fbpx

စစ်တပ်ရဲ့ ပြည်သူတွေအပေါ်တိုက်ခိုက်မှုကိုဖြေရှင်းရန် နိုင်ငံတကာကိုအားကိုးမရတော့ဟု NUGထုတ်ပြန်

ဒီမိုကရေစီလှုပ်ရှားမှုကိုယ်စား ကြားဝင်ဆောင်ရွက်ပေးနိုင်ရေးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ်တိုက်ခိုက်မှုတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကိုအားကိုးမရတော့ဘူးလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ (စက်တင်ဘာလ ၁၃ရက်) မှာသတင်းထုတ်ပြန်လိုက်ပါတယ်။




နိုင်ငံတစ်ချိုရဲ့ တရားဝင်ဖိတ်ကြားမှုနဲ့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံတကာအစည်းအဝေးတွေမှာတက်ရောက်ခွင့်ရနေပြီး စစ်ရေး ၊ စီးပွားရေး သဘောတူညီချက်တွေဂရရှိနေတာဟာ ပြည်သူတွေတင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်အစိုးရဖြစ်မှုကိုလည်း ထိခိုက်လာနေတယ်လို NUGရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ၇လတာအတွင်းအခြေအနေတွေကိုပြန်ဆန်းစစ်ကြည့်ရင် တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှု၊စုပေါင်းဆောင်ရွက်မှုတွေနဲ့ဘဲ အာဏာသိမ်းမှုနဲ့မတည်ငြိမ်မှုတွေကိုအဆုံးသတ်နိုင်မယ်ဆိုတာထင်ရှားနေပြီလိုလည်း အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။




ပြည်သူလူထုက စစ်ကောင်စီကို ဆက်လက်ခုခံတွန်းလှန်နေချိန်အတွင်း စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေပိုမို မြင့်တက်လာနိုင်တာကိုလည်း ရှောင်လွှနိုင်မှာမဟုတ်ဘူးလိုလည်းဆိုထားပါတယ်။




စစ်အာဏာရှင်ကိုအမြစ်ပြတ်တော်လှန်သွားဖိုနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်သူတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ကြဖိုကိုလည်း အဆိုပါထုတ်ပြန်ချက်မှာတိုက်တွန်းထားပါတယ်။