fbpx

ကြည့်မြင်တိုင်တွင် အကြမ်းဖက် လူသတ် စစ်ကောင်စီတပ်များ ပစ်ခတ်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး လက်ပြတ်

ရန်ကုန်၊ မေ ၂၇

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ငါးစျေးအနီးတွင် အကြမ်းဖက်စစ်ကောင် စီတပ်သားတချို့ ကို အမည်မသိ လက်နက်ကိုင်ထားသူတချို့က ပစ်ခတ်သွားပြီး စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး လက်ပြတ်သွားကြောင်း သိရှိရသည်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိရာတွင် ၁ ဦးသေဆုံးပြီး ၁ ဦး လက်ပြတ်သွားကြောင်း၊ ကျန် ၂ ဦးမှာမူ ရှပ်ထိ ဒဏ်ရာများရရှိသွားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်သည် ယနေ့ ညနေ ၆ နာရီ ၂၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်းကျင် ပြည်သူတချို့ ကမူ မသိရှိလိုက်ကြဟု သိရှသည်။ “ပစ်ခတ်မှုကတော့ ဖြစ်သွားတယ်။ ၁ ဦးလဲသွားတယ်။ နောက်တစ်ဦးက လက်ကို ကိုင်ပြီး​ အော်တယ်။ ကျန်တဲ့ စစ်သား ၂ ယောက်က ရှပ်ထိသွားရုံဆိုတော့ လှဲချပြီး ပြန်ပစ်တယ်။ သူတို့စောင့်နေတဲ့ နေရာကို သွားပစ်တာလို့ သိရတယ်” ဟု မျက်မြင်တွေ့ကြုံသူတစ်ဦးက ပြောသည်။

သတင်း – ခေတ်သစ်မီဒီယာ