fbpx

လေးကေကော်မှာရှိတဲ့ သင်တန်းသား မောင်ငယ်လေးတွေအတွက် သူမခံစားချက်တွေကို ရင်ဖွင့်ရေးသားလာတဲ့ ထားထက်ထက်

ပရိသတ်ကြီးရေ အလှမယ်တစ်ယောက်လဲဖြစ် ကျွမ်းဘားမယ်လေး ထားထက်ထက် ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအပေါ်မှာလဲ ဖေဖော်ဝါရီလကတည်းက ပြည်သူနဲ့အတူ အမှန်တရားဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ သူမကတော့ အမှန်တရားကိုချစ်မြတ်နိုးတာကြောင့် ပြည်သူတွေအားလုံးက ပိုမိုချစ်ခင်အားပေးကြပါတယ်။ ထားထက်ထက် ဟာ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်ရှိသူဖြစ်တာကြောင့် လွတ်မြောက်နယ်မြေမှာ သွားရောက်တာဝန်ထမ်းဆောင်နေတာပါ။

” လေးကေကော်… ရောက်ကာစ က တည်းခိုခဲ့တဲ့ နေရာလေး ကျွန်မကို ညီမအရင်းလို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြတဲ့ အကိုတွေ အမတွေ အဆင်ရောပြေကြပါ့မလား ဆိုပြီး စိတ်ပူပါတယ်…တာဝန်ထမ်းနေတဲ့ မောင်လေးတစ်ယောက်ကို စိတ်ပူလို့ လှမ်းမေးကြည့်တော့ ကောင်းတယ် အမ… နို့မို့ဆို သွေးအေးနေကြတာ…တိုက်စရာရှိရင် မြန်မြန်တိုက်တော့မယ်…လက်နက်မမျှလို့ ကိုယ် တိုက်ပွဲကျ သွားလဲ အပေါ်က လူကြီးတွေ သိပြီး ပစ္စည်းမြန်မြန် ဆင်ပေးနိုင်တာပေါ့ အမရယ်… တဲ့ ဒီနေရာရောက်တဲ့ အထိ ကိုယ့်မြင်ကွင်းရှေ့မှာတင် ကိုယ့်လူတွေ အဖမ်းခံရ ပါသွားရတာတွေ မြင်ရတာ စိတ်ထဲအတော် အဆင်မပြေဘူး အမရယ် တဲ့ ဘာပဲဖြစ်ဖြစ် မရှိရှိတာနဲ့ တိုက်ရမှာပဲ…ဒါမှသာ လူကြီးတွေလဲ ပိုအားစိုက်ပြီး

တခြားရဲဘော် ကလေးတွေလဲ ပစ္စည်းအမြန်ဆုံးပြည့်စုံနိုင်မယ် မျှော်လင့်တယ်…… ဆိုပြီး နောက်ဆုံးအခြေအနေထိ တွေးထား ၊ ရင်းထားတဲ့ အဓိပ္ပါယ်နဲ့ ပြောတာ နားထောင်ရတဲ့ အခါ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်…ကျွန်မ မောင်လေးတွေ လိုအပ်နေတာတွေ အမြန်ဆုံး ဆင်ယင်ပေးနိုင်တဲ့ အမကြီး ဘယ်တော့များမှ ဖြစ်မလဲ ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မိပါတယ်…တာဝန်ရှိသူ တောင်ပိုင်းစစ်တိုင်းက ဝန်ကြီးမင်းလဲ ကျွန်မရေးတာကို မြင်ပြီး ကလေးတွေ လိုအပ်တာ အမြန်ဆုံး ဆင်ယင်ပေးနိုင်ပါစေလို့ သာ ဆုတောင်းရင်း…

လေးကေကော် နဲ့ မြန်မာနိုင်ငံ အနှံ့အပြားက မတရားမှုကို တွန်းလှန်နေကြသော ညီအကို မောင်နှမ များ အားလုံး ဘေးကင်းလုံခြုံပြီး ရည်မှန်းချက်များ အမြန်အောင်မြင် ပြည့်စုံနိုင်ကြပါစေ…”လေးကေကော်မြို့လေး ဘေးကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ သွားရောက်တာဝန်ထမ်းဆောင်နေတဲ့ အလှမယ်လေး ထားထက်ထက် အတွက်လဲအားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားထားပေးခဲ့ပါအုန်းနော်။

Zawgyi Format

ပရိသတ္ႀကီးေရ အလွမယ္တစ္ေယာက္လဲျဖစ္ ကြၽမ္းဘားမယ္ေလး ထားထက္ထက္ ကိုေတာ့ လူတိုင္းသိၾကလိမ့္မယ္ထင္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနေတြအေပၚမွာလဲ ေဖေဖာ္ဝါရီလကတည္းက ျပည္သူနဲ႔အတူ အမွန္တရားဘက္က ျပတ္ျပတ္သားသားရပ္တည္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ ဒါေၾကာင့္လဲ သူမကေတာ့ အမွန္တရားကိုခ်စ္ျမတ္ႏိုးတာေၾကာင့္ ျပည္သူေတြအားလုံးက ပိုမိုခ်စ္ခင္အားေပးၾကပါတယ္။ ထားထက္ထက္ ဟာ ရဲရင့္ျပတ္သားတဲ့ စိတ္ဓာတ္ရွိသူျဖစ္တာေၾကာင့္ လြတ္ေျမာက္နယ္ေျမမွာ သြားေရာက္တာဝန္ထမ္းေဆာင္ေနတာပါ။

” ေလးေကေကာ္… ေရာက္ကာစ က တည္းခိုခဲ့တဲ့ ေနရာေလး ကြၽန္မကို ညီမအရင္းလို ကာကြယ္ေစာင့္ေရွာက္ေပးခဲ့ၾကတဲ့ အကိုေတြ အမေတြ အဆင္ေရာေျပၾကပါ့မလား ဆိုၿပီး စိတ္ပူပါတယ္…တာဝန္ထမ္းေနတဲ့ ေမာင္ေလးတစ္ေယာက္ကို စိတ္ပူလို႔ လွမ္းေမးၾကည့္ေတာ့ ေကာင္းတယ္ အမ… ႏို႔မို႔ဆို ေသြးေအးေနၾကတာ…တိုက္စရာရွိရင္ ျမန္ျမန္တိုက္ေတာ့မယ္…လက္နက္မမွ်လို႔ ကိုယ္ တိုက္ပြဲက် သြားလဲ အေပၚက လူႀကီးေတြ သိၿပီး ပစၥည္းျမန္ျမန္ ဆင္ေပးႏိုင္တာေပါ့ အမရယ္… တဲ့ ဒီေနရာေရာက္တဲ့ အထိ ကိုယ့္ျမင္ကြင္းေရွ႕မွာတင္ ကိုယ့္လူေတြ အဖမ္းခံရ ပါသြားရတာေတြ ျမင္ရတာ စိတ္ထဲအေတာ္ အဆင္မေျပဘူး အမရယ္ တဲ့ ဘာပဲျဖစ္ျဖစ္ မရွိရွိတာနဲ႔ တိုက္ရမွာပဲ…ဒါမွသာ လူႀကီးေတြလဲ ပိုအားစိုက္ၿပီး

တျခားရဲေဘာ္ ကေလးေတြလဲ ပစၥည္းအျမန္ဆုံးျပည့္စုံႏိုင္မယ္ ေမွ်ာ္လင့္တယ္…… ဆိုၿပီး ေနာက္ဆုံးအေျခအေနထိ ေတြးထား ၊ ရင္းထားတဲ့ အဓိပၸါယ္နဲ႔ ေျပာတာ နားေထာင္ရတဲ့ အခါ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္မိတယ္…ကြၽန္မ ေမာင္ေလးေတြ လိုအပ္ေနတာေတြ အျမန္ဆုံး ဆင္ယင္ေပးႏိုင္တဲ့ အမႀကီး ဘယ္ေတာ့မ်ားမွ ျဖစ္မလဲ ဆိုၿပီး ကိုယ့္ကိုကိုယ္ အျပစ္တင္မိပါတယ္…တာဝန္ရွိသူ ေတာင္ပိုင္းစစ္တိုင္းက ဝန္ႀကီးမင္းလဲ ကြၽန္မေရးတာကို ျမင္ၿပီး ကေလးေတြ လိုအပ္တာ အျမန္ဆုံး ဆင္ယင္ေပးႏိုင္ပါေစလို႔ သာ ဆုေတာင္းရင္း…

ေလးေကေကာ္ နဲ႔ ျမန္မာႏိုင္ငံ အႏွံ႔အျပားက မတရားမႈကို တြန္းလွန္ေနၾကေသာ ညီအကို ေမာင္ႏွမ မ်ား အားလုံး ေဘးကင္းလုံၿခဳံၿပီး ရည္မွန္းခ်က္မ်ား အျမန္ေအာင္ျမင္ ျပည့္စုံႏိုင္ၾကပါေစ…”ေလးေကေကာ္ၿမိဳ႕ေလး ေဘးကင္းပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ပရိသတ္ႀကီးေရ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ သြားေရာက္တာဝန္ထမ္းေဆာင္ေနတဲ့ အလွမယ္ေလး ထားထက္ထက္ အတြက္လဲအားေပးစကားေလးေတြကို ေကာမန႔္မွာ ေရးသားထားေပးခဲ့ပါအုန္းေနာ္။