fbpx

တိုင်းရင်းသားတွေဆီရောက်မှ ကြွေပန်းကန်နဲ့ ထမင်းစား၊ရေသန့်ဘူးဖောက်သောက်တဲ့ သူတွေကို ထိထိမိမိပြောလာတဲ့ မင်းမော်ကွန်း

သရုပ်ဆောင်၊ အဆိုတော် မင်းမော်ကွန်းကတော့ အကယ်ဒမီဆုရှင် ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေသူတစ်ယောက်ဖြစ်ပါတယ်။ ပြည်သူ့အချစ်တော်မင်းသားပီပီ အခုလို တစ်နိုင်ငံလုံးအခက်အခဲထဲရောက်နေချိန်မှာလည်း ပြည်သူနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ မင်းမော်ကွန်းဟာ သူ့ရဲ့မိသားစုကိုပါခေါ်ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

ဒီဇင်ဘာလ (၁၇) ရက်နေ့မှာတော့ မင်းမော်ကွန်းက D day Channel ရဲ့ အပတ်စဉ်တင်ဆက်နေကြ လူထုရဲ့အောင်လံကမ္ဘာမကြေသံ အစီအစဉ်အတွက် “ လေးကေကော်ရဲ့ တွန်းလှန်စစ် “ ခေါင်းစဉ်နဲ့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ထိုအစီအစဉ်မှာ မင်းမော်ကွန်းက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး နဲ့ နယ်ခြားစောင့်တပ် -BGF ၂ ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံ ထားတဲ့အကြောင်းနဲ့ပက်သတ်ပြီး သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။မင်းမော်ကွန်းကတော့ စစ်အာဏာရှင်လက်ပါးစေတွေကို ငှက်ပျောဖက်နဲ့ထမင်းစား ကြုံရာရေခပ်သောက်နေရပြီးမှ တိုင်းရင်းသားအဖွဲ့အစည်းတွေရောက်မှ ကြွေပန်းကန်နဲ့ထမင်းစား၊ ရေသန့်ဘူးအဆင်သင့်ဖွင့်သောက်တယ်ဆိုပြီး ထိထိမိမိပြောလာတာပဲဖြစ်ပါတယ်။

Zawgyi Version

သ႐ုပ္ေဆာင္၊ အဆိုေတာ္ မင္းေမာ္ကြန္းကေတာ့ အကယ္ဒမီဆုရွင္ ထိပ္တန္းမင္းသားတစ္ေယာက္ျဖစ္ၿပီး တစ္နိုင္ငံလုံးက ပရိသတ္ေတြရဲ့ အားေပးမႈကို ရရွိေနသူတစ္ေယာက္ျဖစ္ပါတယ္။ ျပည္သူ႔အခ်စ္ေတာ္မင္းသားပီပီ အခုလို တစ္နိုင္ငံလုံးအခက္အခဲထဲေရာက္ေနခ်ိန္မွာလည္း ျပည္သူနဲ႔တစ္သားတည္းရပ္တည္ခဲ့တဲ့ မင္းေမာ္ကြန္းဟာ သူ႔ရဲ့မိသားစုကိုပါေခၚၿပီး လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီပဲျဖစ္ပါတယ္။ဒီဇင္ဘာလ (၁၇) ရက္ေန႔မွာေတာ့ မင္းေမာ္ကြန္းက D day Channel ရဲ့ အပတ္စဥ္တင္ဆက္ေနၾက လူထုရဲ့ေအာင္လံကမၻာမေၾကသံ အစီအစဥ္အတြက္ “ ေလးေကေကာ္ရဲ့ တြန္းလွန္စစ္ “ ေခါင္းစဥ္နဲ႔ ပါဝင္ေဆြးေႏြးခဲ့ပါတယ္။

ထိုအစီအစဥ္မွာ မင္းေမာ္ကြန္းက ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံးက စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၆ ဦး နဲ႔ နယ္ျခားေစာင့္တပ္ -BGF ၂ ဦးအား ေႏြးေထြးစြာ ႀကိဳဆိုလက္ခံ ထားတဲ့အေၾကာင္းနဲ႔ပက္သတ္ၿပီး သူ႔ရဲ့အျမင္ကို ပြင့္ပြင့္လင္းလင္းေျပာဆိုခဲ့တာကို အခုလိုပဲေတြ႕ရပါတယ္။မင္းေမာ္ကြန္းကေတာ့ စစ္အာဏာရွင္လက္ပါးေစေတြကို ငွက္ေပ်ာဖက္နဲ႔ထမင္းစား ၾကဳံရာေရခပ္ေသာက္ေနရၿပီးမွ တိုင္းရင္းသားအဖြဲ႕အစည္းေတြေရာက္မွ ေႂကြပန္းကန္နဲ႔ထမင္းစား၊ ေရသန႔္ဘူးအဆင္သင့္ဖြင့္ေသာက္တယ္ဆိုၿပီး ထိထိမိမိေျပာလာတာပဲျဖစ္ပါတယ္။