fbpx

မတော်တဆကွာရန်တင်းစင်တာမှာ “Q”၀င် ရရင်ဘာတွေ သိထား/လုပ်ထားသင့်သလဲ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ပြီးနောက်ပိုင်း ပြည်ပက ပြန်လာသူတွေသာမက ပိုး ကူးစက်ခံရသူတွေနဲ့ ထိတွေ့ဆက်ဆံသူတွေကို ကွာရန်တင်းစင်တာတွေမှာ ၂၁ ရက်ထားရှိခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့၊ ဗိုင်းရပ်စ်ပိုး ကာကွယ်ထိန်းချုပ်ရေး စင်တာတွေက ထုတ်ပြန်ချက်တွေ၊ နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု အခြေအနေပေါ် မူတည်ပြီး ကိုဗစ်အတည်ပြုလူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကို ကွာရန်တင်း စင်တာတွေမှာ ၁၄ ရက်ထားရှိပြီး နေအိမ်မှာ အသွားအလာ ကန့်သတ်ထားရှိမှု (Home Stay) ၇ ရက် ထားသွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဘယ်လိုပဲ StayHomeပဲနေနေ ကျန်းမာရေးညွန်ကြားချက်များကိုအနည်းငယ်ပေါ့ဆလိုက်ရုံဖြင့်သော်လည်းကောင်း၊ရောဂါကူးစက်ခံရသူနဲ့ ကိုယ်တိုင်မသိလိုက် ထိတွေ့မူရှိတဲ့ အတွက်ကြောင့်သော်လည်းကောင်း စသဖြင့် အချိန်မ‌ရွေးနေရာမရွေး ကူးစက်ခံနိုင်ရပါသေးတယ်။

အာ့လို သံသယလူနာတွေနဲ့ကူးစက်ခံရသူတွေ ပထမဆုံးအနေနဲ့ ကြုံတွေ့မဲ့နေရာကတော့
ကွာရန်တင်းစင်တာမှာ ‌‌ေရာဂါ အခြေအနေ ၁၄ရက် စောင့်ကြည့်ခံရမှာဖြစ်ပါတယ်။
အခကြေးငွေပေးပြီး ဟိုတယ်မှာ သီးခြားခွဲနေသူတွေသာမက အစိုးရက စီစဉ်ပေးတဲ့ နေရာတွေမှာ နေထိုင်သူတွေအတွက် ကွာရန်တင်း စင်တာမှာ ဘာတွေ လိုအပ်မလဲဆိုတဲ့ အချက်အလက်တွေကို အစိုးရက တရားဝင် ထုတ်ပြန်ထားတာ လောလောဆယ်မှာ မရှိသေးပါဘူး။

ဒါကြောင့်လည်း ကြိုတင်ပြင်ဆင်ချိန် ရရဲ့သားနဲ့ မပြင်ဆင်လိုက်နိုင်ခဲ့သူတွေ၊ ချက်ချင်း သီးခြားခွဲနေဖို့ ဖြစ်လာသူတွေအနေနဲ့ ကွာရန်တင်း စင်တာတွေမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။
ဒီကနေ့ Shareပေးချင်တဲ့ အကြောင်းအရာလေးကတော့
အကယ်ရျ် မတော်တဆ ရုတ်တရက်
ကွာရန်တင်းစင်တာမှာ စောင့်ကြည့်ခံရတော့မယ်ဆိုရင်တော့ ကွာရန်တင်းစင်တာ နဲ့ ပက်သက်ပီး သိသင့်တဲ့ အကြောင်းအရာလေးတွေရှိပါတယ်။

တစ်ကိုယ်ရည် အသုံးအဆောင် ပစ္စည်းများ
———————-
အနည်းဆုံး ကွာရန်တင်း ၁၄ ရက်စောင့်ကြည့်ခံရမှာ ဖြစ်သဖြင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများဖြစ်တဲ့ဆပ်ပြာ၊မျက်နာသစ်ပါ၀ါ၊သွားပွတ်တံ၊ခေါင်းလျှော်ရည် စသဖြင့် တစ်ကိုယ်ရည်သုံးပစ္စည်းများအပြင် မိမိနေ့စဦ သောက်နေကြဆေးများ၊လက်သန့်ဆေးရည်တစ်ကိုယ်ရည်တစ်ကာယ ပစ္စည်းများယူသွားဖို့ အကြံပြုချင်ပါတယ်။

ကိုယ်ခံအားကောင်းဖို့ဓာတ်စာများ
—————-

ပုံမှန်အားဖြင့် ကွာရန်စင်တာများမှာ မနက်၊နေ့လည်၊ညနေ သုံးနပ်စာကျွေးသော်လည်း တစ်ခါတစ်ရံ့
သတ်မှတ်ထားသည့်အတိုင်း အချိန်အတိုင်း မဆောင်ရွက်နိုင်တာ မျိးတွေရှိပါတယ်။
ထို့ကြောင့် ကိုယ်ခံအားကောင်းစေသော အစားအသောက်များ အဆာပြေ မုန့်များကိုလည်း ယူဆောင်သွားသင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာလုံခြုံမူ
———–
‌ရောဂါကူးစက်မူ အတွက် ခန္ခာကိုယ်ကျန်းမာရေးက အရေးကြီးသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ
တည်ငြိမ်ခြင်း၊စိတ်လုံခြုံမူရှိခြင်းတို့ကလည်း အရေးကြီးပါတယ်။ နေ့စဦ ကိုယ်အသုံးပြုနေတဲ့
အရာများ ကိုယ့်ဘေးနားမှာ ရှိခြင်းကလည်း စိတ်လုံခြုံမူကိုပေးစွမ်းနိုင်ပါတယ်။
ဦပမာ – ကွာရန်တင်းစင်တာတွင် စောင်၊ခြင်ထောင်ထားရှိသော်လည်း လူ့သဘာသအရ ကိုခြုံနေကြ စောင်နဲ့ ခြုံရင် ပိုပီး စိတ်လုံခြုံရျိတာမျိုးပေါ့။

ကဲ!!! အခုဆို ရုတ်တရက် Q၀င်ရဖို့ အခြေအနေကြုံလာတဲ့ အခြေအနေမျိုးမှာ ဘယ်လိုတွေ ဖြတ်ကျော်ရမလဲ သိပီမို့ ကိုယ်တိုင်ကြုံတွေ့လာတဲ့ခါမျိုးမှာ အဆင်ပြေစွာဖြတ်ကေျာ်နိုင်ကြပါစေ