fbpx

သူ့ရဲ့လက်ရှိအခြေအနေကို ရေးဖွဲ့သီကုံးထားတဲ့ ကိုမင်းမော်ကွန်းရဲ့ “ဆောင်းတွင်း” ကဗျာလေး

မင်းမော်ကွန်းဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု စတင်ဖြစ်ပေါ်ကတည်းက ပြည်သူတွေ နဲ့ အတူ တစ်သားတည်း၊ တစ်စိတ်တည်း ရပ်တည်ကာ CDM မှာလဲ ပါဝင်ခဲ့ပြီး လူထု ဆန္ဒထုတ်ဖော်ပွဲတွေမှာလဲ ပြည်သူတွေ နဲ့အတူ တစ်ရက်မှမပြတ် တိုက်ပွဲဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။မင်းမော်ကွန်း အပါအဝင် အနုပညာရှင် အချို့ CDM အရေးတက်ကြွ လှုပ်ရှားမှု ကြောင့် ပုဒ်မ ၅၀၅(က) နှင့် အမှုဖွင့်ခံခဲ့ရပါတယ်။

အခုလို အမှုဖွင့် ခံထားရပြီး နောက်ပိုင်းမှာတော့ တိမ်းရှောင် နေခဲ့ရပြီး သူရဲ့ ခံစားချက်လေးတွေကိုကဗျာ လေးတွေ၊ နိုင်ငံ့အရေးနဲ့ ပတ်သက်တဲ့ က‌ဗျာလေးတွေ သီချင်းလေးတွေရေးစပ်ပြီး ဖော်ပြလေ့ ရှိခဲ့ပါတယ်။ဒီတစ်ခါမှာလည်း မင်းမော်ကွန်းက သူ့ကြုံတွေ့နေရတဲ့ အခက်အခဲအခြေအနေကို “ဆောင်းတွင်း” ဆိုတဲ့ ကဗျာလေး နဲ့ ခံစားချက်အပြည့် ရေးဖွဲ့သီကုံးထားတာ ဖြစ်ပါတယ်။

တော်လှန်ရေး မီးဟာ လောင်မြိုက်လာခဲ့တာ နွေဦးတော်လှန်ရေးကနေ သုံးရာသီပြောင်းခဲ့ပြီး အခုဆိုရင် ၁ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အခက်အခဲတွေ ဘယ်လောက်ရှိရှိ လက်မလျော့ဘဲ အမှန်တရားဘင်က ရပ်တည်ပေးနေတဲ့ ကိုမင်းမော်ကွန်းရဲ့ စိတ်ဓာတ်ကို ပရိသတ်တွေက လေးစားအားကျနေတာပဲ ဖြစ်ပါတယ်။

Crd to mdatenews