fbpx

စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကြား အုတ်တံတိုင်းကို အကာကွယ်ယူပြီးတပ်ဆွဲမှုစစ်ကိုင်းတိုင်း၊ချောင်းဇင်းရွာတွင် ဖြစ်ပွား

မေ ၂၆ရက်နေ့က စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် ချောင်းဇင်းရွာနှင့်ပေါက်ချောင်းရွာတို့မှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားအပြီးမှ ာစစ်တပ်က ချောင်းဇင်း စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်ကြား အုတ်တံတိုင်းကို အကာကွယ်ယူပြီး မေလ ၂၇ ရက်နေ့ မှာ ဆက်လက် တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြိုနယ် ချောင်းဇင်းရွာ
စစ်ကိုင်းမြိုနယ် ချောင်းဇင်းရွာဘက်သို စကစ တပ်သားအပြည့်ဖြင့် စစ်ကားသုံးစီး တပ်ကူများပို့နေပုံ

စစ်တပ်အင်အား ၃၀ နီးပါးခန့်ရှိပြီး တပ်ပြန်မဆုတ်ဘဲ အဲဒီနေရာမှာ ရှိနေကြောင်းနဲ့ ဒေသခံ PDF တွေက လည်း တပ်ပြန်ဆုတ်မဲ့ အချိန်ကိုစောင့်နေကြတယ်လို့ ပြောပါတယ်။

ချောင်းဇင်းမှာ ပိတ်မိနေတဲ့ စစ်တပ်ကို ကူဖို့ ကားတွေထွက်လာတယ် သတင်းရပေမဲ့လည်း အခုအထိရောက်လာတာမရှိသေးဘူးလို့လည်း သူတို့ကပြောပါတယ်။

ချောင်းဇင်းကို လာတဲ့ လမ်းတွေမှာ သစ်ပင်တွေခုတ်ထားပြီး အတားအဆီးတွေ လုပ်ထားတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မေလ ၂၆ ရက်နေ့က ချောင်းဇင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း အုတ်တံတိုင်းကို အကာကွယ်ယူပြီး ခုခံခဲ့တယ်လို့ ‌‌ဒေသခံတွေက ‌ပြောပါတယ်။

ချောင်းဇင်းဒေသခံ အချို့ကတော့ တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်ပြီး တိမ်းရှောင်နေကြတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

#Zawgyi

ာင်းဇင်းမှာ စစ်တပ်က ဘုန်းကြီးကျောင်းမှာတပ်စွဲပြီးစောင့်ကြည့်နေ





