fbpx

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှု

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်နေသော တော်လှန်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များကို အများပြည်သူအား ရှင်းလင်းချပြရန် သတင်းစာရှင်းလင်းပွဲ ကျင်းပနေခြင်း ဖြစ်ပါသည်။

ဦးမင်းကိုနိုင်(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲအစည်း)၊ ဦးအောင်ဆန်းမြင့်(ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ)၊ ပဒိုစောတောနီး(ကရင်အမျိုးသားအစည်းအရုံး)၊ ဒေါက်တာလျန်မှုန်းဆာခေါင်း(ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ)၊ ဦးမိုးသူ (စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ)၊ ဒေါက်တာတေဇာစန်း (စစ်အာဏာရှင်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိင်းရေးကော်မတီ-မန္တလေး)၊ ဦးလွင်ကိုလတ် (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ)၊ ဦနန္ဒာစစ်အောင် (မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု)၊ ဦးခန့်ဝေဖြိုး (မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)နှင့် မလွေးပိုးငယ် (အမျိုးသမီးများအဖွဲချုပ်(မြန်မာနိုင်ငံ))တိုက တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

Zawgyi

