fbpx

တရုတ်ကနေ တောင်ကိုရီးယားကို တင်ပို့တဲ့ ကင်မ်ချီထဲမှာ ပလိပ်ရောဂါကို ဖြစ်စေတဲ့ ဘတ်တီးရီးယား တွေ့ရှိ

တရုတ်ကနေ တင်ပို့တဲ့ ကင်မ်ချီထဲမှာ ပလိပ်ရောဂါကို ဖြစ်စေတဲ့ ဘတ်တီးရီးယား အမျိုးအစားတစ်မျိုးကို တောင်ကိုရီးယား အစားအစာ စည်းကမ်းထိန်းသိမ်းရေးတာ၀န်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အစားအစာ နမူနာ ၂၈၉ ခုအနက် တရုတ်ကနေ တောင်ကိုရီးယားနိုင်ငံထဲ တင်သွင်းတဲ့ ကင်မ်ချီ ထုတ်ကုန် ၁၅ ခုမှာ yersiniosis (ကူးစက်ရောဂါ) အဖြစ် သိကြတဲ့ အစာအဆိပ်သင့်မှု ရှားပါးပုံစံတစ်မျိုးကို ဖြစ်စေတဲ့ Yersinia enterocolitica ကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယား အစားအသောက်နဲ့ ဆေး၀ါးလုံခြုံမှု ၀န်ကြီးဌာနက တာ၀န်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး South China Morning Post (SCMP) က ဖော်ပြပါတယ်။

Korea ကင်ဂျီ

 

Yersiniosis ကြောင့် အမေရိကန်မှာ နှစ်စဥ် လူ ၃၅ ဦး သေဆုံးနေတယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) က ပြောပါတယ်။ ပလိပ်ရောဂါကို ဖြစ်စေတဲ့ Yersinia pestis ပိုးဟာ တူညီတဲ့ ဘတ်တီးရီးယားမျိုးစုမှ ဖြစ်ပါတယ်။

Yersiniosis ရဲ့ လက္ခဏာတွေဟာ အသက်အရွယ်အလိုက် ကွဲပြားနိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေမှာ ဖျားခြင်းအပြင် အူအတက်ရောင်ခြင်းနဲ့ ရောထွေးနိုင်တဲ့ ၀မ်းဗိုက် နာကျင်ခြင်းနဲ့ သွေး၀မ်းသွားခြင်း စတဲ့ လက္ခဏာတွေ ပါ၀င်လေ့ ရှိပါတယ်။

ရှေ့ကာလမှာ တရုတ်ကုမ္ပဏီတွေ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေ နိုင်ငံထဲ တင်သွင်းချိန်မှာ အထူးစစ်ဆေးကြပ်မတ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကိုရီးယား ၀န်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် သွင်းကုန်တင်သွင်းသူတွေကိုလည်း ယခုထုတ်ကုန်တွေကို တရုတ်ဆီ ပြန်ပို့ဖို့ ဒါမှမဟုတ် စွန့်ပစ်ဖို့ ညွှန်ကြားထားတယ်လို့လည်း ယင်းက ပြောပါတယ်။

တရုတ်ရဲ့ ဆားနယ်ထားတဲ့ ဂေါ်ဖီရွက် ထုတ်ကုန် လေးခုအနက် နှစ်ခုမှာ ဆိုရင် ကိုရီးယားမှာ ခွင့်ပြုမပေးထားတဲ့ တာရှည်ခံဆေးတစ်မျိုးဖြစ်တဲ့ dehydroacetate ကို သုံးထားတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ကင်မ်ချီရဲ့ မူလအစနဲ့ပတ်သက်လို့ ကိုရီးယားနဲ့ တရုတ် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေဟာ ယမန်နှစ်ကုန်ပိုင်းနောက်ပိုင်းကစလို့ “ကင်မ်ချီ တိုက်ပွဲများ” ဆိုတဲ့ ငြင်းခုံမှုတွေမှာ ပါ၀င်ပတ်သက်ထားခဲ့ကြတယ်လို့ SCMP က ဖော်ပြပါတယ်။

ကင်မ်ချီဟာ ကိုရီးယားရဲ့ အမှတ်သင်္ကေတ အစားအစာတစ်ခုအဖြစ် ထင်မြင်ရသော်လည်းပဲ တောင်ကိုရီးယားဟာ ယင်းရဲ့ လိုအပ်ချက်ရဲ့ ၃၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းဖို့အတွက် ပြည်ပကနေ တင်သွင်းတဲ့ ကင်မ်ချီအပေါ် မှီခိုအားထားနေရပါတယ်။ တောင်ကိုရီးယားဟာ ယခုနှစ် ပထမသုံးလအတွင်း တရုတ်ကနေ ကင်မ်ချီ ၆၈,၀၀၀ တန်ခန့် တင်သွင်းထားတယ်လို့လည်း သိရပါတယ်။

တရုတ်မှာ ရှိတဲ့ ဂေါ်ဖီထုတ် စီမံပြုပြင်ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ကိုရီးယားမှာ ပြန့်နှံ့ခဲ့ပြီး အစားအသောက် ဘေးကင်းစိတ်ချရမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေခဲ့ပြီးနောက် တောင်ကိုရီးယား တာ၀န်ရှိသူတွေဟာ မတ်လ ၁၂ ရက်နဲ့ မေလ ၇ ရက်အကြားမှာ ပြည်တွင်းကို တင်သွင်းတဲ့ ကင်မ်ချီနဲ့ ဆက်စပ် ပါ၀င်ပစ္စည်းတွေကို ရှောင်တခင် စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ SCMP က ဖော်ပြပါတယ်။

ဗီဒီယိုတစ်ခုထဲမှာတော့ အပေါ်ပိုင်း အ၀တ်မပါတဲ့ အမျိုးသားတစ်ဦးဟာ ဂေါ်ဖီထုပ်တွေနဲ့ ပြည့်နေတဲ့ ရွှံ့နှစ်ရောင် အရည်ကန်တစ်ခုထဲမှာ ၀င်နေတာကို မြင်တွေ့ခဲ့ရပြီး ၎င်းက အဆိုပါ ဂေါ်ဖီထုပ်တွေကို မြေတူးစက်လိုမျိုး စက်တစ်ခုပေါ် ပြောင်းရွှေ့တင်နေတာကို တွေ့ခဲ့ရပါတယ်။ အခြားဗီဒီယိုဖိုင်တစ်ခုထဲမှာလည်း လုပ်ငန်းခွင်သုံးဘွတ်ဖိနပ် စီးထားတဲ့ အမျိုးသားတွေဟာ ကန်ရဲ့ အရှေ့ဘက် ဟင်းသီးဟင်းရွက်တွေအပေါ်မှာ မတ်တပ်ရပ်နေတာကို တွေ့ခဲ့ရပါတယ်။

ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဧပြီလတုန်းက တရုတ်ကနေ ကိုရီးယားကို ကင်မ်ချီ တင်သွင်းမှုဟာ တစ်လပြီးတစ်လ ၃၁ ရာခိုင်နှုန်း ကျဆင်းပြီး ၁၈,၀၀၀ တန် ရှိခဲ့တယ်လို့ သိရပါတယ်။

#Zawgyi

တ႐ုတ္ကေန တင္ပို႔တဲ့ ကင္မ္ခ်ီထဲမွာ ပလိပ္ေရာဂါကို ျဖစ္ေစတဲ့ ဘတ္တီးရီးယား အမ်ိဳးအစားတစ္မ်ိဳးကို ေတာင္ကိုရီးယား အစားအစာ စည္းကမ္းထိန္းသိမ္းေရးတာ၀န္ရွိသူေတြက စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

အစားအစာ နမူနာ ၂၈၉ ခုအနက္ တ႐ုတ္ကေန ေတာင္ကိုရီးယားႏိုင္ငံထဲ တင္သြင္းတဲ့ ကင္မ္ခ်ီ ထုတ္ကုန္ ၁၅ ခုမွာ yersiniosis (ကူးစက္ေရာဂါ) အျဖစ္ သိၾကတဲ့ အစာအဆိပ္သင့္မႈ ရွားပါးပုံစံတစ္မ်ိဳးကို ျဖစ္ေစတဲ့ Yersinia enterocolitica ကို ေတြ႕ရွိခဲ့တယ္လို႔ ေတာင္ကိုရီးယား အစားအေသာက္နဲ႔ ေဆး၀ါးလုံၿခဳံမႈ ၀န္ႀကီးဌာနက တာ၀န္ရွိသူေတြရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး South China Morning Post (SCMP) က ေဖာ္ျပပါတယ္။

Yersiniosis ေၾကာင့္ အေမရိကန္မွာ ႏွစ္စဥ္ လူ ၃၅ ဦး ေသဆုံးေနတယ္လို႔ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာ (CDC) က ေျပာပါတယ္။ ပလိပ္ေရာဂါကို ျဖစ္ေစတဲ့ Yersinia pestis ပိုးဟာ တူညီတဲ့ ဘတ္တီးရီးယားမ်ိဳးစုမွ ျဖစ္ပါတယ္။

Yersiniosis ရဲ႕ လကၡဏာေတြဟာ အသက္အ႐ြယ္အလိုက္ ကြဲျပားႏိုင္ေပမယ့္ အထူးသျဖင့္ ကေလးငယ္ေတြမွာ ဖ်ားျခင္းအျပင္ အူအတက္ေရာင္ျခင္းနဲ႔ ေရာေထြးႏိုင္တဲ့ ၀မ္းဗိုက္ နာက်င္ျခင္းနဲ႔ ေသြး၀မ္းသြားျခင္း စတဲ့ လကၡဏာေတြ ပါ၀င္ေလ့ ရွိပါတယ္။

ေရွ႕ကာလမွာ တ႐ုတ္ကုမၸဏီေတြ ထုတ္လုပ္တဲ့ ထုတ္ကုန္ေတြ ႏိုင္ငံထဲ တင္သြင္းခ်ိန္မွာ အထူးစစ္ေဆးၾကပ္မတ္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ကိုရီးယား ၀န္ႀကီးဌာနက ေျပာပါတယ္။ ဒါ့အျပင္ သြင္းကုန္တင္သြင္းသူေတြကိုလည္း ယခုထုတ္ကုန္ေတြကို တ႐ုတ္ဆီ ျပန္ပို႔ဖို႔ ဒါမွမဟုတ္ စြန႔္ပစ္ဖို႔ ၫႊန္ၾကားထားတယ္လို႔လည္း ယင္းက ေျပာပါတယ္။

တ႐ုတ္ရဲ႕ ဆားနယ္ထားတဲ့ ေဂၚဖီ႐ြက္ ထုတ္ကုန္ ေလးခုအနက္ ႏွစ္ခုမွာ ဆိုရင္ ကိုရီးယားမွာ ခြင့္ျပဳမေပးထားတဲ့ တာရွည္ခံေဆးတစ္မ်ိဳးျဖစ္တဲ့ dehydroacetate ကို သုံးထားတယ္ဆိုတာကို ေတြ႕ရွိခဲ့ရပါတယ္။

ကင္မ္ခ်ီရဲ႕ မူလအစနဲ႔ပတ္သက္လို႔ ကိုရီးယားနဲ႔ တ႐ုတ္ ဆိုရွယ္မီဒီယာ အသုံးျပဳသူေတြဟာ ယမန္ႏွစ္ကုန္ပိုင္းေနာက္ပိုင္းကစလို႔ “ကင္မ္ခ်ီ တိုက္ပြဲမ်ား” ဆိုတဲ့ ျငင္းခုံမႈေတြမွာ ပါ၀င္ပတ္သက္ထားခဲ့ၾကတယ္လို႔ SCMP က ေဖာ္ျပပါတယ္။

ကင္မ္ခ်ီဟာ ကိုရီးယားရဲ႕ အမွတ္သေကၤတ အစားအစာတစ္ခုအျဖစ္ ထင္ျမင္ရေသာ္လည္းပဲ ေတာင္ကိုရီးယားဟာ ယင္းရဲ႕ လိုအပ္ခ်က္ရဲ႕ ၃၅ ရာခိုင္ႏႈန္းကို ျဖည့္ဆည္းဖို႔အတြက္ ျပည္ပကေန တင္သြင္းတဲ့ ကင္မ္ခ်ီအေပၚ မွီခိုအားထားေနရပါတယ္။ ေတာင္ကိုရီးယားဟာ ယခုႏွစ္ ပထမသုံးလအတြင္း တ႐ုတ္ကေန ကင္မ္ခ်ီ ၆၈,၀၀၀ တန္ခန႔္ တင္သြင္းထားတယ္လို႔လည္း သိရပါတယ္။

တ႐ုတ္မွာ ရွိတဲ့ ေဂၚဖီထုတ္ စီမံျပဳျပင္ထုတ္လုပ္တဲ့ စက္႐ုံတစ္႐ုံကို ႐ိုက္ကူးထားတဲ့ ဗီဒီယိုေတြ ကိုရီးယားမွာ ျပန႔္ႏွံ႔ခဲ့ၿပီး အစားအေသာက္ ေဘးကင္းစိတ္ခ်ရမႈဆိုင္ရာ စိုးရိမ္ပူပန္မႈေတြကို ျဖစ္ေစခဲ့ၿပီးေနာက္ ေတာင္ကိုရီးယား တာ၀န္ရွိသူေတြဟာ မတ္လ ၁၂ ရက္နဲ႔ ေမလ ၇ ရက္အၾကားမွာ ျပည္တြင္းကို တင္သြင္းတဲ့ ကင္မ္ခ်ီနဲ႔ ဆက္စပ္ ပါ၀င္ပစၥည္းေတြကို ေရွာင္တခင္ စစ္ေဆးမႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ SCMP က ေဖာ္ျပပါတယ္။

ဗီဒီယိုတစ္ခုထဲမွာေတာ့ အေပၚပိုင္း အ၀တ္မပါတဲ့ အမ်ိဳးသားတစ္ဦးဟာ ေဂၚဖီထုပ္ေတြနဲ႔ ျပည့္ေနတဲ့ ႐ႊံ႕ႏွစ္ေရာင္ အရည္ကန္တစ္ခုထဲမွာ ၀င္ေနတာကို ျမင္ေတြ႕ခဲ့ရၿပီး ၎က အဆိုပါ ေဂၚဖီထုပ္ေတြကို ေျမတူးစက္လိုမ်ိဳး စက္တစ္ခုေပၚ ေျပာင္းေ႐ႊ႕တင္ေနတာကို ေတြ႕ခဲ့ရပါတယ္။ အျခားဗီဒီယိုဖိုင္တစ္ခုထဲမွာလည္း လုပ္ငန္းခြင္သုံးဘြတ္ဖိနပ္ စီးထားတဲ့ အမ်ိဳးသားေတြဟာ ကန္ရဲ႕ အေရွ႕ဘက္ ဟင္းသီးဟင္း႐ြက္ေတြအေပၚမွာ မတ္တပ္ရပ္ေနတာကို ေတြ႕ခဲ့ရပါတယ္။

ျပည္တြင္း မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ ဧၿပီလတုန္းက တ႐ုတ္ကေန ကိုရီးယားကို ကင္မ္ခ်ီ တင္သြင္းမႈဟာ တစ္လၿပီးတစ္လ ၃၁ ရာခိုင္ႏႈန္း က်ဆင္းၿပီး ၁၈,၀၀၀ တန္ ရွိခဲ့တယ္လို႔ သိရပါတယ္။