စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီး လူထုအား အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့မှ မေလ (၁၅) ရက်နေ့အတွင်း အသက်ဆုံးရှုံးရသူများတွင် အသက် (၁၈)နှစ်အောက် ကလေး (၇၃)ဦး ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မေလ (၂၆) ရက်နေ့၌ သတင်းထုတ်ပြန်သည်။
အာဏာသိမ်းစစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အသက် (၁၈) နှစ်အောက် ယောကျ်ားလေး (၆၃) ဦး၊ မိန်းကလေး (၉) ဦးနှင့် ကျား/မအတည်မပြုနိုင်သူ (၁) ဦး စုစုပေါင်း ကလေး (၇၃) ဦးမှာ လမ်းပေါ်တွင် ဆန္ဒထုတ်ဖော်ရင်း အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက ပစ်သတ်ခြင်းကိုခံရသူများအပြင် နေအိမ်ထဲဝင်ရောက်ပစ်ခတ်ခံရသူ၊ နေအိမ်ပြင်ပတွင် ကစားနေရင်း သေနတ်ထိမှန်သူများလည်း ပါဝင်ခြင်းဖြစ်သည်။
အဆိုပါ စာရင်းတွင် ယခုနောက်ပိုင်း မြို့အလိုက် ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည့် မင်းတပ်၊ ကနီနှင့် ဒီးမော့ဆို ကဲ့သို့ ဒေသများမှ စာရင်းများ၊ ပစ်ခတ်မှုများရှိနေသည့်ဒေသများမှ စာရင်းများ မပါဝင်သေးဘဲ ရရှိထားသည့်အ ချက်အလက်များကို အခြေခံ၍ ထပ်မံစာရင်းပြုစုနေဆဲဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းကာလအတွင်း အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် မိမိတို့ဝန်းကျင်မှ ကလေးငယ်များ သတ်ဖြတ်ခံရမှုအပါအဝင် လူ့အခွင့်အရေးချိုးဖေါက်ခံရသည့် အချက်အလက်များကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ကြရန်ကိုလည်း တိုက်တွန်းထားသည်ကို တွေ့ရသည်။
#Zawgyi
စစ္တပ္က ႏိုင္ငံ့အာဏာသိမ္းၿပီး လူထုအား အၾကမ္းဖက္ႏွိမ္ႏွင္းမႈမ်ားေၾကာင့္ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလ (၁၅) ရက္ေန႔မွ ေမလ (၁၅) ရက္ေန႔အတြင္း အသက္ဆုံးရႈံးရသူမ်ားတြင္ အသက္ (၁၈)ႏွစ္ေအာက္ ကေလး (၇၃)ဦး ပါဝင္ေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕၏ လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီးဌာနက ေမလ (၂၆) ရက္ေန႔၌ သတင္းထုတ္ျပန္သည္။
အာဏာသိမ္းစစ္အုပ္စု၏ သတ္ျဖတ္မႈေၾကာင့္ ေသဆုံးခဲ့ရသည့္ အသက္ (၁၈) ႏွစ္ေအာက္ ေယာက်္ားေလး (၆၃) ဦး၊ မိန္းကေလး (၉) ဦးႏွင့္ က်ား/မအတည္မျပဳႏိုင္သူ (၁) ဦး စုစုေပါင္း ကေလး (၇၃) ဦးမွာ လမ္းေပၚတြင္ ဆႏၵထုတ္ေဖာ္ရင္း အာဏာသိမ္းအဖြဲ႕၏ လက္နက္ကိုင္မ်ားက ပစ္သတ္ျခင္းကိုခံရသူမ်ားအျပင္ ေနအိမ္ထဲဝင္ေရာက္ပစ္ခတ္ခံရသူ၊ ေနအိမ္ျပင္ပတြင္ ကစားေနရင္း ေသနတ္ထိမွန္သူမ်ားလည္း ပါဝင္ျခင္းျဖစ္သည္။
အဆိုပါ စာရင္းတြင္ ယခုေနာက္ပိုင္း ၿမိဳ႕အလိုက္ ပစ္မွတ္ထား တိုက္ခိုက္ခံေနရသည့္ မင္းတပ္၊ ကနီႏွင့္ ဒီးေမာ့ဆို ကဲ့သို႔ ေဒသမ်ားမွ စာရင္းမ်ား၊ ပစ္ခတ္မႈမ်ားရွိေနသည့္ေဒသမ်ားမွ စာရင္းမ်ား မပါဝင္ေသးဘဲ ရရွိထားသည့္အ ခ်က္အလက္မ်ားကို အေျခခံ၍ ထပ္မံစာရင္းျပဳစုေနဆဲျဖစ္ေၾကာင္း သိရသည္။
အာဏာသိမ္းကာလအတြင္း အၾကမ္းဖက္ သတ္ျဖတ္ခံရမႈေၾကာင့္ မိမိတို႔ဝန္းက်င္မွ ကေလးငယ္မ်ား သတ္ျဖတ္ခံရမႈအပါအဝင္ လူ႔အခြင့္အေရးခ်ိဳးေဖါက္ခံရသည့္ အခ်က္အလက္မ်ားကို လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီးဌာနသို႔ ေပးပို႔ၾကရန္ကိုလည္း တိုက္တြန္းထားသည္ကို ေတြ႕ရသည္။