fbpx

တောထဲမှာနေထိုင်ရင်း စားခဲ့ရတဲ့ အစားအသောက်တွေအကြောင်း ပြောပြလာခဲ့တဲ့ သတင်းတင်ဆက်သူ ကိုကျော်သက်လင်း

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန နဲ့ အချို့သော အစီအစဉ်ကြီးတွေ မှာ ကြည်လင်ပြတ်သားတဲ့ အသံနှင့် အစီအစဉ်များ တင်ဆက်လေ့ရှိတဲ့ သတင်းအစီအစဉ် တင်ဆက်သူ ကို ပြောပါဆိုရင်တော့ ကိုကျော်သက်လင်းကိုပဲ ပြောရမှာဖြစ်ပါတယ်။ သူဟာ သတင်းတင်ဆက်ရာမှာ အရမ်းကို လေးစားစရာကောင်းလောက်အောင်

တိကျပြီးအမှားမရှိတဲ့အပြင် ကြည်လင်ပြတ်သားတဲ့အသံကြောင့် သတင်းနားထောင်သူပရိတ်သတ်များက လေးစားအားကျခဲ့ရတဲ့အပြင် တကယ်ကိုထူးချွန်တဲ့သတင်းတင်ဆက်သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေခဲ့တဲ့ စစ်ကောင်စီရဲ့ အာဏာထိန်းချုပ်မှုဟာ (၉)လကျော်ရှိခဲ့ပြီဖြစ်ပြီး ကိုကျော်သက်လင်းဟာ လက်ရှိမှာ စစ်ကောင်စီရဲ့ အာဏာထိန်းချုပ်မှုကို ဆန့်ကျင်ကာ ပြည်သူနှင့်တစ်သားတည်းရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။

သူဟာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနရဲ့ ပထမဦးဆုံး CDM ပြုလုပ်ခဲ့သူလည်းဖြစ်တဲ့အတွက် ပြည်သူတွေအားလုံးက သူ့ကို ပိုမိုလေးစားခဲ့ရပါတယ်။ဒါ့အပြင် သူဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေသို့ရောက်ရှိနေခဲ့ပြီးတိုင်းပြည်အရေးအတွက် ကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ယမန်နေ့က သူဟာ သူလက်ရှိနေထိုင်နေရတဲ့ နေရာမှာ စားသောက်နေရတဲ့ထမင်းဝိုင်းလေးအကြောင်းကို ပရိတ်သတ်ထံ ချစ်စဖွယ် ပြောပြလာပါတယ်။

သူဟာ လက်ရှိတောထဲမှာ စားသောက်နေပုံကိုလည်း “ ပိန္နဲသီးနဲ့ကန်စွန်းရွက်လုပ်ထားတဲ့သနပ်…အရွက်ဟင်းချို​ကြက်ဥကြော်နဲ့မြိန်မှမြိန်…မြို့ပေါ်ကလူတွေကိုသနားမိ။” လို့ရေးသားခဲ့တာကြောင့် ပရိတ်သတ်တွေအနေနဲ့ ဝမ်းနည်းဝမ်းသာဖြစ်နေခဲ့ရပါတယ်။ကိုကျော်သက်လင်းတစ်ယောက် အမြန်ဆုံးဘေးရန်ကင်းရှင်းစွာပြန်လာနိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်။

Zawgyi Version

ေတာထဲမွာ ႀကိဳးစားေနထိုင္ရင္း စားခဲ့ရတဲ့ အစားအေသာက္ေတြအေၾကာင္း ေျပာျပလာခဲ့တဲ့ သတင္းတင္ဆက္သူ ကိုေက်ာ္သက္လင္း

ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကားဌာန နဲ႔ အခ်ိဳ႕ေသာ အစီအစဥ္ႀကီးေတြ မွာ ၾကည္လင္ျပတ္သားတဲ့ အသံႏွင့္ အစီအစဥ္မ်ား တင္ဆက္ေလ့ရွိတဲ့ သတင္းအစီအစဥ္ တင္ဆက္သူ ကို ေျပာပါဆိုရင္ေတာ့ ကိုေက်ာ္သက္လင္းကိုပဲ ေျပာရမွာျဖစ္ပါတယ္။ သူဟာ သတင္းတင္ဆက္ရာမွာ အရမ္းကို ေလးစားစရာေကာင္းေလာက္ေအာင္

တိက်ၿပီးအမွားမရွိတဲ့အျပင္ ၾကည္လင္ျပတ္သားတဲ့အသံေၾကာင့္ သတင္းနားေထာင္သူပရိတ္သတ္မ်ားက ေလးစားအားက်ခဲ့ရတဲ့အျပင္ တကယ္ကိုထူးခြၽန္တဲ့သတင္းတင္ဆက္သူတစ္ဦးျဖစ္ပါတယ္။ လက္ရွိျဖစ္ေပၚေနခဲ့တဲ့ စစ္ေကာင္စီရဲ႕ အာဏာထိန္းခ်ဳပ္မႈဟာ (၉)လေက်ာ္ရွိခဲ့ၿပီျဖစ္ၿပီး ကိုေက်ာ္သက္လင္းဟာ လက္ရွိမွာ စစ္ေကာင္စီရဲ႕ အာဏာထိန္းခ်ဳပ္မႈကို ဆန႔္က်င္ကာ ျပည္သူႏွင့္တစ္သားတည္းရပ္တည္ေနသူတစ္ဦးျဖစ္ပါတယ္။

သူဟာ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကားဌာနရဲ႕ ပထမဦးဆုံး CDM ျပဳလုပ္ခဲ့သူလည္းျဖစ္တဲ့အတြက္ ျပည္သူေတြအားလုံးက သူ႔ကို ပိုမိုေလးစားခဲ့ရပါတယ္။ဒါ့အျပင္ သူဟာ လက္ရွိမွာ လြတ္ေျမာက္နယ္ေျမသို႔ေရာက္ရွိေနခဲ့ၿပီးတိုင္းျပည္အေရးအတြက္ ႀကိဳးစားေနသူတစ္ဦးလည္းျဖစ္ပါတယ္။ယမန္ေန႔က သူဟာ သူလက္ရွိေနထိုင္ေနရတဲ့ ေနရာမွာ စားေသာက္ေနရတဲ့ထမင္းဝိုင္းေလးအေၾကာင္းကို ပရိတ္သတ္ထံ ခ်စ္စဖြယ္ ေျပာျပလာပါတယ္။

သူဟာ လက္ရွိေတာထဲမွာ စားေသာက္ေနပုံကိုလည္း “ ပိႏၷဲသီးနဲ႔ကန္စြန္း႐ြက္လုပ္ထားတဲ့သနပ္…အ႐ြက္ဟင္းခ်ိဳ​ၾကက္ဥေၾကာ္နဲ႔ၿမိန္မွၿမိန္…ၿမိဳ႕ေပၚကလူေတြကိုသနားမိ။” လို႔ေရးသားခဲ့တာေၾကာင့္ ပရိတ္သတ္ေတြအေနနဲ႔ ဝမ္းနည္းဝမ္းသာျဖစ္ေနခဲ့ရပါတယ္။ကိုေက်ာ္သက္လင္းတစ္ေယာက္ အျမန္ဆုံးေဘးရန္ကင္းရွင္းစြာျပန္လာႏိုင္ပါေစလို႔လည္းဆုေတာင္းေပးလိုက္ရပါတယ္။
Credit – Myanmar Load