fbpx

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ NLDတက်မည်

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲ NLDတက်မည်ဖြစ်သည်။

ကွန်မြူနစ်ပါတီ(တရုတ်) နှင့် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံများမှ နိုင်ငံရေးပါတီများ၏ ” နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့်ဆောင်ရွက်ခြင်းအားဖြင့် ဖွံဖြိုးတိုးတက်ရေးဆီသို” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်မည်ဖြစ်သည်။

” ဟုတ်ပါတယ်။ NLD က တက်မှာပါ” ဟု CRPH အဖွဲဝင် NLD ပါတီဝင်တစ်ဦးက ပြောသည်။

အစည်းအဝေးသို တက်ရောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) အပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီလေးခု အား ဖိတ်ကြားထားသည်။

စစ်ကောင်စီမှ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ အား ဖျက်သိမ်းခြင်းပြုမည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် တရုတ်ကွန်မြူနစ်ပါတီက ယင်းသို ဖိတ်ကြားလာ ခြင်းဖြစ်သည်။