fbpx

အမျိုးသမီးများအား မဖွယ်မရာပြသခဲ့တဲ့ စစ်သားကို ရဲကသေနတ်နဲ့ ပစ်ခတ် စစ်သား​သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့အထွက် ရှမ်းမြောင်းတံတားအနီးမှာ မေလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ပေါက်ကွဲမှုအချို့ ဖြစ်ပွားခဲ့ပြီး ယခင်နေ့က ရေချိုးနေသည့်အမျိုးသမီးများကို မဖွယ်မရာပြသခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဉီးကို ရဲက သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ပစ်ခတ်ခံရတဲ့ စစ်သား ​သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့အထွက် ရှမ်းမြောင်းတံတားပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရမ်းသမ်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။
“မနေ့က ကနီအထွက် တံတားအနီးမှာ နေ့လည်ပိုင်းလောက်ကပေါက်ကွဲမှုတွေဖြစ်တယ်။အဲဒီနောက် စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်။အဲဒီဖြစ်စဉ်နဲ့ ပက်သက်ပြီး ထိခိုက်သေဆုံးတာတော့မကြားမိဘူး။အရင်နေ့ကတော့ ရှမ်းမြောင်းမှာ ရေချိုးနေတဲ့အမျိုးသမီးတွေကို စစ်သားတစ်ယောက်က မဖွယ်မရာ လုပ်ပြတာ။အဲဒါကို ရဲက မလုပ်ဖို့တားမြစ်ရာကနေ စကားများကြတာ။ရဲက မဖွယ်မရာလုပ်ပြတဲ့စစ်သားကို သေနတ်နဲ့ ပစ်တာ။စစ်သားက ဆေးရုံရောက်ပြီး သေသွားတယ်တဲ့”လို့ ကနီမြို့ခံတစ်ဉီးက ပြောပါတယ်။
ကနီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့အကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားလေ့ရှိခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီဘက်က စစ်အင်းအား တိုးချဲ့မှုတွေရှိနေပါတယ်။
ဒါ့အပြင် ကနီမြို့နယ်မှာရှိတဲ့ ကျေးရွာအချို့ကို အကြမ်းဖက်စစ်ကောင်စီက တပ်စွဲထားတဲ့အတွက် သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ကနီမြို့နယ်မှာရှိတဲ့ ကျေးရွာသားအချို့ကို အကြောင်းမဲ့ ဖမ်းဆီး၊ရိုက်နှက်၊သတ်ဖြတ်မှုစတဲ့ စစ်ရာဇဝတ်တွေကျူးလွန်လုပ်နေဆောင်နေပါသေးတယ်။
#Zawgyi

စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕အထြက္ ရွမ္းေျမာင္းတံတားအနီးမွာ ေမလ ၂၈ ရက္ေန႔ ေန႔လည္ပိုင္းက ေပါက္ကြဲမႈအခ်ိဳ႕ ျဖစ္ပြားခဲ့ၿပီး ယခင္ေန႔က ေရခ်ိဳးေနသည့္အမ်ိဳးသမီးမ်ားကို မဖြယ္မရာျပသခဲ့တဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္တစ္ဉီးကို ရဲက ေသနတ္နဲ႔ပစ္ခတ္ခဲ့ၿပီး ပစ္ခတ္ခံရတဲ့ စစ္သား ​ေသဆုံးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

 

ကနီၿမိဳ႕အထြက္ ရွမ္းေျမာင္းတံတားေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ရမ္းသမ္းၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေတြရွိခဲ့တယ္လို႔လည္း ေျပာပါတယ္။
“မေန႔က ကနီအထြက္ တံတားအနီးမွာ ေန႔လည္ပိုင္းေလာက္ကေပါက္ကြဲမႈေတြျဖစ္တယ္။အဲဒီေနာက္ စစ္တပ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြရွိခဲ့တယ္။အဲဒီျဖစ္စဥ္နဲ႔ ပက္သက္ၿပီး ထိခိုက္ေသဆုံးတာေတာ့မၾကားမိဘူး။အရင္ေန႔ကေတာ့ ရွမ္းေျမာင္းမွာ ေရခ်ိဳးေနတဲ့အမ်ိဳးသမီးေတြကို စစ္သားတစ္ေယာက္က မဖြယ္မရာ လုပ္ျပတာ။အဲဒါကို ရဲက မလုပ္ဖို႔တားျမစ္ရာကေန စကားမ်ားၾကတာ။ရဲက မဖြယ္မရာလုပ္ျပတဲ့စစ္သားကို ေသနတ္နဲ႔ ပစ္တာ။စစ္သားက ေဆး႐ုံေရာက္ၿပီး ေသသြားတယ္တဲ့”လို႔ ကနီၿမိဳ႕ခံတစ္ဉီးက ေျပာပါတယ္။

ကနီၿမိဳ႕နယ္မွာ ျပည္သူ႔ကာကြယ္ေရးတပ္နဲ႔ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕တို႔အၾကား မၾကာခဏဆိုသလို တိုက္ပြဲျဖစ္ပြားေလ့ရွိခဲ့ၾကၿပီး အၾကမ္းဖက္စစ္ေကာင္စီဘက္က စစ္အင္းအား တိုးခ်ဲ႕မႈေတြရွိေနပါတယ္။
ဒါ့အျပင္ ကနီၿမိဳ႕နယ္မွာရွိတဲ့ ေက်း႐ြာအခ်ိဳ႕ကို အၾကမ္းဖက္စစ္ေကာင္စီက တပ္စြဲထားတဲ့အတြက္ ေသာင္းနဲ႔ခ်ီတဲ့ေဒသခံေတြဟာ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနရဆဲျဖစ္ပါတယ္။
အၾကမ္းဖက္စစ္ေကာင္စီက ကနီၿမိဳ႕နယ္မွာရွိတဲ့ ေက်း႐ြာသားအခ်ိဳ႕ကို အေၾကာင္းမဲ့ ဖမ္းဆီး၊႐ိုက္ႏွက္၊သတ္ျဖတ္မႈစတဲ့ စစ္ရာဇဝတ္ေတြက်ဴးလြန္လုပ္ေနေဆာင္ေနပါေသးတယ္။