fbpx
မန္တလေး နန်းမြိုရိုးရှေ့တွင် မိုက်ကယ်ကျော်မြင့်က တပ်ထောက်ခံပွဲလုပ်မည်
MFP ၊ အောက်တိုဘာ -၂၁
မန္တလေးမြို၏ အထင်ကရ နန်းမြိုရိုးရှေ့ ကျုံးဘေးတွင် အာဏာသိမ်း စစ်တပ်ကို ထောက်ခံပွဲလုပ်ရန် မိုက်ကယ်ကျော်မြင့်က စစ်ကောင်စီထံ ခွင့်ပြုချက် တောင်းခံထားကြောင်း သတင်းရရှိသည်။
ဘာသာရေး၊ လူမျိုးရေး ဆူပူလှုဆော်မှုဖြင့် ထောင်ချခံခဲ့ရဖူးပြီး လက်ရှိတွင် အခြေခံလူတန်းစား ဘဝမြင့်မားရေးပါတီ (YDP)၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ မိုက်ကယ်ကျော်မြင့်က မန္တလေးမြို နန်းမြိုရိုးရှေ့တွင် တပ်ထောက်ခံပွဲ ကျင်းပမည်ဟု အောက်တိုဘာ (၂၀)ရက်က ဖေ့စ်ဘွတ်တွင် Live လွှင့်ကာ ပြောကြားထားသည်။
“ဟုတ်ပါတယ်။ တပ်ထောက်ခံပွဲလုပ်ဖို ခွင့်ပြုမိန့် တောင်းထားပါတယ်”ဟု မိုက်ကယ်ကျော်မြင့်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သိုသော် မည်သည့်နေ့ရက်တွင် ပြုလုပ်မည်ဆိုသည်ကိုမူ MFP အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ မိုက်ကယ်ကျော်မြင့်နှင့် နီးစပ်သူအချိုထံ MFP က ဆက်သွယ်မေးမြန်းသော်လည်း ခွင့်ပြုမိန့် တောင်းထားဆဲဖြစ်ပြီး သေချာပါက ၄င်းတို၏ လူမှုကွန်ယက်တွင် ဖော်ပြမည်ဟု ဆိုသည်။
(Zawgyi Version)