fbpx

လက်ပံတန်းမြိုက ကျောင်းသားများကို ရန်ကုန်မြိုက ရွှေဆိုင်ဖောက်ခွဲရေးသမားများဟု စစ်ကောင်စီရဲ့ မီဒီယာက စွပ်စွဲ

လက်ပံတန်း၊ သြဂုတ်၁၊ ၂၀၂၁။

မနေ့ညက စစ်ကောင်စီရဲ့ မီဒီယာ မြဝတီသတင်းမှာ လက်ပံတန်းမြိုက ကျောင်းသားတွေကို ရန်ကုန်မြိုက ရွှေဆိုင်ဖောက်ခွဲလုယက်မှုနဲ့ ဖောက်ခွဲရေးပြုလုပ်တဲ့ PDF အဖွဲဝင်တွေဆိုပြီး လိမ်လည်အမှုဆင် ထုတ်ပြန်သွားခဲ့တယ်လို ကျောင်းသားသမဂ္ဂ ဥက္ကဌ တစ်ဦးဆီကသိရပါတယ်။ စွတ်စွဲပြောဆိုခံရတဲ့ ကျောင်းသားတွေဟာ ရန်ကုန်မြိုက မဟုတ်ပဲ လက်ပံတန်းမြိုက ကျောင်းသားတွေဖြစ်ပြီး ပြီးခဲ့တဲ့ လဝက်လောက်က ဥက္ကံဲမြိုမှာ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်တယ်လို ပြောပါတယ်။




“မြဝတီသတင်းမှာကြေညာသွားတာကအကုန်အလိမ်တွေချည်းပဲပေါ့ ကိုထက်ဝေယံတို ကိုယဥ်ကျေးတို ကိုထူးခန့်တိုက ရွှေဆိုင်ဖောက်ခွဲမှုမှာပါဖိုမပြောနဲ့ သူတိုတွေကရန်ကုန်မှာတောင်ရှိကြတာမဟုတ်ဘူး တခြားမြိုနယ်တွေမှာဖမ်းဆီးခံလိုက်ရတဲ့သမဂ္ဂကျောင်းသားတွေဖြစ်တယ် အခုကဒီလူသတ်ကောင်တွေကအပြစ်မရှိတဲ့ကျောင်းသားတွေ လူငယ်တွေပြည်သူတွေကို မတရားဖမ်းဆီးပြီး မတရားအမှုဆင်ထားပြီး သတင်းအမှားတွေထုတ်ပြန်နေတာပဲဖြစ်တယ် သမဂ္ဂကျောင်းသားတွေကိုမတရားလိုက်လံဖမ်းဆီးပြီး မတရားဥပဒေတွေ လုပ်ရပ်တွေနဲ့အမှုဆင်ထားတာတွေပဲဖြစ်တယ်။ နှိပ်စက်ခံထားရပြီး ကျန်းမာရေးအခြေအနေလဲသေချာမသိရတော့စိတ်ပူရတယ်။ ကိုယဥ်ကျေးနဲ့ချစ်ရင်ထူးတိုကို ၂၁ရက်နေ့ညပိုင်းမှာဖမ်းဆီးသွားပြီးကျန်သူတွေကို ၂၂ရက်နေ့နေ့လည်ပိုင်းမှာ ဥက္ကံမှာဖမ်းဆီးခံရတယ်ဆိုတာသိရပါတယ်” လို သမဂ္ဂဥက္ကဌ တစ်ဦးက ပြောပါတယ်။




“တိမ်းရှောင်နေကြရတဲ့ရဲဘော်တွေ တော်လှန်နေဆဲရဲဘော်တွေအများကြီးပါ ကျွန်တော်တိုတွေဒီတော်လှန်ရေးကြီးမပြီးမချင်း ဒီရဲဘော်တွေအကုန် ေပးဆပ်နေရတဲ့ပေးဆပ်ခဲ့ရတဲ့သွေးချွေးတွေအတွက် ကျွန်တော်တိုသွေးအေးလိုမဖြစ်ပါဘူး ဆက်ပြီးတော်လှန်နေရပါမယ် ဒီလူသတ်ဖက်ဆစ်စစ်တပ်ကိုဖြုတ်မချနိုင်မချင်း ကျွန်တော်တိုမနိုင်သေးပါဘူးဆိုတာကိုဒီကနေသတိပေးချင်ပါတယ်” လို ပြောပါတယ်။