fbpx

ဆေးလိပ်ဖြတ်ဖို့ခက်ခဲနေရင်ပီလား

ဆေးလိပ်ဖြတ်ဖို့ခက်ခဲနေသူများအတွက်ပြုလုပ်သင့်သည့်အချက်(၁၁)ချက်

(၁)​ဆေးလိပ်ဖြတ်ရမယ့်အကြောင်းအရင်းကိုရှာဖွေပါ

ဆေးလိပ်ဖြတ်ဖို့ Motivate ရဖို့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက်တွေလိုအပ်ပါတယ်။ ဥပမာ မိသားစုအတွက်ဆေးလိပ်ငွေ့မှကာကွယ်ရန်၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါသို့မဟုတ်အခြားရောဂါများကို ကာကွယ်ရန်၊ ဒါမှမဟုတ် ငယ်ရွယ်နုပျိုတဲ့ခံစားမှုမျိုးကိုခံစားရရန် စတဲ့ ဆေးလိပ်ဖြတ်ဖို့အတွက် ခိုင်မာတဲ့အကြောင်းအရင်းတစ်ခုလိုအပ်ပါတယ်။

(၂) ဆေးလိပ်မဖြတ်မီကြိုတင်ပြင်ဆင်ပါ

အရင်ဆုံးလက်ကျန်ဆေးလိပ်များကို လွှင့်ပစ်လိုက်ပါ။ ဆေးလိပ်သောက်ခြင်းက စွဲလမ်းမှုတစ်ခုဖြစ်ပီးတော့ ဦးနှောက်က နီကိုတင်းကိုစွဲလမ်းနေခြင်းဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ပီဆိုတာနဲ့ ဦးနှောက်ကတောင့်တနေပါလိမ့်မယ်။ဒါကြောင့် ဆေးလိပ်မဖြတ်ခင်ဆေးလိပ်ဖြတ်မယ့်နည်းလမ်းများကို ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ ဒါမှမဟုတ် Internet ပေါ်မှနည်းလမ်းများကို လုပ်ဆောင်ကြည့်ပါ။ ဒါဟာဆေးလိပ်ဖြတ်မယ့် နေ့အတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

(3) ဆေးလိပ်သောက်ချင်တဲ့အချိန်မှာ ပါးစပ်ကိုတစ်ခုခု၀ါးပေးပါ

ဆေးလိပ်မသောက်တော့တဲ့အခါ နီကိုတင်းကိုဖြတ်လိုက်ခြင်းက ခေါင်းကိုက်စေနိုင်ပီး စိတ်ခံစားချက်ကိုထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်တစ်လိပ်လောက်သောက်လိုက်ရင် ကျေနပ်ပီဆိုတဲ့ စိတ်ခံစားချက်များဝင်လာတဲ့အခါ ပါးစပ်ကိုတစ်ခုခု၀ါးပေးပါက စွဲလမ်းမှုတွေကို အနည်းနဲ့အများ ထိန်းချုပ်နိုင်ပါတယ်။ သကြားလုံးစားခြင်း၊ပီကေဝါးခြင်း၊ ရေသောက်ခြင်းတို့ ဖြင့်စွဲလမ်းမှုတွေကိုလျော့ချပေးနိုင်ပါတယ်။

(၄)အပေါင်းအသင်းမိတ်ဆွေများကိုအားထားပါ

ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတာကို သူငယ်ချင်းများ၊ မိသားစုနှင့်အခြားသူများကိုပြောပြပါ၊ အထူးသဖြင့်ဆေးလိပ်သောက်ချင်တဲ့အခါတွေမှာ သူတို့ကမသောက်ဖို့အားပေးနိုင်ပါတယ်။ ကျန်းမာရေးအထောက်အကူပြုအဖွဲ့များ နှင့်တိုင်ပင်ဆွေးနွေးခြင်းဖြင့်လည်း ဆေးလိပ်ဖြတ်သည့်နည်းလမ်းများကို ပြောပြကူညီနိုင်ပါတယ်။

(၅) အနားယူပါ

လူအများဆေးလိပ်သောက်ရတဲ့အကြောင်းရင်းတစ်ခုမှာနီကိုတင်းက သူတို့အားစိတ်သက်သာရန်ကူညီပေးသောကြောင့်ဖြစ်သည်။ ဆေးလိပ်ဖြတ်ပြီးရက်အနည်းငယ်အတွင်းဖိစီးမှုအခြေအနေတွေကို ရှောင်ရှားဖို့ စိတ်သက်သာ စွာအနားယူဖို့ လိုအပ်ပါတယ်၊ ဥပမာ သီချင်းနားထောင်ခြင်း၊ အနှိပ်ခံခြင်း၊ သူငယ်ချင်းများနဲ့တွေ့ခြင်း တို့ကိုပြုလုပ်နိုင်ပါတယ်။

(၆) အရက်နှင့်အခြားအစပျိုးနိုင်မယ့်အရာတွေကိုရှောင်ပါ

အရက်သောက်တဲ့အခါမှာ ဆေးလိပ်ဖြတ်တဲ့ရည်ရွယ်ချက်ကို စွဲမြဲစွာထိမ်းဖို့ ပိုခက်ခဲပါတယ်။ ဒါကြောင့်ဆေးလိပ်ဖြတ်လိုက်တဲ့အခါ အရက်ကိုကန့်သတ်ထားပါ။ ဥပမာ ကော်ဖီသောက်ပီးတိုင်းမကြာခဏ ဆေးလိပ်သောက်တတ်ရင် တစ်ပတ်လောက် တခြားဟာပြောင်းသောက်ပါ၊ ဒါမှမဟုတ် မသောက်ဘဲနေကြည့်ပါ။ အစာစားပြီးနောက်မကြာခဏ ဆေးလိပ်သောက်တတ်ရင် စားပီးတိုင်း သွားတိုက်ခြင်း၊ လမ်းလျှောက်ခြင်း၊ သူငယ်ချင်းနဲ့စကားပြောခြင်း သို့မဟုတ် ပီကေကဲ့သို့သောအခြားတစ်ခုကို ဝါးပါ။

(၇) သန့်ရှင်းရေးလုပ်ပါ

နောက်ဆုံးဆေးလိပ်ကိုသောက်ပြီးတာနဲ့ ဆေးလိပ်ပြာများနဲ့ မီးခြစ်ကိုလွှင့်ပစ်လိုက်ပါ။ ဆေးလိပ်နံ့ရှိတဲ့အဝတ်တွေကိုဆေးကြောပါ၊ ကားထဲမှာဆေးလိပ်သောက်တတ်သူများက သန့်ရှင်းရေးလုပ်ပီး Air Fresher
အသုံးပြုပါ။ ဆေးလိပ်သောက်ခြင်းကိုသတိရစေတဲ့ မည်သည့်အရာကိုမဆို မမြင်အောင်ထားပါ။

(၈) ထပ်ကြိုးစားပါ

ဆေးလိပ်ပြတ်တဲ့ လူများစွာက ဆေးလိပ်မပြတ်ခင်မှာအကြိမ်များစွာပြန်သောက်မိတတ်ကြပါတယ်။ ဆေးလိပ်ဖြတ်နေရင်း ပြန်သောက်မိလဲစိတ်ဓာတ်မကျပါနဲ့။ အဲဒီအစား ဆေးလိပ်ဖြတ်နိုင်မည့်နည်းလမ်းများကို ကိုကိုယ်တိုင်ရှာဖွေပီး ဆေးလိပ်ဖြတ်ဖို့နောက်ထပ်အခွင့်အရေးတစ်ခုလို့သဘောထားပါ။ ဆုံးဖြတ်ချက်ချပီး ထပ်ကြိုးစားကြည့်ပါ။

(၉) သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များကိုစားပါ

သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့်ပရိုတင်းဓာတ်များများစားရန်ကြိုးစားပါ။ ထိုအရာများသည်ခန္ဓာကိုယ်တစ်ခုလုံးအတွက်ကောင်းမွန်စေပါတယ်။

(၁၀) ကိုယ့်ကိုကိုဆုချပါ

ဆေးလိပ်ဖြတ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးများအပြင်ဆေးလိပ်ကိုစွန့်လွှတ်ခြင်းရဲ့ နောက်ထပ်အခွင့်အရေးတစ်ခုမှာ ငွေစုမိမှာဖြစ်ပါတယ်။ ဆေးလိပ်သောက်မယ့်အစားစုထားတဲ့ပိုက်ဆံဖြင့် ကိုယ့်ကိုကိုဆုချပါ။

(၁၁) ကျန်းမာရေးကကို့ဘက်မှာရှိနေကြောင်းသတိရပါ

ဆေးလိပ်ဖြတ်တာနဲ့တပြိုင်နက်ကျန်းမာရေးအကျိုးကျေးဇူးများကိုချက်ချင်းရရှိမှာဖြစ်ပါတယ်။ မိနစ် ၂၀ ကြာပြီးနောက်မှာ နှလုံးခုန်နှုန်းကပုံမှန်ပြန်ဖြစ်လာပြီး၊ တစ်ရက်အတွင်း သွေးရဲ့ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့က အရင်အခြေအနေကိုပြန်ရောက်ရှိသွားပါတယ်။ ၂-၃ ပတ်အတွင်းမှာတော့ နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပြီး၊ ရေရှည်တွင် အဆုတ်ကင်ဆာနှင့်အခြားကင်ဆာရောဂါဖြစ်နိုင်ချေများကိုလည်း လျှော့ချပေးပါလိမ့်မယ်။