fbpx

မြန်မာလူမျိုးတို့ရဲ့အမျိုးသားဝတ်စုံစစ်စစ်ဖြစ်တဲ့သိုရင်းအင်္ကျီ နှင့် တောင်ရှည်ပုဆိုး

သိုရင်းအင်းကျီနှင့် တောင်ရှည်ပုဆိုးသည်။မြန်မာ၊ဗမာ လူမျိုးတို့၏ ရှေးဘ်ိုးဘေးတို့၏ ခေတ်အဆက်ဆက် ဝတ်ဆင်လာခဲ့ကြသော ရိုးရာ အဝတ်အစားဖြစ်ပြီး။မြန်မာ၊ဗမာ လူမျိုးတို့၏ အမျိုးသားဝတ်စုံ အစစ်ဖြစ်ပါတယ်။

ယနေ့ခေတ် မြန်မာအမျိုးသားဝတ်စုံအဖြစ် သက်မှတ်ထားသောတိုက်ပုံနှင့်ပုဆိုးမှာတိုက်ပုံသည်ရတနာပုံခေတ်မင်းမှုထမ်း၊သာမန်လူများဝတ်ဆင်ခဲ့သောအဝတ်ဖြစ်ပြီးပုဆိုးမှာလည်းတောင်ရှည်ကိုအတိုချုံ့ထားသောအဝတ်သာဖြစ်လေရာမြန်မာအမျိုးသားတို့၏ယဉ်ကျေးမှုဝတ်စုံအဆင့်အတန်းသည်ယခုခေတ်တွင်နိမ့်ပါးနေဖွယ်ရာရှိသည်ဟုယူဆနိုင်ပေသည်။

မြန်မာ၊ဗမာ တို့ရဲ့ သိုရင်းအင်းကျီနှင့် တောင်ရှည်ပုဆိုး တို့ဟာ
ခေတ်အဆက်ဆက် ဆင့်ကဲပြောင်းလဲလာခဲ့ပြီး။သိုရင်းအင်းကျီကို ပီပီပြင်ပြင် တွေ့ရသည့် အချိန်မှာကုန်းဘောင်ခေတ် ဖြစ်ပြီး။ တောင်ရှည်ပုဆိုးကိုတော့ ညောင်ရမ်းခေတ်မှာ စတင်တွေ့နေရပြီ ဖြစ်ပါတယ်။

သိုရင်းအင်းကျီဟာ ချုပ်လုပ်ပုံ ၂မျိုး ၂စားရှိပြီး။ချုပ်လုပ်ပုံ တူပေမဲ့ အရွယ်အစား မတူပါ။သိုရင်းအင်းကျီဟာ ရင်ကွဲလက်ရှည် ဝတ်ရသောအမျိုးအစားဖြစ်ပြီး။ အရှေ့ဖက်ကို ချက်အထိသာ အရှည်ချပြီးဘေးနှစ်က တင်းပါးဖုံးသည်အထိချပြီး နို့အထိ ခွဲ၍ ဝတ်ဆင်ရသောရင်ကွဲလက်ရှည် အမျိုးအစားဖြစ်ပြီး။

(အမျိုးသမ္မီး ထိုင်မသိမ်းကဲ့သို့) (အနို့ ကြေးစည်)မပါရှိပါ။
နောက်တမျိုးကတော့ ဒူးအထိအရှည်ချထားသောအမျိုးအစား ဖြစ်ပါတယ်။

{တောင်ရှည်ပုဆိုး}

တောင်ရှည်ပုဆိုးကို ရှေးခေတ်က အချိတ်အဆင်ဖြင့် လည်ကောင်းရွှေချည်ထိုး ဘော်ကြယ်များဖြင့် တန်ဆာဆင်၍ ဝတ်ဆင်ကြသလိုသာမာန် အကွက်အဆင်း ပြောင်တောင်ရှည်ပုဆိုးများလဲရှိပါတယ်။

ရှေးက ထို့ချည်ထည်၏ အရည်အသွေးကို စစ်ဆေးရာတွင်
လက်စွပ်ကွင်းထဲ ပုဆိုးလုံး ထိုးထည့်ပြီး။ တဖတ်မှ့ အစကို
ဆွဲထုတ်လျှင် လျောလျောရှုရှု ထွက်လာသည်ဟု သိရပါတယ်။

မြန်မာအမျိုးသားတို့ကို အတောင် (၂၀)ဝတ် မင်းယျောကျားဟူ၍လည်း ခေါ်ကြပေသည်။ အမှန်တကယ် အတောင်(၂၀)
ဆိုသည်မှာ မှန်ကန်ပြီး။ယနေ့ခေတ် အမရပူရရှိ တောင်ရှည်ပုဆိုးလုပ်ငန်းများတွင် (၆)တောင်မှ့ (၈)တောင် ဝန်းကျင်ဖြစ်သည်။

အတောင်(၂၀)ရှိသော အစအား အဘယ်သို့ (၈)တောင်ရအောင်ချုပ်သနည်း။ အဖြေသည် ။ အထပ်ထပ် ချုပ်ချင်းပင် ဖြစ်ပါတယ်။အတောင်(၂၀)ခန့်ရှိရမည်။

အရည်အသွေးကောင်းမွန်သော အထည်ကို ၂ထပ် ၃ထပ် ထပ်ကာ သေသပ်လှပစွာ ချုပ်လုပ်ထားခြင် ဖြစ်သည်။ ထို့အထပ်များကို ဖြည်၍ တိုင်းတာပါက အတောင်(အတောင်၂၀)ဝတ်ဟူသော မင်းယျောကျားအဓိပ္ပါယ်ကိုရသည်။

သိုရင်းအင်းကျီနှင့် တောင်ရှည်ပုဆိုးသည်ဗမာ နိုင်ငံတွင် ရှေးအစဥ်အဆက် ဘိုဘွားတွေလက်ထပ် ကတည်းကဝတ်ဆင်ကြ။မြန်မာ၊ ဗမာ လူမျိုမျိုးတွေသာ ခေတ်အဆက်ဆက် ဝတ်ဆင်ခဲ့ပြီး။ ဗမာနိုင်ငံရှိ တခြာလူမျိုးများ ဝတ်ဆင်ကြခြင်းမရှိပေ။

သိုရင်းအင်းကျီနှင့် တောင်ရှည်ပုဆိုးသည်။မြန်မာ၊ဗမာ လူမျိုးတို့နှင့်သာ သက်ဆိုင်သောအမျိုးသားဝတ်စုံ ဖြစ်ပါသည်။

Crd