fbpx

အလုပ်မရှိ၊ဝင်ငွေမရှိပေမယ့် NUG အစိုးရရဲ့ ဒေါ်လာ 1000 တန် ငွေတိုက်စာချုပ်ဝယ်မယ်ဆိုတဲ့ မေဦး

မေဦးကတော့ နုနုနယ်နယ် မိတ်ကပ်လိမ်းခြယ်သူတစ်ယောက်ဖြစ်ပေမယ့် သူယုံကြည်ရာလမ်းတစ်ခုကိုရွေးချယ်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ မေဦးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေကိုလည်း တက်တက်ကြွကြွလုပ်ကိုင်နေပြီး နွေဦးတော်လှန်ရေးအတွက် လိုအပ်သမျှ အလှူငွေတွေကို ထောက်ပံ့ပေးနေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း မေဦးက ဒေါ်လာ 1000 တန် ငွေတိုက်စာချုပ်ဝယ်မယ်ဆိုတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“မေဦးအိမ်နဲ့ဝေးပြီးအလုပ်မလုပ်ရတာ ၁၀ လရှိပါပြီ။ ဆုံးရှုံးနစ်နာတာတွေလည်းအများကြီးပါ။ ကိုယ့်ရဲ့ရွေးချယ်မှုကြောင့် မေဦးကိုမှီခိုနေရသူတွေလည်း အဆင်မပြေဖြစ်ခဲ့ရပါပြီ။ ဒါပေမယ့် ကိုယ်ရဲ့ဆုံးရှုံးမှုထက် မကတဲ့ ဘဝတွေပေးလိုက်ရသူတွေ အသက်တွေပေးလိုက်ရသူတွေက သန်းနဲ့ချီရှိနေပါသေးတယ် ။ ဒါ့ကြောင့် အမှန်တရားလမ်းကိုအဆုံးထိဆက်လျှောက်ဖို့အတွက် အဆင်မပြေတဲ့ကြားထဲက NUG ရဲ့ USD ၁၀၀၀ တန်ငွေတိုက်စာချုပ်ကိုဝယ်ဖို့ဆုံးဖြတ်ထားပါတယ် ။ မေဦးတို့အပါအဝင် စစ်ဘေးဘဝနဲ့ဒုက္ခရောက်နေတဲ့တိုင်းရင်းသားတွေ အိမ်ပြန်နိုင်ဖို့အတွက် အဖိနှိပ်ခံ အနိုင်ကျင့်ခံနေရတဲ့ပြည်သူတွေ အားလုံးလွတ်လပ်ဖို့အတွက် မိမိတက်နိုင်သလောက် ငွေတိုက်စာချုပ်များဝယ်ပေးကြဖို့ အနူးညွတ်တိုက်တွန်းအပ်ပါတယ်” ဆိုပြီး ပြောလာပါတယ်။

မေဦးကတော့ (၁၀)လကျော်ကြာ အလုပ်မရှိပဲဝင်ငွေမရှိပေမယ့် NUG အစိုးရရဲ့ ဒေါ်လာ 1000 တန် ငွေတိုက်စာချုပ်ဝယ်မယ်ဆိုပြီး သံဓိဌာန်ချထားသလို တတ်နိုင်တဲ့ပြည်သူတွေကိုလည်း ငွေတိုက်စာချုပ်ဝယ်ကြဖို့ တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။

Zawgyi

(၁၀)လကျော်ကြာ အလုပ်မရှိ၊ဝင်ငွေမရှိပေမယ့် NUG အစိုးရရဲ့ ဒေါ်လာ 1000 တန် ငွေတိုက်စာချုပ်ဝယ်မယ်ဆိုတဲ့ မေဦး

Source: May Oo’s fb