fbpx

ထိုးသတ်ခ ဒေါ်လာ သန်း ၁၀၀ လောက်ရမှ သံဇကာထဲမှာ မြင်ရမဲ့ ချန်ပီယံ ခါဘစ်

ပွဲတိုင်းနိုင်တဲ့ ချန်ပီယံ တစ်ဦးဖြစ်တဲ့ ရုရှား တိုက်ခိုက်ရေးသမား ခါဘစ်ဘ်နာမာဂိုမေဒေါ့ ဟာ တစ်ပွဲ ထိုးသတ်ခ ဒေါ်လာ သန်း ၁၀၀ လောက်နဲ့ ကမ်းလှမ်းမှပဲ MMA ကိုယ်ခံပညာပေါင်းစုံ အားကစား လောကထဲ ပြန်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ ခါဘစ်ဘ်ဟာ သူ့ဘဝရဲ့ အရေးပါဆုံးသူဖြစ်သလို သူ့အဖေ တစ်ဖြစ်လည်း သူ့နည်းပြ ကွယ်လွန်သွားတဲ့ နောက်မှာ သတ်ကွင်းတွေထဲကိုဝင်ဖို့ ငြင်းဆိုခဲ့တာပါ။

သူ့အနေနဲ့ အားကစားသမားဘဝ အဆုံးသတ်လိုက်ပြီလို့ ယူဆရင် အဲဒီအတိုင်းပဲ ဆက်ရှိနေချင်ကြောင်း၊ ခြွင်းချက်အဖြစ် တကယ်လို့သာ ဝှိုက်က တစ်ပွဲ ထိုးသတ်ခ ဒေါ်လာ သန်း ၁၀၀ လောက်နဲ့ ကမ်းလှမ်းလာရင်တော့ သူ့ဆုံးဖြတ်ချက်ကို ထိန်းထားဖို့ အခက်အခဲတွေ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

UFCရဲ့ ဥက္ကဋ္ဌ ဒါနာဝှိုက်က ခါဘစ်ဘ်ရဲ့ ဆုံးဖြတ်ချက် ပြန်ပြင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ သွေးဆောင်နေသလို ပရိတ်သတ်တွေကလည်း သူတို့ရဲ့ ဖိုက်တာကို ကို သံဇကာတွေကြားထဲမှာ မြင်ချင်နေကြပါပီ။

ခါဘစ်ဘ်ဟာ MMA ပြိုင်ပွဲတွေမှာ တစ်ပွဲ ထိုးသတ်ခ ဒေါ်လာ ၆ သန်းလောက်သာ ရရှိခဲ့သူပါ။ သူ့ရဲ့ပြိုင်ဘက် မက်ဂရီဂေါ်ကတော့ လက်ဝှေ့ ကြိုးဝိုင်းဖက် ကူးသွားပြီး ဖလွိုက်ဒ် မေဝယ်သာနဲ့ ယှဉ်ပြိုင် ထိုးသတ်တဲ့ ပွဲအတွက် ဒေါ်လာ သန်း ၁၀၀ လောက် ရရှိခဲ့ဖူးပါတယ်။

နေ့စဉ် သတင်းနှင့်ဗဟုသုတများကိုဖတ်ရှုချင်ရင်တော့ အောက်ကလင့်လေးကိုနှိပ်ပီးလာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

https://www.facebook.com/dailyinfomm