fbpx

ကိုဗစ်ကြောင့်လူမသိ သေဆုံးနေသောကားဆရာအားအောင်မဂ်လာအဝေးပြေးကွင်း အတွင်းတွေ့

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကွင်းအတွင်းမှာ အဝေးပြေးယာဉ်ပေါ် ယာဉ်မောင်းတဦး သေဆုံးနေတဲ့အတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့က သွားရောက် ကူညီခဲ့ပါတယ်။သေဆုံးသူ အမျိုးသားဟာ ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေပြီး ရဲဆေးစာနဲ့အတူ မေဓါဝီဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ပုလဲ အရန်မီးသတ်တပ်ဖွဲ့က သိရပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်မျိုးဗီဇပြောင်းပိုး တွေ့ရှိထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာထားပြီး ဇွန်လ ၂၅ ရက်နေ့ ည ၈ နာရီက ကိုဗစ်ပိုးတွေ့လူနာသစ် ၈၅၉ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ဒါအပြင် မြန်မာစစ်ဘေးရှောင်များ ခိုလှုံနေသည့် အိမ်နီးချင်းထိုင်းနိုင်မှာလည်းတရက်အတွင်း သေဆုံးသူ ၅၁ ယောက်နဲ့ စံချိန်သစ်တင်ခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၄,၁၆၁ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

အောင်မဂ်လာ အဝေးပြေးကွင်း

Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြတဲ့ ကိန်းဂဏန်းတွေအရ
ကူးစက်မှုအမြင့်ဆုံး ထိပ်တန်းနိုင်ငံတွေထဲမှာတော့ အမေရိကန်က ၃၄ ဒသမ ၄၈ သန်းကျော်၊ အိန္ဒိယက ၃၀ ဒသမ ၁၈ သန်းကျော်၊ ဘရာဇီးက ၁၈ ဒသမ ၃၂ သန်းကျော်၊ ပြင်သစ်က ၅ ဒသမ ၇၆ သန်းကျော်၊ တူရကီက ၅ ဒသမ ၄ သန်းကျော်စီနဲ့ အသီးသီး ရပ်တည်နေပါတယ်။

#Zawgyi

ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ ေအာင္မဂၤလာ အေဝးေျပးကြင္းအတြင္းမွာ အေဝးေျပးယာဥ္ေပၚ ယာဥ္ေမာင္းတဦး ေသဆုံးေနတဲ့အတြက္ ပုလဲအရန္မီးသတ္တပ္ဖြဲ႕က သြားေရာက္ ကူညီခဲ့ပါတယ္။ေသဆုံးသူ အမ်ိဳးသားဟာ ျပင္ပဒဏ္ရာ မရွိဘဲ ေသဆုံးေနၿပီး ရဲေဆးစာနဲ႔အတူ ေမဓါဝီေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ ပုလဲ အရန္မီးသတ္တပ္ဖြဲ႕က သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ကူးစက္ျမန္ ကိုဗစ္မ်ိဳးဗီဇေျပာင္းပိုး ေတြ႕ရွိထားတယ္လို႔ စစ္ေကာင္စီလက္ေအာက္ခံ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ေၾကညာထားၿပီး ဇြန္လ ၂၅ ရက္ေန႔ ည ၈ နာရီက ကိုဗစ္ပိုးေတြ႕လူနာသစ္ ၈၅၉ ဦး ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။ဒါအျပင္ ျမန္မာစစ္ေဘးေရွာင္မ်ား ခိုလႈံေနသည့္ အိမ္နီးခ်င္းထိုင္းႏိုင္မွာလည္းတရက္အတြင္း ေသဆုံးသူ ၅၁ ေယာက္နဲ႔ စံခ်ိန္တင္ခဲ့ၿပီး ေရာဂါကူးစက္ခံရသူေပါင္း ၄,၁၆၁ ေယာက္ ရွိခဲ့တယ္လို႔ သိရပါတယ္။

Worldometers ဝက္ဘ္ဆိုက္မွာ ေဖာ္ျပတဲ့ ကိန္းဂဏန္းေတြအရ
ကူးစက္မႈအျမင့္ဆုံး ထိပ္တန္းႏိုင္ငံေတြထဲမွာေတာ့ အေမရိကန္က ၃၄ ဒသမ ၄၈ သန္းေက်ာ္၊ အိႏၵိယက ၃၀ ဒသမ ၁၈ သန္းေက်ာ္၊ ဘရာဇီးက ၁၈ ဒသမ ၃၂ သန္းေက်ာ္၊ ျပင္သစ္က ၅ ဒသမ ၇၆ သန္းေက်ာ္၊ တူရကီက ၅ ဒသမ ၄ သန္းေက်ာ္စီနဲ႔ အသီးသီး ရပ္တည္ေနပါတယ္။