fbpx

လူထံမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် ၁၇ သန်းကျော် သုတ်သင်ခံခဲ့ ရတဲ့ မင့်ခ် သတ္တဝါ

မင့်ခ်(Mink) သတ္တဝါ (ဖျံမျိုးနွယ်ဝင် အမွေးရှည် မြွေပါသတ္တဝါ)ဟာ ဒိန်းမတ်နိုင်ငံမှာ သားမွေးယူ ဖို့ စီးပွားဖြစ် မွေးမြူကြတာပါ။ကံဆိုးစွာ ဖြင့် အာ့ဒီ မင့်ခ် သတ္တဝါတွေဟာ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အလုပ်သမားတွေကတဆင့် ကူးစက်ခံခဲ့ရပါတယ်။

ထိုကဲ့သို့ လူမှ မင့်ခ် သတ္တဝါတွေကို ကူးစက်မူဖြစ်ပွားပြီးနောက် မျိုးရိုးဗီဇ အသစ်ပြောင်းပြောင်းလဲခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်ဟာ မင့်ခ် သတ္တဝါများထံမှ အလုပ်သမားထံ ပြန်လည် ကူးစက်ရာမှ ကိုရိုနာ ဗိုင်းရပ်စ် မျိုးကွဲ ကူးစက် ခံထားရသူ လူအယောက်၂၀၀ ကျော်ကို ဒိန်းမတ် နိုင်ငံတွင် တွေ့ရှိခဲ့ရပါတယ်။ဒိန်းမတ် အာဏပိုင်တွေကတော့ ဗိုင်းရပ်စ်အမျိုးအစားအားလုံးဟာ အခုလို မျိုးဗီဇပြောင်းတတ်တဲ့ သဘာဝရှိပြီး အခုလို ပြောင်းလဲမှုကြောင့် လူတွေမှာ ပိုပြီး အန္တရာယ်ဖြစ်စေတယ်ဆိုတဲ့ သက်သေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

အစိူးရ အနေဖြင့် အဓိက ဖြစ်ပွားရာ မြောက်ဂျပ်တလန်ဒေသမှာ မင့်ခ် သတ္တဝါ ၁၇ သန်းအထိ သုတ်သင်ပစ်ခဲ့ပြီးဖြစ်ပွားရာ ဒေသတဝိုက် အသွားအလာ ပိတ်ပင်မှု လော့ဒေါင်း လုပ်မယ်လို့ ဒိန်းမတ် အာဏာပိုင်တွေက ပြောပါတယ်။
ယူကေနိုင်ငံကတော့ ဒိန်းမတ်ကတဆင့်ဝင်လာမယ့် သူတို့နိုင်ငံသား မဟုတ်သူတွေကို နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ပိတ်လိုက်ပါတယ်။

နေ့စဉ် သတင်းနှင့်ဗဟုသုတများကိုဖတ်ရှုချင်ရင်တော့ အောက်ကလင့်လေးကိုနှိပ်ပီးလာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

https://www.facebook.com/dailyinfomm

Leave a Reply

Your email address will not be published.