fbpx

ဒီးမော့ဆိုးမြို့အား သာလွန် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနိုင်ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)သတိပေး

ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်ကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာဖွယ်ရှိ၍ ပြည်သူများအနေဖြင့် စစ်ရှောင်စခန်းများတွင် ခိုလှုကြရန် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ၂၀၂၁ ခုနှစ် မေလ (၂၅) ရက်နေ့တွင် သတိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏တပ်က မေလ (၂၅) ရက်နေ့တွင်လည်း ဒီးမော့ဆိုမြိုကို တာဝေးပစ် အမြောက်လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အပြင် တင့်ကားများ၊ ရဟတ်ယာဉ်များကိုပါ အသုံးပြု တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

တူမီး၊ လက်လုပ်သေနတ်များဖြင့် တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က လက်နက်ကြီး၊ တင့်ကားနှင့် လေကြောင်းပစ်ကူများကိုပါသုံး၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာနိုင်ဖွယ်ရှိ၍ ပြည်သူများအနေဖြင့် ရပ်ကွက်များတွင် မနေထိုင်တော့ဘဲ စစ်ရှောင်စခန်းများသို အမြန်ဆုံးသွားရောက် ရှောင်တိမ်းကြရန် နှိးဆော်ထားသည်ကို တွေ့ရသည်။

#ZawGyi

ကယား (ကရင္နီ)ျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳနယ္ကို အာဏာသိမ္းစစ္ေကာင္စီ၏တပ္က အင္အားအလုံးအရင္းျဖင့္ ထိုးစစ္ဆင္လာဖြယ္ရွိ၍ ျပည္သူမ်ားအေနျဖင့္ စစ္ေရွာင္စခန္းမ်ားတြင္ ခိုလႈၾကရန္ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္(PDF)က ၂၀၂၁ ခုႏွစ္ ေမလ (၂၅) ရက္ေန႔တြင္ သတိေပးထားသည္။

အာဏာသိမ္းစစ္ေကာင္စီ၏တပ္က ေမလ (၂၅) ရက္ေန႔တြင္လည္း ဒီးေမာ့ဆိုၿမိဳကို တာေဝးပစ္ အေျမာက္လက္နက္ႀကီးမ်ားျဖင့္ အဆက္မျပတ္ ပစ္ခတ္ေနသည့္အျပင္ တင့္ကားမ်ား၊ ရဟတ္ယာဥ္မ်ားကိုပါ အသုံးျပဳ တိုက္ခိုက္ေနခဲ့ျခင္းျဖစ္သည္။

တူမီး၊ လက္လုပ္ေသနတ္မ်ားျဖင့္ တိုက္ခိုက္ေနသည့္ ျပည္သူ႔ကာကြယ္ေရးတပ္ကို အာဏာသိမ္းစစ္ေကာင္စီ၏တပ္က လက္နက္ႀကီး၊ တင့္ကားႏွင့္ ေလေၾကာင္းပစ္ကူမ်ားကိုပါသုံး၍ အင္အားအလုံးအရင္းျဖင့္ တိုက္ခိုက္လာႏိုင္ဖြယ္ရွိ၍ ျပည္သူမ်ားအေနျဖင့္ ရပ္ကြက္မ်ားတြင္ မေနထိုင္ေတာ့ဘဲ စစ္ေရွာင္စခန္းမ်ားသို အျမန္ဆုံးသြားေရာက္ ေရွာင္တိမ္းၾကရန္ ႏွိးေဆာ္ထားသည္ကို ေတြ႕ရသည္။