင္း၊ ဆက္သြယ္ျခင္း၊ ခ်ိတ္ဆက္ျခင္းမ်ား မျပဳရန္ စစ္ေကာင္စီ၏ သတိေပးျခင္းကိုလည္း ခံရေၾကာင္း ယူဆြတ္က ေျပာျပခဲ့သည္။