fbpx

အိန္ဒိယ ကိုဗစ်-၁၉ ဒုတိယလှိုင်း၏ နောက်ကွယ်၌ တရုတ်ရှိနေနိုင်ဟု BJP ခေါင်းဆောင် ပြော

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းတစ်ခုက ပုံမှန်အတိုင်း ရောဂါကူးစက်ဖြစ်ပွားခြင်းတစ်ခုလား သို့မဟုတ် ယင်းတွင် တရုတ်နိုင်ငံ ပါ၀င်ပတ်သက်နေသလား ဆိုသည်နှင့်ပတ်သက်ပြီး ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိနေကြောင်း BJP ပါတီ၏ အထွေထွေအတွင်းရေးမှူး ကိုင်လက်ရှ် ဗီဂျေးဗာဂျီယာက ပြောကြားခဲ့သည်။

ပွဲအခမ်းအနားတစ်ခု၌ ဗီဂျေးဗာဂျီယာ မိန့်ခွန်းပြောကြားသည့် ဗီဒီယိုတစ်ခု မေလ ၂၅ ရက်တွင် ပျံ့နှံ့ထားခဲ့သည်။

“ကိုဗစ်-၁၉ ဒုတိယလှိုင်းတစ်ခု ဖြစ်တယ်၊ ဒါက ရောဂါကူးစက်ဖြစ်ပွားမှုတစ်ခုပဲလား ဒါမှမဟုတ် ဒါကို ပို့လိုက်တာလား၊ ဒါက ဆွေးနွေးစရာ ကိစ္စတစ်ခု ဖြစ်တယ်၊ ဘာလို့လဲဆိုတော့ တကယ်လို့များ ကမ္ဘာပေါ်မှာ တရုတ်ကို နိုင်ငံတစ်ခုခုက စိန်ခေါ်ထားသလား ဆိုရင် အဲဒါဟာ အိန္ဒိယပဲ ဖြစ်ပါတယ်၊ ၀န်ကြီးချုပ် နာရင်ဒြာ မိုဒီဟာ တရုတ်ကို စိန်ခေါ်ထားခဲ့ပါတယ်” ဟု ဆိုပြီး ဗီဒီယိုထဲတွင် BJP ခေါင်းဆောင် ပြောကြားခဲ့သည်ကို ကြားခဲ့ရသည်။

“ကျွန်တော်တို့ ထင်တာကတော့ ဒါဟာ ကျွန်တော်တို့နိုင်ငံကို နှောင့်ယှက်ဒုက္ခပေးဖို့ တရုတ်ဘက်ကလုပ်တဲ့ ဗိုင်းရပ်စ် ‘war’ စစ်ပွဲတစ်ခုပါပဲ၊ ဘာလို့လဲ ဆိုတော့ ကိုဗစ်-၁၉ ဒုတိယလှိုင်းဟာ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘူတန်နဲ့ အာဖဂန်နစ္စတန်လိုမျိုး အိမ်နီးချင်းနိုင်ငံတွေမှာ မဖြစ်ဘဲ အိန္ဒိယမှာပဲ ဖြစ်ခဲ့တာကြောင့်လေ” ဟု ၎င်းက ဟိန္ဒူဘာသာစကားဖြင့် ပြောကြားခဲ့သည်။

၎င်းသည် ဟိန္ဒူဘာသာဖြင့် “ထိုးနှက်မှု/တိုက်ခိုက်မှု” ဟု အဓိပ္ပါယ်ရသည့် ‘vaar’ ဟု ပြောခဲ့သလား သို့မဟုတ် ‘war’ ဟု ပြောခဲ့သလား ဆိုသည်ကို အသေအချာစိစစ်နိုင်ခြင်း မရှိပေ။

ယခုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် BJP ခေါင်းဆောင်ထံ ဆက်သွယ်နိုင်ခဲ့ခြင်း မရှိသလို မျက်မြင်တွေ့ရှိသူတစ်ချို့၏ အဆိုအရ ၎င်းသည် မေလ ၂၄ ရက်က အောက်ဆီဂျင်ပေးစက်များ ဖြန့်ဝေပေးရန် အဖွဲ့တစ်ခုက စီစဥ်ခဲ့သည့် အခမ်းအနားတစ်ခု၌ အဆိုပါ ထုတ်ဖော်ပြောဆိုချက်များကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအနေဖြင့် ပြောချင်သည့် အကြောင်းအရာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်သင့်ကြောင်း အတိုက်အခံ ကွန်ဂရက်ပါတီက ပြောသည်။

“တရုတ်က အိန္ဒိယအပေါ် ဇီ၀လက်နက် စစ်ဆင်မှုတစ်ခု ဆင်နွှဲခဲ့တယ်လို့ ဗီဂျေးဗာဂျီယာက ပြောချင်တာလား၊ သူဟာ ဘီဂျေပီမှာ တာ၀န်ရှိတဲ့ နေရာကို ယူထားတာပါ၊ သူ့ထုတ်ပြန်ချက်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို ရှင်းလင်းအောင် ထုတ်ဖော်သင့်ပါတယ်” ဟု ကွန်ဂရက်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နီးလက်ဘ် ရှုခလာက ပြောခဲ့သည်။

BJP ပါတီ ဦးဆောင်သော ပြည်ထောင်စုအစိုးရ၏ ပေါ့ဆမှုကြောင့် ဒုတိယလှိုင်း ဖြစ်ခဲ့ကြောင်း ၎င်းက ပြောခဲ့သည်ဟု သိရသည်။

 

#Zawgyi

အိႏၵိယႏိုင္ငံ၌ ကိုဗစ္-၁၉ ကပ္ေရာဂါ ဒုတိယလႈိင္းတစ္ခုက ပုံမွန္အတိုင္း ေရာဂါကူးစက္ျဖစ္ပြားျခင္းတစ္ခုလား သို႔မဟုတ္ ယင္းတြင္ တ႐ုတ္ႏိုင္ငံ ပါ၀င္ပတ္သက္ေနသလား ဆိုသည္ႏွင့္ပတ္သက္ၿပီး ေဆြးေႏြးစရာ ကိစၥတစ္ခု ရွိေနေၾကာင္း BJP ပါတီ၏ အေထြေထြအတြင္းေရးမႉး ကိုင္လက္ရွ္ ဗီေဂ်းဗာဂ်ီယာက ေျပာၾကားခဲ့သည္။

ပြဲအခမ္းအနားတစ္ခု၌ ဗီေဂ်းဗာဂ်ီယာ မိန႔္ခြန္းေျပာၾကားသည့္ ဗီဒီယိုတစ္ခု ေမလ ၂၅ ရက္တြင္ ပ်ံ႕ႏွံ႔ထားခဲ့သည္။

“ကိုဗစ္-၁၉ ဒုတိယလႈိင္းတစ္ခု ျဖစ္တယ္၊ ဒါက ေရာဂါကူးစက္ျဖစ္ပြားမႈတစ္ခုပဲလား ဒါမွမဟုတ္ ဒါကို ပို႔လိုက္တာလား၊ ဒါက ေဆြးေႏြးစရာ ကိစၥတစ္ခု ျဖစ္တယ္၊ ဘာလို႔လဲဆိုေတာ့ တကယ္လို႔မ်ား ကမာၻေပၚမွာ တ႐ုတ္ကို ႏိုင္ငံတစ္ခုခုက စိန္ေခၚထားသလား ဆိုရင္ အဲဒါဟာ အိႏၵိယပဲ ျဖစ္ပါတယ္၊ ၀န္ႀကီးခ်ဳပ္ နာရင္ျဒာ မိုဒီဟာ တ႐ုတ္ကို စိန္ေခၚထားခဲ့ပါတယ္” ဟု ဆိုၿပီး ဗီဒီယိုထဲတြင္ BJP ေခါင္းေဆာင္ ေျပာၾကားခဲ့သည္ကို ၾကားခဲ့ရသည္။

“ကြၽန္ေတာ္တို႔ ထင္တာကေတာ့ ဒါဟာ ကြၽန္ေတာ္တို႔ႏိုင္ငံကို ေႏွာင့္ယွက္ဒုကၡေပးဖို႔ တ႐ုတ္ဘက္ကလုပ္တဲ့ ဗိုင္းရပ္စ္ ‘war’ စစ္ပြဲတစ္ခုပါပဲ၊ ဘာလို႔လဲ ဆိုေတာ့ ကိုဗစ္-၁၉ ဒုတိယလႈိင္းဟာ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္၊ သီရိလကၤာ၊ ဘူတန္နဲ႔ အာဖဂန္နစၥတန္လိုမ်ိဳး အိမ္နီးခ်င္းႏိုင္ငံေတြမွာ မျဖစ္ဘဲ အိႏၵိယမွာပဲ ျဖစ္ခဲ့တာေၾကာင့္ေလ” ဟု ၎က ဟိႏၵဴဘာသာစကားျဖင့္ ေျပာၾကားခဲ့သည္။

၎သည္ ဟိႏၵဴဘာသာျဖင့္ “ထိုးႏွက္မႈ/တိုက္ခိုက္မႈ” ဟု အဓိပၸါယ္ရသည့္ ‘vaar’ ဟု ေျပာခဲ့သလား သို႔မဟုတ္ ‘war’ ဟု ေျပာခဲ့သလား ဆိုသည္ကို အေသအခ်ာစိစစ္ႏိုင္ျခင္း မရွိေပ။

ယခုကိစၥႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ BJP ေခါင္းေဆာင္ထံ ဆက္သြယ္ႏိုင္ခဲ့ျခင္း မရွိသလို မ်က္ျမင္ေတြ႕ရွိသူတစ္ခ်ိဳ႕၏ အဆိုအရ ၎သည္ ေမလ ၂၄ ရက္က ေအာက္ဆီဂ်င္ေပးစက္မ်ား ျဖန႔္ေဝေပးရန္ အဖြဲ႕တစ္ခုက စီစဥ္ခဲ့သည့္ အခမ္းအနားတစ္ခု၌ အဆိုပါ ထုတ္ေဖာ္ေျပာဆိုခ်က္မ်ားကို ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎အေနျဖင့္ ေျပာခ်င္သည့္ အေၾကာင္းအရာကို ရွင္းရွင္းလင္းလင္း ထုတ္ေဖာ္သင့္ေၾကာင္း အတိုက္အခံ ကြန္ဂရက္ပါတီက ေျပာသည္။

“တ႐ုတ္က အိႏၵိယအေပၚ ဇီ၀လက္နက္ စစ္ဆင္မႈတစ္ခု ဆင္ႏႊဲခဲ့တယ္လို႔ ဗီေဂ်းဗာဂ်ီယာက ေျပာခ်င္တာလား၊ သူဟာ ဘီေဂ်ပီမွာ တာ၀န္ရွိတဲ့ ေနရာကို ယူထားတာပါ၊ သူ႔ထုတ္ျပန္ခ်က္ရဲ႕ ေနာက္ကြယ္က ရည္႐ြယ္ခ်က္ကို ရွင္းလင္းေအာင္ ထုတ္ေဖာ္သင့္ပါတယ္” ဟု ကြန္ဂရက္ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ နီးလက္ဘ္ ရႈခလာက ေျပာခဲ့သည္။

BJP ပါတီ ဦးေဆာင္ေသာ ျပည္ေထာင္စုအစိုးရ၏ ေပါ့ဆမႈေၾကာင့္ ဒုတိယလႈိင္း ျဖစ္ခဲ့ေၾကာင္း ၎က ေျပာခဲ့သည္ဟု သိရသည္။