fbpx

အင်ဒိုတွင်တရုတ်ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့ဆရာဝန်တစ်ဒါဇင်ကျော်သေဆုံးခဲ့တယ်လို့ AFPပြော

အင်ဒိုနီးရှားနိုင်ငံမှာ တရုတ်ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့ ဆရာဝန်တစ်ဒါဇင်ကျော်သေဆုံးခဲ့တယ်လို့ AFP သတင်းမှာဖတ်ရပါတယ်။အင်ဒိုနီးရှားမှာ Sinovac ကာကွယ်ဆေးထိုးနှံမှုအရှိန်အဟုန်နဲ့ပြုလုပ်နေပေမယ့် Covid-19 ရောဂါကူးစက်မှုကလည်း အရှိန်နဲ့ထိုးတက်နေပါတယ်။Covid-19 ကပ်ရောဂါကြီးစတင်ခဲ့ကတည်းက အင်ဒိုနီးရှားက ကျန်းမာရေးဝန်ထမ်း (၁၀၀၀) နီးပါးလောက်စံချိန်တင် သေဆုံးခဲ့ပါတယ်။

အဲ့ဒီသေဆုံးသူတွေထဲမှာ ဆရာဝန် (၄၀၁) ယောက်ပါဝင်ပြီး (၁၄) ယောက်က ကာကွယ်ဆေး doses အပြည့် နှစ်ကြိမ်ထိုးထားသူတွေပါ။သေဆုံးသူတွေထဲမှာ ကာကွယ်ဆေးထိုးလက်စ တစ်ကြိမ်ထိုးထားသူ ဘယ်နှစ်ယောက်ပါလဲမသိရသေးပါ။သေဆုံးသူတွေထဲမှာ ဆရာဝန်မဟုတ်တဲ့သူတွေပါထည့်တွက်ရင် ကာကွယ်ဆေးထိုးထားတဲ့ သေဆုံးသူအရေအတွက်အများကြီးပိုလာနိုင်ပါတယ်။ဒါ့အပြင် သေဆုံးသူကျန်းမာရေးဝန်ထမ်း (၁၀၀၀) လောက်ထဲမှာ ဆရာဝန်မဟုတ်တဲ့ ကာကွယ်ဆေးထိုးထားသူ ဘယ်နှစ်ဦးရှိသလဲသိဖို့စာရင်းကောက်နေပါတယ်။

Indo Covid-19 2021

 

သေဆုံးသူတွေထဲမှာ ကာကွယ်ဆေးထိုးထားသူ ဘယ်နှစ်ယောက်ပါသလဲသေချာသိရအောင် စာရင်းစိစစ်နေတယ်လို့ Covid တိုက်ဖျက်ရေးအကြီးအကဲ Mohammad Adib Khumaidi က ပြောဆိုပါတယ်။အခုလို အင်ဒိုနီးရှားမှာ Covid ကူးစက်မှုအကြီးအကျယ်တက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရုတ်ပြည်ထုတ် Sinovac ကာကွယ်ဆေးအပေါ်မေးခွန်းထုတ်နေကြပါတယ်။ဒီလထဲမှာပဲ ကာကွယ်ဆေးထိုးထားတဲ့ ဆရာဝန် (၃၀၀) ကျော် Covid ကူးစက်ခံခဲ့ရကာ အချို့ဆေးရုံတက်ခဲ့ရပါတယ်။

ဒီပုံစံအတိုင်းသွားရင် အင်ဒိုနီးရှားရဲ့လူနေထူထပ်တဲ့နေရာတွေမှာ ကျန်းမာရေးစနစ်ပြိုလဲသွားမှာကို အားလုံးကစိုးရိမ်နေကြပါတယ်။တချို့ကလည်း Test စစ်တာ Negative ဆိုပေမယ့်အခုထိချောင်းဆိုးတာမပျောက်သေးဘူးလို့ဆိုပါတယ်။Test တစ်ခါစစ်ပြီး Covid မရှိလို့ပြောလို့မရပါ။ စင်ကာပူမှာဆိုရင် နှစ်ကြိမ်ခန့်ပြန်စစ်မှ Positive ပေါ်လာသူတွေအများကြီးဖြစ်ပါတယ်။သို့သော်နိုင်ငံဆင်းရဲရင် ကျန်းမာရေးအခြေအနေကလည်း နိမ့်ကျဆင်းရဲကာ အသေအပျောက်များမှာဖြစ်ပါတယ်။

#Zawgyi

အင္ဒိုနီးရွားႏိုင္ငံမွာ တ႐ုတ္ကာကြယ္ေဆးအျပည့္အဝထိုးထားတဲ့ ဆရာဝန္တစ္ဒါဇင္ေက်ာ္ေသဆုံးခဲ့တယ္လို႔ AFP သတင္းမွာဖတ္ရပါတယ္။အင္ဒိုနီးရွားမွာ Sinovac ကာကြယ္ေဆးထိုးႏွံမႈအရွိန္အဟုန္နဲ႔ျပဳလုပ္ေနေပမယ့္ Covid-19 ေရာဂါကူးစက္မႈကလည္း အရွိန္နဲ႔ထိုးတက္ေနပါတယ္။Covid-19 ကပ္ေရာဂါႀကီးစတင္ခဲ့ကတည္းက အင္ဒိုနီးရွားက က်န္းမာေရးဝန္ထမ္း (၁၀၀၀) နီးပါးေလာက္စံခ်ိန္တင္ ေသဆုံးခဲ့ပါတယ္။

အဲ့ဒီေသဆုံးသူေတြထဲမွာ ဆရာဝန္ (၄၀၁) ေယာက္ပါဝင္ၿပီး (၁၄) ေယာက္က ကာကြယ္ေဆး doses အျပည့္ ႏွစ္ႀကိမ္ထိုးထားသူေတြပါ။ေသဆုံးသူေတြထဲမွာ ကာကြယ္ေဆးထိုးလက္စ တစ္ႀကိမ္ထိုးထားသူ ဘယ္ႏွစ္ေယာက္ပါလဲမသိရေသးပါ။ေသဆုံးသူေတြထဲမွာ ဆရာဝန္မဟုတ္တဲ့သူေတြပါထည့္တြက္ရင္ ကာကြယ္ေဆးထိုးထားတဲ့ ေသဆုံးသူအေရအတြက္အမ်ားႀကီးပိုလာႏိုင္ပါတယ္။ဒါ့အျပင္ ေသဆုံးသူက်န္းမာေရးဝန္ထမ္း (၁၀၀၀) ေလာက္ထဲမွာ ဆရာဝန္မဟုတ္တဲ့ ကာကြယ္ေဆးထိုးထားသူ ဘယ္ႏွစ္ဦးရွိသလဲသိဖို႔စာရင္းေကာက္ေနပါတယ္။

ေသဆုံးသူေတြထဲမွာ ကာကြယ္ေဆးထိုးထားသူ ဘယ္ႏွစ္ေယာက္ပါသလဲေသခ်ာသိရေအာင္ စာရင္းစိစစ္ေနတယ္လို႔ Covid တိုက္ဖ်က္ေရးအႀကီးအကဲ Mohammad Adib Khumaidi က ေျပာဆိုပါတယ္။အခုလို အင္ဒိုနီးရွားမွာ Covid ကူးစက္မႈအႀကီးအက်ယ္တက္ေနတဲ့ကိစၥနဲ႔ပတ္သက္ၿပီး တ႐ုတ္ျပည္ထုတ္ Sinovac ကာကြယ္ေဆးအေပၚေမးခြန္းထုတ္ေနၾကပါတယ္။ဒီလထဲမွာပဲ ကာကြယ္ေဆးထိုးထားတဲ့ ဆရာဝန္ (၃၀၀) ေက်ာ္ Covid ကူးစက္ခံခဲ့ရကာ အခ်ိဳ႕ေဆး႐ုံတက္ခဲ့ရပါတယ္။

ဒီပုံစံအတိုင္းသြားရင္ အင္ဒိုနီးရွားရဲ႕လူေနထူထပ္တဲ့ေနရာေတြမွာ က်န္းမာေရးစနစ္ၿပိဳလဲသြားမွာကို အားလုံးကစိုးရိမ္ေနၾကပါတယ္။တခ်ိဳ႕ကလည္း Test စစ္တာ Negative ဆိုေပမယ့္အခုထိေခ်ာင္းဆိုးတာမေပ်ာက္ေသးဘူးလို႔ဆိုပါတယ္။Test တစ္ခါစစ္ၿပီး Covid မရွိလို႔ေျပာလို႔မရပါ။ စင္ကာပူမွာဆိုရင္ ႏွစ္ႀကိမ္ခန႔္ျပန္စစ္မွ Positive ေပၚလာသူေတြအမ်ားႀကီးျဖစ္ပါတယ္။သို႔ေသာ္ႏိုင္ငံဆင္းရဲရင္ က်န္းမာေရးအေျခအေနကလည္း နိမ့္က်ဆင္းရဲကာ အေသအေပ်ာက္မ်ားမွာျဖစ္ပါတယ္။

Credit to Richard Myo Thant