fbpx

ကျိုက်ထီးရိုးတောင်မှာ စစ်ကောင်စီတပ် အင်အား (၁၀၀)ကျော် တပ်စွဲထား ၊ ညဘက် သေနတ်ပစ်ဖောက်မှုတွေ ရှိနေ

ကျိုက်ထို၊ စက်တင်ဘာ ၂၅

ကျိုက်ထိုမြိုနယ်၊ ကင်မွန်းစခန်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်ပေါ်နှင့်တောင်ဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲဝင် အင်အားရာကျော် တပ်စွဲမှုပြုလုပ်ထားပြီး သေနတ်ပစ်ဖောက်မှုတွေရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေရပါတယ်။

ယခင်က ကျိုက်ထီးရိုးတောင်ပေါ်ဘုရားဝန်ကျင်မှာ စစ်ကောင်စီတပ်ဖွဲဝင် အင်အား ဆယ်ဂဏန်းခန့်သာ တပ်စွဲထားပေမယ့် ယခုရက်ပိုင်းအတွင်း ရသေ့တောင်၊ ဆီမီး ၉၀၀၀ ဓမ္မာရုံနှင့်တောင်ပေါ်နေရာတွေမှာ အင်အားရာချီ တပ်လာစွဲထားတာ ဖြစ်ပါတယ်။




၎င်းတိုတပ်စွဲနေထိုင်တဲ့ နေရာဝန်းကျင်တွေမှာ ဘန်ကာများကို သဲအိတ်များ၊ အုတ်များဖြင့် အခိုင်အမာ ပြုလုပ်စောင့်ကြပ်နေကြတယ်လို ဆိုပါတယ်။

ဒါ့အပြင် ညဘက်တွေမှာ သေနတ်ပစ်ဖောက်မှုတွေ ပြုလုပ်နေတာကြောင့် ကျိုက်ထီးရိုးတောင်ပေါ်ဝန်းကျင်နေ ဒေသခံတွေမှာ စိုးရိမ်ကြောက်လန့်မှုတွေရှိနေတယ်လို သိရပါတယ်။

“အရင်က အင်အားက အဲလောက်မရှိဘူး။ ခုရက်ပိုင်းပိုများလာတယ်။ ဘာကြောင့်ဆိုတာတော့မသိရဘူး။ သေနတ်သံတွေကတော့ နေ့တိုင်းနီးပါးကြားနေရတယ်။ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိဘူး။ သေနတ်သံတွေကြားနေရတော့ နေရတာ ကြောက်တာပေါ့။ ခုဆို နည်းနည်းမှောင်တာနဲ့ ဘယ်မှ မသွားရဲတော့ဘူး။ ကျည်ဆံတွေ ဗုံးဆံတွေက ဘယ်အချိန်ကိုယ့်နားရောက်လာမလဲ စိုးရိမ်နေရတယ်”လို ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကိုပြောပါတယ်။




တောင်ပေါ်နေ ဒေသခံတွေကို ကိုဗစ်ကာကွယ်ဆေးထိုးခိုင်းမှုတွေ ပြုလုပ်နေပြီး ကာကွယ်ဆေးမထိုးသူတွေကို စျေးရောင်းချခွင့်ပိတ်ပင်ခြင်း၊ ဆိုင်ခန်းဌားခွင့်များကို ပိတ်ခြင်းတွေပြုလုပ်ဖို ပြောဆိုမှုတွေရှိနေပါတယ်။

လမည့် တောင်ဖွင့်ရာသီမှာလည်း တောင်ပေါ်တွင် စျေးရောင်းချခြင်း၊ ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ဖို လုပ်ငန်းရှင်တွေမှဘက်မှ နိုင်ငံရေးအခြေနေတွေကြောင့် ကြိုတင်ပြင်ဆင်ထားမှုတွေ လုပ်ကိုင်ခြင်းမရှိသေးဘူးလို သိရပါတယ်။၏

သတင်း – သံလွင်တိုင်းမ်