အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနယ်စပ်တွင် ခိုလှုနေသည့် ကရင်ဒုက္ခသည်များကို ထိုင်းတာဝန်ရှိသူများက နေရပ်ပြန်စေသဖြင့် ၂၀၂၁ ခုနှစ် မေလ (၉) ရက်နေ့တွင် နယ်စပ်သံလွင်မြစ်ကိုဖြတ်၍ စစ်ဘေးရှောင်များ ပြန်လာနေကြသည်။
ကရင်ပြည်နယ်ဘက်တွင် နယ်မြေလုံခြုံရေး စိတ်ချရသည့် အခြေအနေမရောက်သေးသော်လည်း စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်များက ပြောလာသဖြင့် စစ်ဘေးရှောင်များသည် မြန်မာ – ထိုင်းနယ်စပ် ကရင်ပြည်နယ်ရှိ အီလူးထာစစ်ဘေးရှောင်စခန်းဘက်သို ပြန်ဝင်လာနေရကြောင်းသိရသည်။
အာဏာသိမ်းအဖွဲ၏ စစ်တပ်က မတ်လ ၂၇ ရက်နေ့မှစ၍ KNU နယ်မြေများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေ၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။