fbpx

ကိုဗစ်ရန်ကာကွယ်သည်ဟုဆိုကာနွားနောက်ချေးနဲ့ကျင်ငယ်များအသုံးပြုခြင်း အိန္ဒိယတွင် ခေတ်စား

ကိုဗစ်ကူးစက်မှုနှုန်း နဲ့ သေဆုံးမှု မှာ ဇယားထိပ်ဆုံးရောက်နေတဲ့ အိန္ဒိယမှာ နွားနောက်ချေးနဲ့ကျင်ငယ်များအသုံးပြုခြင်း ဟာ ကိုဗစ် ကူးဗစ်ကူးစက်မှု ရန်မှ ကာကွယ်နိုင်ကြောင်း ယုံကြည်နေကြပီး အဆိုပါ အလေ့အကျင့်ဟာ ခေတ်စားလိုက်ရှိပါတယ်။ယုံကြည်မှု လွန်ကဲခြင်းကြောင့် လွဲမှားတဲ့ အယူအဆ များဟာ ပြည်သူများကြားမှာ ပျံ့ နံ့ လျက်ရှိပါတယ်။ဆရာဝန်များ အနေဖြင့် Covid-19 ကူးစက်မှုမှ လူအသက်များ ကယ်တင်ရန် တိုက်ပွဲဝင်နေရသကဲ့ သတင်းအမှားများ၊ အမှန်တရားတဝက်နှင့် လျင်မြန်စွာပျံ့နှံ့နေသောအန္တရာယ်များသည့်လိမ်လည်မှုများကိုလည်းဆရာဝန်များ မှ တိုက်ဖျက်နေရတာပါ။

header-india-cow-dung-ritual_

အိန္ဒိယ အနေနဲ့ စုစုပေါင်း ကူးစက်မှု နေနဲ့ ၂၃မီလီယမ် ရှိပီး ပြန်လည် ကောင်းမွန်လာသူ ၁၉မီလီယမ်၊သေဆုံးသူ 254,225(၂သိန်း၅သောင်းကျော်) ရှိလာပြီး အာရှရဲ့ ကူးစက်မှု အမြင့်ဆုံး ထပ်ဆုံး ဇယားမှာ ရောက်ရှိနေပါတယ်။
ဆရာဝန် များဟာ နွားမစင် အသုံးပြုခြင်းကို သတိပေးဆန့်ကျင် လျက်ရှိပီး နွားမစင်ကိုအသုံးပြုပြီး ခန္ခာကိုယ် အနှံ ပွတ်လိမ်းခြင်း နွားကျင်ငယ်ရေသောက်ခြင်း ဟာ ၎င်း၏ထိရောက်မှုအတွက် သိပ္ပံနည်းကျအထောက်အထားမရှိကြောင်း၊အခြားရောဂါများပျံ့နှံ့နိုင်ကြောင်း ရိုက်တာ ရဲ့ Reportတွေမှာ ဖော်ပြထားပါတယ်။ယင်း အပြု အမူများနှင့် ပက်သက်ရျ် သတိပေးမှုများရှိသော်လည်း မျက်ကွယ်ပြုကာ အပတ်စဥ် ဂူဂျာရတီ(Gujarati)ဘာသာကို သက်ဝင်ယုံကြည်သူများဟာ နွားတင်းကုပ်များရှိရာသို့ လာကာ အဝတ်အစားများချွတ်လျက် ကျန်းမာရေး ကောင်းမွန်စေရန်နှင့်ကိုဗစ်မကူးစက်နိုင် ခန္ခာကိုယ် အနှံ့ သုတ်လိမ်းလျက်ရှိကြောင်း သိရပါတယ်။

header-india-cow-dung-ritual_

အလားတူ ဖြစ်စဥ် မျိုး အနေ ဖြင့် ၂၀၂၀ မတ်လ အတွင်း အိန္ဒိယ ဘာသာရေး ပွဲတော်တစ်ခု နွားကျင်ငယ်ရေး သောက်ပွဲတော် တစ်ခုကိုကျင်းပခဲ့ပါတယ်။ အိန္ဒိယ Narendra Modi ၏ဟိန္ဒူအမျိုးသားရေးပါတီအဖွဲ့ဝင်များက လည်းနွားမစင်များနဲ့ ကျင်ငယ်ရေး များ သည် ကိုဗစ်ရောဂါကို ကာကွယ်ပေးကြောင်း အိန္ဒိယမီဒီယာ တစ်ခုဖြစ်တဲ့ DW(Deutsche Welle) Reportမှာ ဖော်ပြထားခဲ့ပါသေးတယ်။