fbpx

လာမည့် ၆ လအတွင်းမှာ တော်လှန်ရေးကာလကိုအဆုံးသတ်တိုက်ဖို့ NUG စဉ်းစားနေ

အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ယူမှု (၆)လပြည့်ပြီးနောက် လာမည့် (၆)လအကြာမှာ တော်လှန်ရေးကို အောင်မြင်စွာအဆုံးသတ်ဖို့ ကြိုတင်ပြင်ဆင်စဉ်းစားဖို့လိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုလိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၂၈/၂၀၂၁)ခုနှစ်ရဲ့ အစည်းအဝေးမှာ ယာယီသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က ခြောက်လတာတော်လှန်ရေးခရီးအောင်မြင်မှု၊ ကျရှုံးမှုနှင့် စိန်ခေါ်မှုများကို သုံးသပ်ရန်ဆွေးနွေးမှုတွေရှိခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ခုခံစစ်ကို စတင်ကြေငြာခဲ့သည် စက်တင်ဘာလ (၇)ရက်နေ့ကစတင်ပြီး တိုးတက်အောင်မြင်မှုများစွာရရှိခဲ့သည်ဟုလည်း NUG က ဆိုထားပါတယ်။

ဆက်လက်ပြီး အခက်အခဲတွေကိုတောင့်ခံပေးနေတဲ့ ပြည်သူတွေအတွက် စဉ်းစားပြီး ပိုမိုအားစိုက်ကြိုးပမ်းဖို့နဲ့ ဝန်ကြီးတွေကိုလည်း မှာကြားခဲ့ပါတယ်လို့ သတင်းထုတ်ပြန်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ခုခံစစ်တော်လှန်ရေးအရှိန်မြှင့်နေမှုအပေါ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ဖြစ်တဲ့ PPST က စောင့်ကြည့်နေတယ်လို့ပြောထားပါသည်။

စစ်ကောင်စီကလည်း အပစ်ခတ်ရပ်စဲရေး (၅)လလုပ်ဖို့ ‌ေကြငြာထားခဲ့ပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံအနှံ့အပြားမှု့ပစ်ခိုက်တိုက်ခိုက်မှုတွေ နေ့စဉ်ရှိနေပြီး စစ်ဘေးဒုက္ခသည်တွေလည်း နေ့စဉ်များပြားလာနေခဲ့ကြာင်းသိရှိရပါသည်။

(Zawgyi Version)

အမ်ိဳးသားညီညြတ္ေရးအစိုးရ တာဝန္ယူမႈ (၆)လျပည့္ၿပီးေနာက္ လာမည့္ (၆)လအၾကာမွာ ေတာ္လွန္ေရးကို ေအာင္ျမင္စြာအဆုံးသတ္ဖို႔ ႀကိဳတင္ျပင္ဆင္စဥ္းစားဖို႔လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္က ေျပာဆိုလိုက္ပါသည္။

အမ်ိဳးသားညီညြတ္ေရးအစိုးရအဖြဲ႕အစည္းအေဝး (၂၈/၂၀၂၁)ခုႏွစ္ရဲ့ အစည္းအေဝးမွာ ယာယီသမၼတႏွင့္ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္တို႔က ေျခာက္လတာေတာ္လွန္ေရးခရီးေအာင္ျမင္မႈ၊ က်ရႈံးမႈႏွင့္ စိန္ေခၚမႈမ်ားကို သုံးသပ္ရန္ေဆြးေႏြးမႈေတြရွိခဲ့ပါသည္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ၏ ျပည္သူ႔ခုခံစစ္ကို စတင္ေၾကျငာခဲ့သည္ စက္တင္ဘာလ (၇)ရက္ေန႔ကစတင္ၿပီး တိုးတက္ေအာင္ျမင္မႈမ်ားစြာရရွိခဲ့သည္ဟုလည္း NUG က ဆိုထားပါတယ္။

ဆက္လက္ၿပီး အခက္အခဲေတြကိုေတာင့္ခံေပးေနတဲ့ ျပည္သူေတြအတြက္ စဥ္းစားၿပီး ပိုမိုအားစိုက္ႀကိဳးပမ္းဖို႔နဲ႔ ဝန္ႀကီးေတြကိုလည္း မွာၾကားခဲ့ပါတယ္လို႔ သတင္းထုတ္ျပန္ပါသည္။

အမ်ိဳးသားညီညြတ္ေရးအစိုးရရဲ့ ျပည္သူ႔ခုခံစစ္ေတာ္လွန္ေရးအရွိန္ျမႇင့္ေနမႈအေပၚ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္မ်ားအဖြဲ႕ျဖစ္တဲ့ PPST က ေစာင့္ၾကည့္ေနတယ္လို႔ေျပာထားပါသည္။

စစ္ေကာင္စီကလည္း အပစ္ခတ္ရပ္စဲေရး (၅)လလုပ္ဖို႔ ‌ေၾကျငာထားခဲ့ပါတယ္။

တစ္ဖက္မွာလည္း ျမန္မာနိုင္ငံအႏွံ့အျပားမႈ႔ပစ္ခိုက္တိုက္ခိုက္မႈေတြ ေန႔စဥ္ရွိေနၿပီး စစ္ေဘးဒုကၡသည္ေတြလည္း ေန႔စဥ္မ်ားျပားလာေနခဲ့ၾကာင္းသိရွိရပါသည္။