fbpx

ကျောက်မြောင်း သီတာလမ်းတွင် ဧည့်စာရင်းစစ်ပြီး ပြည်သူ ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသားတွေရော အမျိုးသမီးတွေပါ ပါဝင်ပြီး သီတာလမ်းမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တချို့က ဧည့်စာရင်းမရှိတဲ့ ဆိုင်ဝန်ထမ်းတွေလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


‘သပိတ်စုံသူပုန်ထ’ ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတခုကို ဇွန်လ ၁၄ ရက် မနက်ပိုင်းက ကျောက်မြောင်း သီတာလမ်းထိပ်နဲ့ ဗညားဒလမ်းမပေါ်မှာ ပြုလုပ်ခဲ့ပြီးနောက် ညပိုင်းမှာ ခုလို ဧည့်စာရင်းစစ်ပြီး ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူတွေကို လိုက်လံဖမ်းဆီးတာ ဖြစ်ပါတယ်။


#Zawgyi


