နိုင်ငံကျော် ပြည်သူချစ် အကယ်ဒမီမင်းသား မင်းမော်ကွန်းကတော့ အရင်ကတည်းက သူ့ရဲ့အနုပညာအရည်အချင်းကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သလို လက်ရှိနွေဦးတော်လှန်ရေးမှာလည်း ပြည်သူနဲ့အတူ ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားရပ်တည်ခဲ့သူဖြစ်ပါတယ်။
မင်းမော်ကွန်းသာမကပဲ သူ့ရဲ့တစ်မိသားစုလုံးကလည်း လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး မင်းမော်ကွန်းနဲ့ အတူတူ တစ်သွေးတည်းတစ်သားတည်းရပ်တည်နေတာပဲဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့ သားအငယ်ဆုံးလေး ဧကဘုန်းမြတ်ကလည်း အရွယ်နဲ့မလိုက်အောင် ချစ်စရာကောင်းပြီး ဖေဖေနဲ့အတူတူ တစ်သွေးတစ်သားတည်းရှိသူဖြစ်ပါတယ်။
ဒီကနေ့မှာလည်း မင်းမော်ကွန်းရဲ့ သားအငယ်ဆုံးလေး ဧကဘုန်းမြတ်က တောထဲတစ်နေရာမှာ အရေးတော်ပုံအောင်ရမည်ဆိုပြီး လက်သုံးချောင်းထောင်ကြွေးကြော်နေတာကို အခုလိုပဲ တွေ့ရပါတယ်။မင်းမော်ကွန်းရဲ့သားလေး ဧကဘုန်းမြတ်ကတော့
လူကြီးတွေသင်စရာမလိုပဲ တစ်ယောက်တည်းဗီဒီယိုရိုက်ကာ အရေးတော်ပုံအောင်ဖို့ ကြွေးကြော်နေတာ အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ဧကဘုန်းမြတ်လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကျေနပ်နေကြမယ်လို့ မျှော်လင့်ပါတယ်။
CRD:MM Cele Timesmdatenews