fbpx

CDM ဝန်ထမ်းများအားတအိမ်ကို တယောက်နှုန်းနဲ့ အိမ်ပြင်ထွက်ခိုင်းပြီ သေနတ်ဖြင့် ချိန်ကာအလုပ်ပြန်ဝင်ရန် ခြိမ်းခြောက်

လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ စစ်သားနဲ့ ရဲအင်အား ၄၀ ခန့်က ဆေးရုံရှိ CDM ဝန်ထမ်းများအား သေနတ်ဖြင့် ချိန်ပြီး ခြိမ်းခြောက်မှု ပြုလုပ်ခဲ့တဲ့ အဆိုပါ ဖြစ်စဉ်ဟာ မေလ ၂၃ ရက်၊ ည ၉  နာရီခန့်မှာ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ အနောက်ရပ်ကွက်ရှိ ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာနဲ့၊ လမ်းမတော်မြို့နယ်ထဲပါဝင်တဲ့ ဗဟိုအမျိုးသမီးဆေးရုံ ဝန်ထမ်းအိမ်ရာ(တိုးချဲ့ဘွိုင်လာ)ဝင်းထဲမှာ ဖြစ်ပွားသွားခဲ့တာပါ။

“ဝန်ထမ်းအိမ်ရာမှာ တအိမ်ကို တယောက်နှုန်းနဲ့ အိမ်ပြင်ထွက်ခိုင်းပြီး သေနတ်နဲ့ချိန်ထားတယ်။သူတို့က သေနတ်နဲ့ ချိန်ထားတဲ့အပြင် မျက်နှာတွေကိုလည်း ဓါတ်ပုံရိုက်တယ်။ နောက်နေ့ကြရင် ဒီဝန်ထမ်းတွေ အလုပ်ပြန်ဆင်းတာ မြင်ချင်တယ်တဲ့။ မနက်ကြရင် အလုပ်ပြန်ဆင်းမလား၊ ဒါမှမဟုတ် အခု တခါတည်း အချုပ်ကားပေါ်လိုက်မလားဆိုပြီးပြောတာ။ မနက် အလုပ်ပြန်ဆင်းပါမယ်ဆိုမှ ခံဝန်ထိုးခိုင်းပြီး အိမ်ပြန်ခိုင်းတာ”လို့ အမည်မဖော်လိုတဲ့ CDM ဝန်ထမ်းက ပြောပါတယ်။

သေနတ်နဲ့ချိန်ပြီး ဝန်ထမ်းများကို ခြိမ်းခြောက်မှုကြောင့် ဝန်ထမ်းအများစုက ဒီကနေ့ (မေလ ၂၄) ရက်နေ့ နံနက် ၈ နာရီမှာ လုပ်ငန်းခွင် ပြန်ဝင်မယ်ဆိုတဲ့အကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးပေးခဲ့လိုက်ပေမယ့် အဲဒီ ညတွင်းချင်းမှာပဲ ပြောင်းရွှေ့ထွက်ပြေးသွားကြတဲ့ ဝန်ထမ်းတွေ ရှိသလို၊ ဒီကနေ့ နံနက် မိုးမလင်းခင်ကတည်းက ရှောင်တိမ်းသွားခဲ့တဲ့ ဝန်ထမ်းတွေလည်း ရှိခဲ့ပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံဟာ အခြေခံဝန်ထမ်း ၃၀၀ ကျော်ရှိပြီး၊ အဲဒီဝန်ထမ်းတွေရဲ့  ၉၀ ရာခိုင်နှုန်းခန့်ဟာ အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

#Zawgyi

လက္နက္အျပည့္အစုံကိုင္ေဆာင္ထားတဲ့ စစ္သားနဲ႔ ရဲအင္အား ၄၀ ခန႔္က ေဆး႐ုံရွိ CDM ဝန္ထမ္းမ်ား ေသနတ္ျဖင့္ ခ်ိန္ၿပီး ၿခိမ္းေျခာက္မႈ ျပဳလုပ္ခဲ့တဲ့ အဆိုပါ ျဖစ္စဥ္ဟာ ေမလ ၂၃ ရက္၊ ည ၉  နာရီခန႔္မွာ ဒဂုံၿမိဳ႕နယ္၊ ျပည္လမ္း၊ အေနာက္ရပ္ကြက္ရွိ ဗဟိုအမ်ိဳးသမီးေဆး႐ုံ ဝန္ထမ္းအိမ္ရာနဲ႔၊ လမ္းမေတာ္ၿမိဳ႕နယ္ထဲပါဝင္တဲ့ ဗဟိုအမ်ိဳးသမီးေဆး႐ုံ ဝန္ထမ္းအိမ္ရာ(တိုးခ်ဲ႕ဘြိဳင္လာ)ဝင္းထဲမွာ ျဖစ္ပြားသြားခဲ့တာပါ။

“သူတို႔က ေသနတ္နဲ႔ ခ်ိန္ထားတဲ့အျပင္ မ်က္ႏွာေတြကိုလည္း ဓါတ္ပုံ႐ိုက္တယ္။ ေနာက္ေန႔ၾကရင္ ဒီဝန္ထမ္းေတြ အလုပ္ျပန္ဆင္းတာ ျမင္ခ်င္တယ္တဲ့။ မနက္ၾကရင္ အလုပ္ျပန္ဆင္းမလား၊ ဒါမွမဟုတ္ အခု တခါတည္း အခ်ဳပ္ကားေပၚလိုက္မလားဆိုၿပီးေျပာတာ။ မနက္ အလုပ္ျပန္ဆင္းပါမယ္ဆိုမွ ခံဝန္ထိုးခိုင္းၿပီး အိမ္ျပန္ခိုင္းတာ”လို႔ အမည္မေဖာ္လိုတဲ့ CDM ဝန္ထမ္းက ေျပာပါတယ္။

ေသနတ္နဲ႔ခ်ိန္ၿပီး ဝန္ထမ္းမ်ားကို ၿခိမ္းေျခာက္မႈေၾကာင့္ ဝန္ထမ္းအမ်ားစုက ဒီကေန႔ (ေမလ ၂၄) ရက္ေန႔ နံနက္ ၈ နာရီမွာ လုပ္ငန္းခြင္ ျပန္ဝင္မယ္ဆိုတဲ့အေၾကာင္း ခံဝန္ကတိ လက္မွတ္ေရးထိုးေပးခဲ့လိုက္ေပမယ့္ အဲဒီ ညတြင္းခ်င္းမွာပဲ ေျပာင္းေ႐ႊ႕ထြက္ေျပးသြားၾကတဲ့ ဝန္ထမ္းေတြ ရွိသလို၊ ဒီကေန႔ နံနက္ မိုးမလင္းခင္ကတည္းက ေရွာင္တိမ္းသြားခဲ့တဲ့ ဝန္ထမ္းေတြလည္း ရွိခဲ့ပါတယ္။

ဗဟိုအမ်ိဳးသမီးေဆး႐ုံဟာ အေျခခံဝန္ထမ္း ၃၀၀ ေက်ာ္ရွိၿပီး၊ အဲဒီဝန္ထမ္းေတြရဲ႕  ၉၀ ရာခိုင္ႏႈန္းခန႔္ဟာ အာဏာဖီဆန္ေရး (CDM) လႈပ္ရွားမႈကို ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။