fbpx

ချယ်ရီထက်ဖမ်းဆီးခံရတဲ့သတင်း ရဲတပ်ဖွဲ့ဝင်တွေကြား ရိုက်ခတ်မှုပြင်း

လက်ရှိ အကြမ်းဖက်စစ်အုပ်စုလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲဝင်တွေအနေနဲ့ လူမှုကွန်ရက်သုံးစွဲတာ သတိကြီးကြီးထားနေရတယ်လို သိရပါတယ်။

‘ချယ်ရီထက်မတိုင်ခင်ကလည်း ဖေ့ဘွတ်ခ်သုံးတာ တော်တော်သတိထားရတာပဲ။ချယ်ရီထက်ဖြစ်ပြီးတော့ ပိုသတိထားရတော့တယ်။ကိုယ်တင်မကဘူး၊ကိုယ့်မိသားစုဝင်တွေတင်မကဘူး၊ကိုယ့်လက်အောက်က ရဲတပ် ဖွဲဝင်တွေ တစ်စုံတစ်ရာပြဿနာတက်လာရင် ကိုယ့်ကိုပါ ရန်ရှာခံရနိုင်လို ကိုယ့်လက်အောက်လူတွေကိုလည်း သတိပေးနေရတယ်။’လိုသူကပြောပါတယ်။

ရန်ကုန်မြို၊လှိင်မြိုနယ်နေ အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ပြင်းထန်သူတစ်ဥ◌ီးကလည်း ချက်ရီထက် သတင်းထွက်ပေါ်လာပြီးနောက် သူ၏မိတ်ဆွေရဲအရာရှိတစ်ဥ◌ီးက ဖုန်းဆက်တောင်းပန်ကာ သူတိုချင်း ကြားလူမှုကွန်ရက်ချိတ်ဆက်မှုကို ယာယီဖြတ်တောက်ထားမယ်လိုပြောကြောင်း Delta News Agency ကို ပြောပါတယ်။

‘သူနဲ့ကျွန်တော်က ငယ်သူငယ်ချင်းတွေဆိုတော့ ကျွန်တော့်ကို Unfriend လုပ်ရမှာအားနာလိုထင်တယ်။အဲဒါ ကြောင့်ဖုန်းဆက်လှမ်းပြောတာ။ဖုန်းဆက်တာတောင် သူ့ဖုန်းနဲ့မဆက်ဘဲ တခြားဖုန်းနဲ့လှမ်းဆက်တာ။သူတို အတွက်ဖိအားကြီးနေတာနားလည်လို ကျွန်တော်လည်း မမေးတော့ဘူး။’လိုသူကပြောပါတယ်။

သူ့သူငယ်ချင်းဟာ အကြမ်းဖက်စစ်အုပ်စုကို လုံးဝမကြိုက်သူတစ်ဥ◌ီးဖြစ်ပေမဲ့ မိသားစုလိုက်စွန့်စားရဲတဲ့ သတ္တိမရှိတာကြောင့် CDMမလုပ်တာလိုလည်းဆိုပါတယ်။

‘NLDအစိုးရလက်ထက်တုန်းကဆို သူမကြာခဏပြောလေ့ရှိတယ်။သူတိုရဲတပ်ဖွဲထဲ ရဲလုပ်ငန်းအကြောင်း လုံးဝနားမလည်တဲ့ စစ်တပ်ကကောင်တွေက အပေါ်ကနေ ရောက်လာပြီးအုပ်ချုပ်တဲ့အကြောင်း၊စစ်တပ်က နေရဲထဲရာထူးကြီးကြီးယူပြီး အုပ်ချုပ်တာအစဥ◌်အလာလိုဖြစ်နေတော့ သူတိုရဲစစ်စစ်တွေ ရာထူးခပ်ကြီး ကြီးမရတဲ့အကြောင်းပေါ့။အခုအာဏာသိမ်းပြီးတဲ့နောက် သူတိုလိုမစွန့်စားရဲတဲ့ရဲတွေ ဘေးကျပ်နံကျပ်ဖြစ် နေတဲ့အကြောင်းလည်းသိရတယ်’လို သူကဆက်ပြောပါတယ်။

ရဲတပ်ဖွဲဝင်တွေကို လူမှုကွန်ရက်မသုံးရဘူးလို တရားဝင်အမိန့်ထုတ်ပြန်ထားတာမျိုးမရှိပေမဲ့ သုံးသူကို အထက်အရာရှိတွေက သံသယနဲ့ကြည့်တတ်ကြတာကြောင့် ဓာတ်ပုံအတု၊နာမည်အတုနဲ့ ခိုးသုံး နေကြတယ်လို ရန်ကုန်မှာတာဝန်ထမ်းနေတဲ့ ရဲအရာရှိကပြောပါတယ်။

‘အခုချယ်ရီထက်ပြဿနာပေါ်တော့ အချင်းချင်းရှေ့မှာတောင်ဖုန်းသုံးတာရှောင်လာကြတယ်။ပြီးတော့ ကိုယ် တွေက CDMလုပ်တဲ့အထိမစွန့်စားရဲတော့ သိမ်ငယ်ရတယ်။လူတွေကြားထဲ ယူနီဖောင်းနဲ့သွားရမှာကို ကြောက်လာတယ်’လိုသူကဆိုပါတယ်။

အဂတိလိုက်စားခွင့်ရတာကို စွဲလန်းနေသူနဲ့ စစ်အသိုင်းအဝိုင်းကြားကြီးပြင်းလာတဲ့ရဲတချိုသာ စစ်အုပ်စုကို ကြိုက်ကြတယ်လိုလည်း သူကဆက်ပြောပါတယ်။

 

Zawgyi

လက္ရွိ အၾကမ္းဖက္စစ္အုပ္စုလက္ေအာက္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္ဖြဲဝင္ေတြအေနနဲ႔ လူမႈကြန္ရက္သုံးစြဲတာ သတိႀကီးႀကီးထားေနရတယ္လို သိရပါတယ္။

‘ခ်ယ္ရီထက္မတိုင္ခင္ကလည္း ေဖ့ဘြတ္ခ္သုံးတာ ေတာ္ေတာ္သတိထားရတာပဲ။ခ်ယ္ရီထက္ျဖစ္ၿပီးေတာ့ ပိုသတိထားရေတာ့တယ္။ကိုယ္တင္မကဘူး၊ကိုယ့္မိသားစုဝင္ေတြတင္မကဘူး၊ကိုယ့္လက္ေအာက္က ရဲတပ္ ဖြဲဝင္ေတြ တစ္စုံတစ္ရာျပႆနာတက္လာရင္ ကိုယ့္ကိုပါ ရန္ရွာခံရနိုင္လို ကိုယ့္လက္ေအာက္လူေတြကိုလည္း သတိေပးေနရတယ္။’လိုသူကေျပာပါတယ္။

ရန္ကုန္ၿမိဳ၊လွိင္ၿမိဳနယ္ေန အာဏာရွင္ဆန႔္က်င္ေရးစိတ္ဓာတ္ျပင္းထန္သူတစ္ဥ◌ီးကလည္း ခ်က္ရီထက္ သတင္းထြက္ေပၚလာၿပီးေနာက္ သူ၏မိတ္ေဆြရဲအရာရွိတစ္ဥ◌ီးက ဖုန္းဆက္ေတာင္းပန္ကာ သူတိုခ်င္း ၾကားလူမႈကြန္ရက္ခ်ိတ္ဆက္မႈကို ယာယီျဖတ္ေတာက္ထားမယ္လိုေျပာေၾကာင္း Delta News Agency ကို ေျပာပါတယ္။

‘သူနဲ႔ကၽြန္ေတာ္က ငယ္သူငယ္ခ်င္းေတြဆိုေတာ့ ကၽြန္ေတာ့္ကို Unfriend လုပ္ရမွာအားနာလိုထင္တယ္။အဲဒါ ေၾကာင့္ဖုန္းဆက္လွမ္းေျပာတာ။ဖုန္းဆက္တာေတာင္ သူ႔ဖုန္းနဲ႔မဆက္ဘဲ တျခားဖုန္းနဲ႔လွမ္းဆက္တာ။သူတို အတြက္ဖိအားႀကီးေနတာနားလည္လို ကၽြန္ေတာ္လည္း မေမးေတာ့ဘူး။’လိုသူကေျပာပါတယ္။

သူ႔သူငယ္ခ်င္းဟာ အၾကမ္းဖက္စစ္အုပ္စုကို လုံးဝမႀကိဳက္သူတစ္ဥ◌ီးျဖစ္ေပမဲ့ မိသားစုလိုက္စြန႔္စားရဲတဲ့ သတၱိမရွိတာေၾကာင့္ CDMမလုပ္တာလိုလည္းဆိုပါတယ္။

‘NLDအစိုးရလက္ထက္တုန္းကဆို သူမၾကာခဏေျပာေလ့ရွိတယ္။သူတိုရဲတပ္ဖြဲထဲ ရဲလုပ္ငန္းအေၾကာင္း လုံးဝနားမလည္တဲ့ စစ္တပ္ကေကာင္ေတြက အေပၚကေန ေရာက္လာၿပီးအုပ္ခ်ဳပ္တဲ့အေၾကာင္း၊စစ္တပ္က ေနရဲထဲရာထူးႀကီးႀကီးယူၿပီး အုပ္ခ်ဳပ္တာအစဥ◌္အလာလိုျဖစ္ေနေတာ့ သူတိုရဲစစ္စစ္ေတြ ရာထူးခပ္ႀကီး ႀကီးမရတဲ့အေၾကာင္းေပါ့။အခုအာဏာသိမ္းၿပီးတဲ့ေနာက္ သူတိုလိုမစြန႔္စားရဲတဲ့ရဲေတြ ေဘးက်ပ္နံက်ပ္ျဖစ္ ေနတဲ့အေၾကာင္းလည္းသိရတယ္’လို သူကဆက္ေျပာပါတယ္။

ရဲတပ္ဖြဲဝင္ေတြကို လူမႈကြန္ရက္မသုံးရဘူးလို တရားဝင္အမိန႔္ထုတ္ျပန္ထားတာမ်ိဳးမရွိေပမဲ့ သုံးသူကို အထက္အရာရွိေတြက သံသယနဲ႔ၾကည့္တတ္ၾကတာေၾကာင့္ ဓာတ္ပုံအတု၊နာမည္အတုနဲ႔ ခိုးသုံး ေနၾကတယ္လို ရန္ကုန္မွာတာဝန္ထမ္းေနတဲ့ ရဲအရာရွိကေျပာပါတယ္။

‘အခုခ်ယ္ရီထက္ျပႆနာေပၚေတာ့ အခ်င္းခ်င္းေရွ႕မွာေတာင္ဖုန္းသုံးတာေရွာင္လာၾကတယ္။ၿပီးေတာ့ ကိုယ္ ေတြက CDMလုပ္တဲ့အထိမစြန႔္စားရဲေတာ့ သိမ္ငယ္ရတယ္။လူေတြၾကားထဲ ယူနီေဖာင္းနဲ႔သြားရမွာကို ေၾကာက္လာတယ္’လိုသူကဆိုပါတယ္။

အဂတိလိုက္စားခြင့္ရတာကို စြဲလန္းေနသူနဲ႔ စစ္အသိုင္းအဝိုင္းၾကားႀကီးျပင္းလာတဲ့ရဲတခ်ိဳသာ စစ္အုပ္စုကို ႀကိဳက္ၾကတယ္လိုလည္း သူကဆက္ေျပာပါတယ္။