fbpx

နီးလာတဲ့ စစ်ပွဲ

နေပြည်တော်နဲ့ နီးကပ်လှတဲ့မကွေးနဲ့ မိတ္ထီလာလေတပ်စခန်းတွေကို
လက်သည်မပေါ် တပြိုင်နက်နီးနီး
ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေဟာ
ပြည်တွင်းစစ်က နယ်စပ်ဒေသတွေကနေ
ဗဟိုဒေသတွေဆီ ချဉ်းကပ်လာနေပြီဆိုတာ
အချက်ပြပါတယ်။

Asia Times ကို စစ်တပ်နောက်ခံ၊ယခင်စစ်အစိုးရအသိုင်းအဝိုင်းဝင်၊
အတွင်းလူအချို့က တိတ်တဆိတ်အချက်ပြလာတာတွေ ရှိပါတယ်။
သူတို့ဟာ မအလရဲ့ စွမ်းဆောင်ရည်၊ ဗျုဟာနဲ့လုပ်ပုံကိုင်ပုံ လွဲချော်မှုတွေအပေါ်
စိုးရိမ်မှု တိုးလာနေကြတယ်။

ယခုအာဏာသိမ်းပွဲကိုခေတ်သစ်အာရှသမိုင်းမှာ မအောင်မြင်ဆုံး
အာဏာသိမ်းပွဲအဖြစ် ရှုမြင်မှုဟာလည်း
ကျယ်ပြန့်လာနေတယ်။
၃လကြာသည့်တိုင်အောင် ပြည်သူတွေဟာ
သြချလောက်ဖွယ်သတ္တိနဲ့ လမ်းတွေပေါ်မှာ
ချီတက်နေဆဲပဲ။
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ
ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လှုပ်ရှားလာပြီး
မွန်ပြည်နယ်နဲ့ မန္တလေးတိုင်းမှာလည်း
ဖွဲ့စည်းနေတဲ့ အရိပ်ယောင်တွေ တွေ့နေရတယ်။
KIA နဲ့ KNU က စစ်စခန်းတွေကို သိမ်းရင်း
နေ့စဉ်တိုက်ခိုက်နေကြတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပစ်မှတ်ကလွဲလို့
လက်နက်ကိုင်တွေအပေါ် ထိရောက်တာသိပ်မတွေ့ရပါ။
ကျန်အဖွဲ့တွေကလည်း
ပြည်သူကို ထောက်ခံလာနေကြတယ်။

အင်အားအကြီးဆုံး ‘ဝ’ ကတော့ ငြိမ်နေတယ်။
ဒါဟာလည်း ဝအားလုံးရဲ့ဆန္ဒမဟုတ်ပါ။
ဝအရပ်ဖက်လူ့အဖွဲ့အစည်း ၁၀ဖွဲ့က
မတ်လ၂၅မှာ စုပေါင်းလက်မှတ်ရေးထိုးပြီး
ပြည်သူဖက်ကရပ်တည်ဖို့
အရေးတကြီး တောင်းဆိုထားကြတယ်။

ဒီတခါ တိုင်းရင်းသားနဲ့ မြို့ပြ
မဟာမိတ်ဖွဲ့စည်းမှုက ယခင်မအောင်မြင်ခဲ့တဲ့
ABSDF လှုပ်ရှားမှုနဲ့ မတူညီပါ။
သိပ်သည်းဆရော၊ ထုထည်ပါ
ပိုမို ကြီးမားမဲ့အသွင်ဆောင်ပါတယ်။
ဖြစ်ပေါ်ပြောင်းလဲမှုတွေဟာ အာဏာသိမ်းစစ်တပ်
ကောင်းကောင်း ပြင်ဆင်မထားတဲ့
မြို့ပြစစ်ပွဲဆီကို ချဉ်းကပ်လာနေတယ်။
အာဏာသိမ်းစမှာ
မြို့ထဲကိုတင့်ကားနဲ့ဝင်လာတဲ့ စစ်တပ်ဟာ
၃လအတွင်း အဓိကလေတပ်စခန်းတွေကို
ဒုံးကျည်နဲ့ အထုခံရမယ်လို့
တွေးထင်ထားမိမယ်မဟုတ်ပါ။

တပ်ပေါင်းစုစစ်ပွဲကြီးမဆင်နွှဲမှာမီ
အစိုးရိမ်ကြီးနေပြီဖြစ်တဲ့ ယခင်အရှိန်အဝါရှိ
စစ်ခေါင်းဆောင်ဟောင်းတွေက
မအလနဲ့ လက်ထောက်အနည်းငယ်ကို
ဖိအားပေးဖယ်ရှားလိုက်တာလည်း
ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။
ယခုအာဏာသိမ်းယူမှုဟာ
စစ်တပ်အသိုင်းအဝိုင်းအတွက်တော့
ရေတိုမှာလည်းမကောင်း၊
ရေရှည်မှာလည်းမကောင်းတာတော့
လုံးဝ အသေအချာပါပဲ။
(အရေးတော်ပုံ အောင်ရမည်။)
(Asia Times ပါ ဘာတီးလစ်တနာရဲ့ ယနေ့ဆောင်းပါးကို လိုတိုရှင်း ပြန်ဆိုပါတယ်။)

Ref: ‘A wider war coming to Myanmar’, Bertil Litner, Asia Times (May 1, 2021)

Ref:: https://asiatimes.com/2021/05/a-wider-war-coming-to-myanmar/