ရန်ကုန်၊ စက်တင်ဘာ ၂၈
စျေးနှုန်းများမှာလည်း ငွေလဲကောင်တာ တစ်ခုနှင့်တစ်ခု မတူတော့ဘဲ အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၂၃၅၀ မှ ၂၅၅၀ အကြား စျေးဖွင့်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို Chase Money Changer က ယနေ့ နံနက် ၁၁ နာရီတွင် အမေရိကန်တစ်ဒေါ်လာ ရောင်းစျေး ၂၅၅၀ ကျပ်ဖြင့် စျေးနှုန်းဖွင့်လှစ်ထားကြောင်း သိရှိရသည်။
“အခု ကျပ်ငွေက တအားကို ထိုးကျနေတာဗျ။ အခု စျေးကွက်ထဲမှာ ၂၃၅၀ အရောင်းဖွင့်ကြတယ်။ တချိုတွေလည်း ၂၅၅၀ အထိ စျေးဖွင့်ကြတယ်။ အဓိက ဒေါ်လာဝယ်တဲ့သူက များတယ်။ ဘယ်ငွေလဲကောင်တာဖြစ်ဖြစ် ဒေါ်လာ ဝယ်မရဘူး။ စျေးကွက်က ပရမ်းပတာကို ဖြစ်နေတာ။ ဗဟိုဘဏ်က ထုတ်ရောင်းတယ်ဆိုတာကလည်း ကြေညာချက်ပဲ ထွက်နေတာ။ တကယ့်စျေးကွက်ထဲ ရောက်မလာတဲ့သဘောဖြစ်နေတယ်” ဟု မဂိုလမ်း(ရွှေဘုံသာလမ်း)မှ ငွေလဲဒိုင်တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကမူ စက်တင်ဘာလ (၂၈) ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် အကယ်ဒမီမီးလင်းရွှေအဖွင့်ဈေး ၂၀၅၀၀၀၀ ကျပ်(နှစ်ဆယ်သိန်း ငါးသောင်း)ဖြင့် စျေးဖွင့်ထားပြီး စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂၁ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်လုပ်နေကြောင်း သိရှိရသည်။