fbpx

NUG အားအရေးပေါ်အခြေအနေပြန်ရုပ်သိမ်းရန် ကေအန်ယူ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ တောင်းဆို

စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းဖို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက တောင်းဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဲ့ ကြေညာချက်ဟာ စစ်ကြေညာလိုက်တဲ့အသွင်ဆောင်နေတဲ့အတွက် လွန်စွာထိတ်လန့်စိုးရွံမိကြောင်း၊ သူ့ဒေသကို အခြေပြုပြီး စစ်ရေးဆောင်ရွက်မှု မပြုလုပ်ဖို၊ ကေအန်ယူအမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့အညီ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာဖို မေတ္တာရပ်ခံထားပါတယ်။

စစ်ကြောင့် နိုင်ငံသူနိုင်ငံသားတွေရဲ့ အစားအဝတ်အနေ ဆင်းရဲကြရပြီး ဒုက္ခမျိုးစုံ ကြုံခဲ့ပြီးဖြစ်တဲ့အတွက် ထပ်မံ မကြုံတွေ့စေလိုတော့ပါလို စာမှာ ဖော်ပြပါတယ်။ ဒါကြောင့် ဒီအမိန့်ကို မရုပ်သိမ်းနိုင်ခဲ့ပါက အမိမြေကို စစ်တလင်းအဖြစ်သို ပိုဆောင်ပေးနေတဲ့ သဘောဆောင်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။