fbpx

မွေးကင်းစကလေးတိုင်းကြုံတတ်တဲ့ အသားဝါ ပြသာနာ

အသားဝါခြင်းပြသာနာကို မွေးကင်းစ ကလေး တော်တော် များ ကြုံတွေ့ရတတ်ပါတယ်။
ဒီနေရာမှာ တစ်ခုပြောချင်တာက မွေးကင်းစ ကလေးဆိုတာ မွေးဖွားပြီး ပထမ ၂၈ ရက်အထိ ကလေးကို ခေါ်ပါတယ်။ကလေးအသားဝါခြင်းသည် ရောဂါမဟုတ်ဘဲ လက္ခဏာ တစ်ရပ် သာ ဖြစ်ပြီး အရေပြားနှင့် မျက်စိ အဖြူသားများ အဝါရောင် သန်းနေခြင်းကို ဆိုပါသည်။ ရောဂါ မဟုတ်ဟု ဆိုထားသော်လည်း သင့်အနေဖြင့် သင့်ကလေး အသားဝါနေပါက သတိထားရန် လိုအပ်ပါမည်။ အများအားဖြင့် အသားဝါခြင်းသည် လသားများတွင် အတွေ့ရများပါသည်။ အန္တရာယ် မရှိတတ်ပါ။ အသားဝါသည် လသားကလေးများတွင် ဖြစ်ရခြင်းသည် ကလေး၏ သွေးထဲတွင် Bilirubin များလာခြင်းကို ဖော်ပြခြင်းဖြစ်ပါတယ်။

ကလေးရဲ့သွေးထဲမှာ အသားဝါခြင်းကိုဖြစ်စေတဲ့ Bilirubin ဘာဖြစ်လို့ များလာတာလည်း

ပုံမှန်ဆို သွေးတွင်းမှာရှိတဲ သွေးနီဥဆဲလ်လေးတွေက သူ့သက်တမ်း ရက်ပေါင်း ၁၂၀ ကုန်တာနဲ့ အလိုလို ပေါက်ကွဲပျက်စီးပါတယ်။ Bilirubin ဆိုတာ အဲဒီ သွေးနီဥဆဲလ်လေးတွေ ပေါက်ကွဲရာက ထွက်လာတဲ့ အဝါရောင်ခြယ် ပစ္စည်းတွေဖြစ်ပါတယ်။ ဒီလို ထွက်လာတဲ့ Bilirubin တွေကို အသည်းက ခြေဖျက်ပေးပြီး သွေးကတစ်ဆင့် အူထဲပို့ကာ ဝမ်းနဲ့အတူ စွန့်ထုတ်လေ့ရှိပါတယ်။
မွေးကင်းစကလေးတွေရဲ့ အသည်းဟာ အလုပ်ကောင်းကောင်း မလုပ်နိုင်သေးတဲ့အတွက် အသားဝါဓာတ် Bilirubin ခန္ဓာကိုယ်တွေရဲ့ သက်တမ်းတိုပြီး ပျက်စီးကုန်ခြင်းစတဲ့ အကြောင်းများကြောင့် မွေးကင်းစ ကလေးတိုင်းလိုလို အသားဝါဖြစ်တတ်ပါတယ်။ အဲဒါကို Physiological Jaundice လို့ ခေါ်ပါတယ်။

အသားဝါပြသာနာ ဘယ်နှစ်မျိုးရှိသလဲ

အများအားဖြင့်တော့ ပုံမှန် အသားဝါခြင်းနဲ့ ရောဂါကြောင့် အသားဝါခြင်းဆိုပီး အကြမ်းဖျင်း နှစ်မျိုး ရှိပါတယ်။ပုံမှန် အသားဝါခြင်း ကတော့
• မွေးဖွားပြီး နှစ်ရက်၊ သုံးရက်သားမှသာလျှင် ဝါလေ့ရှိပါသည်။
• ကြောက်စရာကောင်းသော လက္ခဏာများဖြစ်သည့် တက်ခြင်း၊ ဇက်လန်ခြင်း၊ ခန္ဓာကိုယ် တောင့်တင်းခြင်း၊ နို့မစို့နိုင်ခြင်း၊ သတိလစ်ခြင်း စသည်တို့မဖြစ်ပေ။
• ကလေးငယ်သည် အသားအနည်းငယ်ဝါသည်မှအပ ပုံမှန်အတိုင်း လန်းလန်းဆန်းဆန်းရှိပြီး နို့လည်းကောင်းစွာ စို့နိုင်ပါသည်။
• အသားဝါခြင်းသည် ပြင်းထန်စွာဝါခြင်း အဆင့်အထိ မည်သို့သော်အခါမှ မရောက်ရှိပဲ အနည်းငယ်သာ ဝါတတ်ပါသည်။
• မွေးဖွားပြီး တစ်ပတ်အတွင်း အသားဝါခြင်း လျော့နည်း ပပျောက်သွားလေ့ရှိပါသည်။ပုံမှန်ဝါခြင်းသည် မွေးကင်းစက လေးရာနှုန်း တော်တော်များများတွင် ဖြစ်လေ့ဖြစ်ထရှိပါသည်။

ေရာဂါကြောင့် အသားဝါခြင်းမှာတော့ မွေးဖွားပြီး တစ်ပတ် နှစ်ပတ်အတွင်း အင်ဇိုင်းနှင့် မပေါင်းစပ်နိုင်သေးသော အဝါဓာတ် (unconjugated bilirubin) များ လွန်စွာများပြားလာခြင်း “ရောဂါကြောင့် အသားဝါခြင်း” ပင်ဖြစ်ပါသည်။ (unconjugated hyperbilirubinemia)။ ထိုမပေါင်းစပ်နိုင်သော အဝါဓာတ်တို့မှာ အဆိပ်ဓာတ်များပင်ဖြစ်ပြီး သွေးကြောများမှ တစ်ဆင့် ဦးနှောက်၏ အောက်ခြေသို့ ရောက်ရှိသွားတတ်ကြပါသည်။ ထိုအခါတွင် ဦးနှောက် အစိတ်အပိုင်းအချို့ကို ဖျက်ဆီးလိုက်ပြီး ဇက်အောင့်ခြင်း၊ တက်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေပါသည်။
ဦးနှောက် အစိတ်အပိုင်းအချို့ ပျက်စီးသွားပြီးလျှင် ပျက်စီးသောအပိုင်းသည် မည်သည့်အခါမှ ပြန်ကောင်းလာမည် မဟုတ်တော့ပေ။ ပျက်စီးမှု နှုန်းများလျှင် အသက်အန္တရာယ်ပင် ရှိနိုင်ပြီး အသက်ရှင်လျှင်လည်း ကိုယ်ခန္ဓာ တောင့်တင်းနေကာ လမ်းလျှောက်သည့်အရွယ်တွင် လမ်းမလျှောက်နိုင်ခြင်း၊ ခြေဖျားထောက်၍ ဒယီးဒယိုင် လျှောက်ခြင်း၊ လက်တုန်ခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး လျော့ခြင်း စသည်တို့ဖြစ်ပေါ်လာနိုင်ပါသည်။ (Cerebral palsy –CP)အထက်ပါ ရောဂါများကြောင့် အသားဝါခြင်းသည် ကိုယ်ခန္ဓာမှ ဝါသော ဓာတ်များ ထွက်သွားရန် ပေါင်းစပ်ပေးသော အင်ဇိုင်းမရှိခြင်း (သို့) မလုံလောက်ခြင်းကြောင့် ဖြစ်ရပါသည်။ သို့ဖြစ်၍ အင်ဇိုင်းနှင့် မပေါင်းစပ်နိုင်သေးသော အဝါဓာတ်သည် ကလေး၏ ဘဝတစ်ခုလုံးကို ဖျက်စီးနိုင်သော လက်နက်ကြီးဖြစ်ကြောင်း သိရှိထားရမည်သာဖြစ်ပါသည်။ ထိုသို့သော အသားဝါ အုပ်စုသည် ရံခါ အဝါဓာတ်မလျော့ပဲ “ကြာရှည်စွာ အသားဝါခြင်း” အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။ကလေးအသက် နှစ်ပတ်ကျော်သည် အထိ ဆက်၍ ဝါနေလျှင် ကြာရှည်စွာ အသားဝါခြင်း အဆင့်သို့ ရောက်ပြီဖြစ်သည်။ မည်သို့ဆိုစေ၊ မည်မျှကြာအောင် ဝါသည်ဖြစ်စေ၊ ကလေးအသက် ပထမပတ်အတွင်းတွင် ဦးနှောက်ပို၍ ပျက်စီးလေ မဟုတ်ပဲ ပျက်စီးပြီးသားသာလျှင် ဖြစ်ပါသည်။

ကဲ ! အားလုံးပဲ မွေးကင်းစကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ အသားဝါခြင်းပြသာနာနဲ့ သဘောတရားတွေ သိလောက်ပီလို့ထင်ပါတယ်။

နေ့စဉ် သတင်းနှင့်ဗဟုသုတများကိုဖတ်ရှုချင်ရင်တော့ https://www.facebook.com/dailyinfomm Facebook Page သို့လာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

Reference – Hello SayarWon.com/www.healthcare.com.mm

Leave a Reply

Your email address will not be published.