fbpx
ကိုယ်ပိုင် WordPress Website တစ်ခုကိုအခမဲ့ဘယ်လိုဖန်တီးမလဲ
WordPress.com platform ပေါ်မှာအခမဲ့ website တစ်ခုကို ဘယ်လိုဖန်တီးတည်ဆောက်မလဲဆိုတာ တစ်ဆင့်ပီး တစ်ဆင့်ရှင်းပြသွားပါမယ်။
အဆင့် (၁) – WordPress.com မှာ WordPress အကောင့်ဖွင့်ရန်
ကိုယ့်မှာရှိတဲ့ Browser မှာ www.wordpress.com ဆို ပီးရိုက်ထည့်ပါ။ အောက်ပါပုံအတိုင်း ပေါ်လာတဲ့အခါမှာ မြှားပြထားတဲ့ Get Started ကိုနှိပ်လိုက်ရင် Sing up form ကျလာပါမယ်။
Form ထဲမှာ Email Address(အီးမေးလ်လိပ်စာ)၊ Username(အမည်)၊ Password(လျှို့ဝှက်ကုဒ်) ဖြည့်ပါ။ အချက်အားလုံးဖြည့်ပီးသွားရင် Create your account ကိုနှိပ်ပါ။
Domain ထည့်ရန် Form တစ်ခုကျလာပါမယ်။ အဲ့ထဲမှာ ကိုပြုလုပ်မယ့် Domain name (website နာမည်) ထည့်ရပါမယ်။
ဥပမာ – www.yourdoaminname.com (‘yourd‌omainname’ နေရာမှာကြိုက်နှစ်သက်ရာ နာမည်ထည့်ပါ တခြား ရှိပီးသား domain name တွေနဲ့ မတူအောင်ထည့်ရပါမယ်)
ဤနေရာမှာ ကျနော်တို့ သိထားသင့်တာတစ်ခုရှိပါတယ်။ ကျနော်တို့က အခမဲ့ Website ဖန်တီးရန် WordPress ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ရွေးချယ်တဲ့ Domain name အနောက်မှာ wordpress.com ဆိုပီးပေါ်နေမှာပါ။
ဥပမာ – www.yourdomainname.wordpress.com
Domain  name ရွေးချယ်ပီးပါက အောက်ပါပုံအတိုင်း Free စာတန်းပါတဲ့ Select ကိုနှိပ်ပါ။
နောက်တစ်ပေ့ချ် မှာ အခမဲ့သုံးမလား၊ ပိုက်ဆံပေးသုံးမလား ပြပါလိမ့်မယ်။ ကျနော်တို့က အခမဲ့အသုံးပြုချင်တာကြောင့် Start with a free ကိုနှိပ်ပါ။ WordPress dashboard ကျလာရင် အဆင့် (၁) အောင်မြင်ပါပီ။
အဆင့် (၂) – Email တွင် Activate Blog လုပ်ရန်
WordPress အကောင့်ဖွင့်ထားတဲ့ Email မှာ Activate Blog လုပ်ပေးရပါမယ်။ Gmail မှာ ကျနော်တို့ wordpress account ဖွင့်ထားခဲ့တဲ့ Gmail Account ကိုသွားပီး WordPress ကပို့ထားတဲ့ Mail ကိုဝင်ပါ၊ ပြီးပါကအောက်ပါပုံအတိုင်း (Click here to Confirm Now) ကိုနှိပ်ပါ။
ကျနော်တို့ ဖန်တီးထားတဲ့ Website dashboard ကိုရောက်သွားပီး ညာဖက်ထောင့်မှာ (Email confirmed) ဆိုပီးပေါ်လာပါမယ်။
အဆင့် (၃) – Blog ကိုပြင်ဆင်ရန်
Dashboard မှာ အနီရောင်ပြထားတဲ့ Name Your Site ကိုနှိပ်ပီး ကျနော်တို့ Website ရဲ့  နာမည်၊အကြောင်းအရာ စတဲ့အချက်အလက်တွေကို ဖြည့်ရပါမယ်။
အသေးစိတ်အချက်အလက်များ ဖြည့်ပီးရင် အောက်ပါပုံအတိုင်း Save Setting ကိုနှိပ်ပီး Return to home ကိုနှိပ်ပါ။
အဆင့် (၄) – Theme ကိုရွေးချယ်ပြီး Customize လုပ်ရန်
ဒီအဆင့်မှာတော့ ကျနော်တို့ website မှာသုံးမယ့် Theme (Design) ကိုရွေးချယ်ရပါမယ်။ Theme ကိုရွေးချယ်ရန် အောက်ပါပုံမှာ မြှားပြထားတဲ့ Side bar က Appearance ကိုထောက်ပီး Theme ကိုနှိပ်ပါ။
အခမဲ့ Free သုံးလို့ရတဲ့ Theme တွေနဲ့ ပိုက်ဆံပေးသုံးရတဲ့ Premium Theme တွေလဲရှိပါတယ်။ မိတ်ဆွေတို့ ကြိုက်နှစ်သက်တဲ့ Theme ကိုနှိပ်ပါ။ ပြီးပါက အောက်ပါပုံအတိုင်း Activate this design ကိုနှိပ်ပါ၊ အခမဲ့ Theme ဆိုရင် ဘေးမှာ Free ဆိုပီးပြပါတယ်။
ပြီးရင်တော့ Edit homepage ကိုနှိပ်ပီးတော့ ကျနော်တို့ Homepage ကိုလိုသလို ပြုပြင်လို့ရပါပီ။
Themes တွေကို လိုသလိုဘယ်လိုပြုပြင်ရမလဲ၊ customize ဘယ်လိုလုပ်ရမလဲစတဲ့ သင်ခန်းစာတွေ Youtube မှာ Tutorials တွေရှိပါတယ်။ လောလောဆယ် ကျနော်တို့ မပြင်ဘဲ Launch ကိုနှိပ်ပီးဆက်သွားပါမယ်။
Domain ရွေးတဲ့နေရာ ပြန်ပေါ်လာခဲ့ရင် ကျနော်တို့ free လုပ်ထားခဲ့တဲ့ Website name ကိုပဲရွေးပီး skip purchase နှိပ်လိုက်ပါ။ ပြီးရင်တော့ အပေါ်မှာလုပ်ခဲ့တဲ့အတိုင်း အခမဲ့အသုံးပြုချင်တာကြောင့် start with a free site ကိုထပ်နှိပ်ပါ။
ပြီးရင်တော့ အောက်ပါပုံအတိုင်း (No thanks, I’ll stick with yourdomain.wordpress.com) ကိုနှိပ်ပါ။
Step 4 Done….!
အဆင့် (၅) – Browser မှာ website အနေအထား ကိုရှိုးရန်
Browser ကိုသွားပီး မိတ်ဆွေတို့ လုပ်ခဲ့တဲ့ Domain name (URL) အပြည့်အစုံကိုရိုက်ထည့်ပါ။ မိတ်ဆွေတို့ ရွေးထားတဲ့ Theme အတိုင်းပေါ်နေပီး Mobile၊ Tablet တို့မှာ ကြည့်ရင်လဲ UI (Design) ကို responsive ဖြစ်ပီး ကြည့်ရအဆင်ပြေအောင် wordpress ကပြုလုပ်ထားတာတွေ့ရပါမယ်။ Cool right..! ။ WordPress dashboard ထဲပြန်သွားချင်ရင် (www.yourdomainname.wordpress.com/login) URL ကိုရိုက်ထည့် Login ဝင်ပီးအသုံးပြုနိုင်ပါတယ်။ ကျနော်တို့ လုပ်ငန်းစဥ်တစ်ခုလုံးကို setup လုပ်တာ မိနစ်ပိုင်းပဲအချိန်ယူရပါတယ်။ ဒါကအစပဲရှိပါသေးတယ်။ Theme ရဲ့  Design တွေ Appearance တွေကိုပြောင်းချင်ရင် dashboard ဘယ်ဘက် sidebar ပေါ်မှာရှိတဲ့ Appearance ကိုနှိပ်ပီး စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။ အသေးစိတ်ကို နောက်သင်ခန်းစာမှာ ဆက်လက်ပြောပြသွားပါမယ်။
ဒီသင်ခန်းစာမပီးဆုံးခင်မှာ Dashboard မှာရှိတဲ့ Sidebar အခြေခံအကြောင်းအနည်းငယ်ပြောပြပါရစေ။
  • Dashboard : WordPress Plugins နှင့် Themes များအတွက်
  • Posts : ပို့စ်များရေးခြင်း၊ ဖျက်ခြင်းများစီမံရန်
  • Media : ပုံများ၊ ဗီဒီယိုများ စီမံရန်
  • Pages : Homepage, Blog Page စတဲ့ Page များစီမံရန်
  • Comments : Blog (ဆောင်းပါး) တွင်ရှိတဲ့ Comments (မှတ်ချက်) များစီမံရန်
  • Appearance : ကျနော်တို့အစောပိုင်းက ဖော်ပြခဲ့ပီးတဲ့အတိုင်း Themes များစီမံရန်၊ Menu များစီမံရန်၊ Customize ပြုလုပ်ရန်
That’s all for it. အထက်ပါအဆင့်တွေကို လုပ်ဆောင်ပီး လွယ်ကူစွာ Website တစ်ခုဖန်တီးနိုင်ပါတယ်။ ဤလုပ်ငန်းစဥ်နဲ့ ပတ်သက်ပီး မိတ်ဆွေတို့ မရှင်းတာရှိရင် comment မှာမေးမြန်းနိုင်ပီး ကြိုက်နှစ်သက်တယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့ တောင်းဆိုချင်ပါတယ်။ မိတ်ဆွေတို့ မျှဝေမှသာ website တစ်ခုကိုဖန်တီးဖို့ အစပြုနေသူတွေ၊ဘယ်ကစရမှန်းမသိတဲ့သူတွေ ကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
အခက်အခဲများအတွက် ကျနော်တို့ ကူညီဖို့ အသင့်ရှိပါတယ်။
—————————————————————
ZAWGYI CODE
ကျနော်တို့ WordPress.com platform ပေါ်မှာအခမဲ့ website တစ်ခုကို ဘယ်လိုဖန်တီးတည်ဆောက်မလဲဆိုတာ တစ်ဆင့်ပီး တစ်ဆင့်ရှင်းပြသွားပါမယ်။
ကို့မှာရှိတဲ့ Browser မှာ www.wordpress.com ဆို ပီးရိုက်ထည့်ပါ။ အောက်ပါပုံအတိုင်း ပေါ်လာတဲ့အခါမှာ မြှားပြထားတဲ့ Get Started ကိုနှိပ်လိုက်ရန် Sing up form ကျလာပါမယ်။
ဥပမာ – www.yourdoamin.com (yourd‌omain နေရာမှာကြိုက်နှစ်သက်ရာ နာမည်ထည့်ပါ)
ကျနော်တို့က အခမဲ့သုံးချင်တာကြောင့် Start with a free ကိုနှိပ်ပါ။ အဆင့် (၁) အောင်မြင်သွားပါပီ။
ပြီးရင်တော့ Edit homepage ကိုနှိပ်ပီးတော့ ကျနော်တို့ Website homepage ကိုလိုသလို ပြုပြင်လို့ရပါပီ။
Pages : Homepage, Blog Page စတဲ့ Pages များစီမံရန်
မိတ်ဆွေတို့ အခက်အခဲများအတွက် ကျနော်တို့ ကူညီဖို့ အသင့်ရှိပါတယ်။