fbpx

ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ အတိုးမဲ့ ငွေတိုက်စာချုပ်များ NUG ထုတ်ရောင်းမည်

ဧရာဝတီ၊ အောက်တိုဘာ ၂၇၊ ၂၀၂၁

အမေရိကန်ဒေါ်လာ ၁ ဘီလီယံ(သန်းတထောင်) တန်ဖိုးနှင့် ညီမျှသည့် အတိုးမဲ့ အထူး ငွေတိုက်စာချုပ်များ ထုတ်ရောင်းမည် ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ယနေ့လက်မှတ်ရေးထိုး ကြေညာလိုက်သည်။

အထူး ငွေတိုက်စာချုပ်များ၏ သက်တမ်းမှာ ၂ နှစ်ဖြစ်ပြီး စတင် ရောင်းချမည့်နေ့ရက်နှင့် ဝယ်ယူရမည့်နည်းလမ်းများအား ထပ်မံ၍ ကြိုတင်ကြေညာပေးမည်ဖြစ် သည်။

မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်ချုပ်ငြိမ်းသွားစေရေးကို ပြင်းပြသော ဆန္ဒနှင့် လိုလား တောင့်တလျှက်ရှိသူတိုင်း နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များကို တော်လှန်ရေးအောင်စိတ်ဖြင့် မဖြစ်မနေ ဝယ်ယူကြပါရန် လေးနက်စွာ မေတ္တာ ရပ်ခံ တိုက်တွန်းကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုထားသည်။

(Zawgyi)

အေမရိကန္ေဒၚလာ ၁ ဘီလီယံ(သန္းတေထာင္) တန္ဖိုးႏွင့္ ညီမၽွသည့္ အတိုးမဲ့ အထူး ေငြတိုက္စာခ်ဳပ္မ်ား ထုတ္ေရာင္းမည္ ျဖစ္ေၾကာင္း အမ်ိဳးသား ညီညြတ္ေရးအစိုးရ၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းနိုင္က ယေန႔လက္မွတ္ေရးထိုး ေၾကညာလိုက္သည္။

အထူး ေငြတိုက္စာခ်ဳပ္မ်ား၏ သက္တမ္းမွာ ၂ ႏွစ္ျဖစ္ၿပီး စတင္ ေရာင္းခ်မည့္ေန႔ရက္ႏွင့္ ဝယ္ယူရမည့္နည္းလမ္းမ်ားအား ထပ္မံ၍ ႀကိဳတင္ေၾကညာေပးမည္ျဖစ္ သည္။

ျမန္မာ့ေျမေပၚမွ စစ္အာဏာရွင္စနစ္ အၿပီးတိုင္ ေပ်ာက္ကြယ္ခ်ဳပ္ၿငိမ္းသြားေစေရးကို ျပင္းျပေသာ ဆႏၵႏွင့္ လိုလား ေတာင့္တလၽွက္ရွိသူတိုင္း ေႏြဦးေတာ္လွန္ေရးအထူးေငြတိုက္စာခ်ဳပ္မ်ားကို ေတာ္လွန္ေရးေအာင္စိတ္ျဖင့္ မျဖစ္မေန ဝယ္ယူၾကပါရန္ ေလးနက္စြာ ေမတၱာ ရပ္ခံ တိုက္တြန္းေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုထားသည္။