fbpx

အခြေအနေတွေ တည်ငြိမ်ခဲ့ရင်တောင် အရင်လိုပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေအကြောင်း ပြောပြလာတဲ့ ထားထက်ထက်

မော်ဒယ်သရုပ်ဆောင်မင်းသမီး ချောလေး ထားထက်ထက် ဟာဆိုရင် မော်ဒယ်လောက မှတစ်ဆင့် သရုပ်ဆောင်ဘက်သို့ကူးပြောင်းလာခဲ့ပြီး သူ့ရဲ့ချစ်စရာဟန်ပန် အမူအယာလေး တွေကြောင့်

ပရိတ်သတ်ရဲ့ချစ်ခင် အားပေးမှုကိုအပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်မင်းသမီချောလေးတစ်ယောက်ပဲဖြစ်ပါတယ်နော်။ ဖေဖော်ဝါရီလကတည်းကစတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း တစ်ဖက်မှ အင်အားသုံး ချေမှုန်းခဲ့တာ ဖြစ်တဲ့အတွက်

အပြစ်မဲ့တဲ့ လူပေါင်းများစွာ ကျဆုံးခဲ့ရလို့ ဝမ်းနည်းရပြီး နောက်ဆုံးမှာတော့ တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေသို့ သွားရောက်ဖို့ အခုလိုဆုံးဖြတ်ချက် ချခဲ့တာ ဖစ်ပြီး အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် ဧပြီလကတည်းက တောထဲတွင် စစ်ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ ထားထက်ထက်က ” ၄ လတောင်ပြည့်ခဲ့ပြီ ဘယ်တော့မှ မေ့မရတဲ့ အမြဲ နာကျင်ရတဲ့ နေ့တနေ့ပါပဲ မနက်တိုင်း ဖေ့အတွက် မေတ္တာပို့ ဆုတောင်းနေပေမယ့် ဖေ့ဆီပြန်လာဖို့ကိုပဲ နေ့တိုင်းတွေးနေတုန်းပဲ မနှစ်က ဒီလိုအချိန်ဆို

သမီးတို့ မိသားစုတွေ ဖေနဲ့မေနဲ့ကို ကန်တော့ကြရင်း စားချင်တာတွေ လုပ်စား ဝယ်စားကြရင်း ပျော်ပျော်ရွှင်ရွှင်ပဲနော် တရက် တရက်လဲ အချိန်တွေ အရမ်းကြာသလိုပဲ ခံစားရပါတယ် အရင်လိုအတိုင်းပဲ အမြန်ဆုံးပြန်ဖြစ်ချင်နေပါပြီ သမီးတို့တွေ အရင်အတိုင်းပြန်ဖြစ်ရင်တောင်

ဖေ့ကိုက ပြန်မတွေ့နိုင် ပြန်မရနိုင်တော့ဘူး သမီးပြုခဲ့သမျှကုသိုလ်ကောင်းမှု၊ ပြုလုပ်နေဆဲ ကုသိုလ်ကောင်းမှု၊ နောက်ပြုလုပ်မယ့် ကုသိုလ်ကောင်းမှုအစုစုတွေ အားလုံးက ဖေဖေငြိမ်းချမ်း အေးချမ်းပြီး

ကောင်းရာ နေရာမှာရှိနေဖို့ အထောက်အပံ့ဖြစ်ပါစေ…လွမ်းတယ်ဖေဖေ…26 November 2021″ ဆိုပြီးရေးသားလာခဲ့ပါတယ်နော်… ပရိသတ်ကြီးလည်း ထားထက်ထက်ကို အားပေးစကားလေး ရေးပေးကြပါအုံးနော်။

Zawgyi

ေမာ္ဒယ္သ႐ုပ္ေဆာင္မင္းသမီး ေခ်ာေလး ထားထက္ထက္ ဟာဆိုရင္ ေမာ္ဒယ္ေလာက မွတစ္ဆင့္ သ႐ုပ္ေဆာင္ဘက္သို႔ကူးေျပာင္းလာခဲ့ၿပီး သူ႔ရဲ႕ခ်စ္စရာဟန္ပန္ အမူအယာေလး ေတြေၾကာင့္

ပရိတ္သတ္ရဲ႕ခ်စ္ခင္ အားေပးမႈကိုအျပည့္အဝ ရရွိထားတဲ့ အႏုပညာရွင္မင္းသမီေခ်ာေလးတစ္ေယာက္ပဲျဖစ္ပါတယ္ေနာ္။ ေဖေဖာ္ဝါရီလကတည္းကစတင္ကာ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့ေသာ္လည္း တစ္ဖက္မွ အင္အားသုံး ေခ်မႈန္းခဲ့တာ ျဖစ္တဲ့အတြက္

အျပစ္မဲ့တဲ့ လူေပါင္းမ်ားစြာ က်ဆုံးခဲ့ရလို႔ ဝမ္းနည္းရၿပီး ေနာက္ဆုံးမွာေတာ့ ေတာ္လွန္ေရးအတြက္ လြတ္ေျမာက္နယ္ေျမသို႔ သြားေရာက္ဖို႔ အခုလိုဆုံးျဖတ္ခ်က္ ခ်ခဲ့တာ ဖစ္ၿပီး အာဏာရွင္ကို တိုက္ထုတ္ဖို႔အတြက္ ဧၿပီလကတည္းက ေတာထဲတြင္ စစ္ပညာသင္ၾကားေနတာ ျဖစ္ပါတယ္။

ဒီေန႔ေလးမွာေတာ့ ထားထက္ထက္က ” ၄ လေတာင္ျပည့္ခဲ့ၿပီ ဘယ္ေတာ့မွ ေမ့မရတဲ့ အၿမဲ နာက်င္ရတဲ့ ေန႔တေန႔ပါပဲ မနက္တိုင္း ေဖ့အတြက္ ေမတၱာပို႔ ဆုေတာင္းေနေပမယ့္ ေဖ့ဆီျပန္လာဖို႔ကိုပဲ ေန႔တိုင္းေတြးေနတုန္းပဲ မႏွစ္က ဒီလိုအခ်ိန္ဆို

သမီးတို႔ မိသားစုေတြ ေဖနဲ႔ေမနဲ႔ကို ကန္ေတာ့ၾကရင္း စားခ်င္တာေတြ လုပ္စား ဝယ္စားၾကရင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲေနာ္ တရက္ တရက္လဲ အခ်ိန္ေတြ အရမ္းၾကာသလိုပဲ ခံစားရပါတယ္ အရင္လိုအတိုင္းပဲ အျမန္ဆုံးျပန္ျဖစ္ခ်င္ေနပါၿပီ သမီးတို႔ေတြ အရင္အတိုင္းျပန္ျဖစ္ရင္ေတာင္

ေဖ့ကိုက ျပန္မေတြ႕ႏိုင္ ျပန္မရႏိုင္ေတာ့ဘူး သမီးျပဳခဲ့သမွ်ကုသိုလ္ေကာင္းမႈ၊ ျပဳလုပ္ေနဆဲ ကုသိုလ္ေကာင္းမႈ၊ ေနာက္ျပဳလုပ္မယ့္ ကုသိုလ္ေကာင္းမႈအစုစုေတြ အားလုံးက ေဖေဖၿငိမ္းခ်မ္း ေအးခ်မ္းၿပီး

ေကာင္းရာ ေနရာမွာရွိေနဖို႔ အေထာက္အပံ့ျဖစ္ပါေစ…လြမ္းတယ္ေဖေဖ…26 November 2021″ ဆိုၿပီးေရးသားလာခဲ့ပါတယ္ေနာ္… ပရိသတ္ႀကီးလည္း ထားထက္ထက္ကို အားေပးစကားေလး ေရးေပးၾကပါအုံးေနာ္။ ခရက္ဒစ္