fbpx

စကစ ဘက်မှ အင်အား(၄၀၀)ဝန်းကျင် အလုံးအရင်းဖြင့် ဆင်းလာသဖြင့် ကရင်နီ(ကယား)ပြည်သူများ သတိထားနေထိုင်ရန် KNDP သတိပေး


ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်အတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၈)ရက်နေ့က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDP)နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်တိုအကြား အချိန်(၂)နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့၉ရက်နေ့တောင်ငူဖက်မှ ဆင်းလာသည့် စစ်ကောင်စီတပ် အင်အား (၃၀)နီးပါး ဆီးဘူးဒေသကိုဖြတ်၍ ဒီးမော့ဆိုသို ဦးတည်နေစဥ်

အာဏာသိမ်းစစ်တပ်မှ ဒီးမော့ဆိုမြိုနယ် ထွီလီးဘီလာကျေးရွာအနီးရှိ တောင်ပေါ်တွင် တပ်စွဲထားပြီး လူနေရပ်ကွက်များအတွင်း လက်နက်ကြီးများ၊ စနိုက်ပါများဖြင့်ပါ ပစ်ခတ်သည့်အပြင် အမြာက်တပ်မှ အမြောက်များဖြင့် လှမ်းပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြိုနယ်အတွင်း ရပ်ကွက်အချိုရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ကရင်ပြည်နယ် သံတောင်ကြီးမြိုနယ်ဖက်မှ ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြိုနယ်၏ အနောက်ဘက်ခြမ်းသို အာဏာသိမ်းစစ်တပ်၏ အင်အား(၄၀၀)ဝန်းကျင် ဝင်လာနေသည့်အတွက် ကရင်နီ(ကယား)ပြည်နယ်တွင်းနေပြည်သူများ သတိထားနေထိုင်ပြီး သတိပြုကြရန် KNDPက ပြည်သူများကို သတိပေးထားရှိသည်။

#Zawgyi


