fbpx

တောထဲတောင်ထဲနေထိုင်ရင်း တစ်ခါတစ်လေမှာလည်း အိမ်ကိုလွမ်းတယ်ဆိုတဲ့ မူးလာ

Myanmar Idol Season (4) အဆိုတော်တစ်ယောက်ဖြစ်တဲ့ မူးလာကတော့ လက်ရှိမှာ စစ်အာဏာရှင်လူတစ်စုကိုတော်လှန်ဖို့ လွတ်မြောက်နယ်မြေဆီရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဝါသနာပါရာဂီတလမ်းကြောင်းနဲ့ မိသားစုကို ခဏတာစွန့်ခွာခဲ့တဲ့ မူးလာဟာ တောထဲတောင်ထဲကြမ်းကြမ်းတမ်းတမ်းနေထိုင်ရင်း တစ်ခါတစ်လေမှာလည်း အိမ်ကိုလွမ်းကြောင်း ပြောလာတာကို တွေ့ရပါတယ်။

“ထင်ကြမှာပေါ့ သက်သောင့်သက်သာ သာယာနေလိမ့်မှာပဲလို့။ သီချင်းဆိုရခြင်းကို ပျော်ရွှင်တဲ့ လူအဖို့ သီချင်းဆိုဖို့ ကိုယ်ကိုယ်တိုင်နေရာဖန်တီး ဝါးခုတ် တွင်းတူး တိုင်စိုက် မြက်ပေါက် ဘယ်တွေးဘူးမလဲဗျာ။ နိုင်ရာဝန်ထက်ပိုတဲ့ အားအင်များနဲ့ တော်လှန်ရေးကြီးအတွက် ကြိုစားလျက်ပါ။ တခါတလေတော့လည်း အိမ်ကိုအရမ်းလွမ်းတယ်ဗျာ” ဆိုပြီး ပြောလာပါတယ်။

မူးလာလို သီချင်းဆိုတာပျော်တဲ့လူတွေရော၊ အခြားသောနယ်ပယ်အသီးသီးက ပြည်သူလူထုတွေကတော့ အရာရာကိုစွန့်လွှတ်ပြီး ပေးဆပ်နေကြတာ တကယ့်ကိုလေးစားစရာပါပဲနော်။

Zawgyi

တောထဲတောင်ထဲကြမ်းကြမ်းတမ်းတမ်းနေထိုင်ရင်း တစ်ခါတစ်လေမှာလည်း အိမ်ကိုလွမ်းတယ်ဆိုတဲ့ မူးလာ

Myanmar Idol Season (4) အဆိုတော်တစ်ယောက်ဖြစ်တဲ့ မူးလာကတော့ လက်ရှိမှာ စစ်အာဏာရှင်လူတစ်စုကိုတော်လှန်ဖို့ လွတ်မြောက်နယ်မြေဆီရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဝါသနာပါရာဂီတလမ်းကြောင်းနဲ့ မိသားစုကို ခဏတာစွန့်ခွာခဲ့တဲ့ မူးလာဟာ တောထဲတောင်ထဲကြမ်းကြမ်းတမ်းတမ်းနေထိုင်ရင်း တစ်ခါတစ်လေမှာလည်း အိမ်ကိုလွမ်းကြောင်း ပြောလာတာကို တွေ့ရပါတယ်။

“ထင်ကြမှာပေါ့ သက်သောင့်သက်သာ သာယာနေလိမ့်မှာပဲလို့။ သီချင်းဆိုရခြင်းကို ပျော်ရွှင်တဲ့ လူအဖို့ သီချင်းဆိုဖို့ ကိုယ်ကိုယ်တိုင်နေရာဖန်တီး ဝါးခုတ် တွင်းတူး တိုင်စိုက် မြက်ပေါက် ဘယ်တွေးဘူးမလဲဗျာ။ နိုင်ရာဝန်ထက်ပိုတဲ့ အားအင်များနဲ့ တော်လှန်ရေးကြီးအတွက် ကြိုစားလျက်ပါ။ တခါတလေတော့လည်း အိမ်ကိုအရမ်းလွမ်းတယ်ဗျာ” ဆိုပြီး ပြောလာပါတယ်။

မူးလာလို သီချင်းဆိုတာပျော်တဲ့လူတွေရော၊ အခြားသောနယ်ပယ်အသီးသီးက ပြည်သူလူထုတွေကတော့ အရာရာကိုစွန့်လွှတ်ပြီး ပေးဆပ်နေကြတာ တကယ့်ကိုလေးစားစရာပါပဲနော်။

Source: Saw Chris MooLer’s fb