ကလေးတွေ အိပ်ချိန်ဘယ်လောက်လိုအပ်လဲ?
မွေးကင်းစကလေးငယ်များ၊ ကလေးသူငယ်များနှင့်ဆယ်ကျော်သက်အရွယ်တွေမှာ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ဖို့ နှင့် ဉာဏ်ရည်တိုးတက်စေရန် လူကြီးများထက်အိပ်စက်ခြင်းကိုပိုလိုအပ်ပါတယ်။
သတ်မှတ်ချိန်အတိုင်း အိပ်တဲ့ကလေးများက အောက်ပါအကျိုးကျေးဇူးများကိုခံစားရပါတယ်
(၁) ကြီးထွားမှုကိုဖြစ်စေတယ်
(၂) ကိုယ်အလေးချိန်ကိုသက်ရောက်စေတယ်
(၃) ပိုးမွှားများကိုသေစေနိုင်တယ်
(၄) ထိခိုက်ဒဏ်ရာကိုလျော့နည်းစေတယ်
(၅) ကလေးများ၏အာရုံစူးစိုက်မှုကိုတိုးစေတယ်
(၆) သင်ယူနိုင်စွမ်းကိုတိုးပွားစေတယ်
မိဘအများစုကကြီးထွားလာတဲ့ကလေးတွေကို ကောင်းမွန်စွာအိပ်စက်ခြင်း လိုအပ်တာကိုသိကြသော်လည်း၊ ကလေးများအိပ်ရန် နာရီဘယ်လောက်လိုအပ်တာကိုမသိကြပါဘူး။
ကလေးတိုင်းကဘယ်လောက်အိပ်ရန်လိုအပ်ကြောင်းအနည်းငယ်ကွဲပြားသော်လည်း ကလေးအများစုမှာအောက်ပါအချက်အတိုင်းအပြည့်အဝအနားယူရန်လိုအပ်ပါတယ်။
မွေးကင်းစ (၁-၃ လ)
အကြံပြု: ၁၄-၁၇ နာရီ
၁၁-၁၃ နာရီ (၁၁ နာရီထက်မနည်းရ)
၁၈-၁၉ နာရီ (၁၉ နာရီထက်မကျော်ရ)
မွေးကင်းစ (၄-၁၁ လ)
အကြံပြု: ၁၂-၁၅ နာရီ
၁၀-၁၁ နာရီ (၁၀ နာရီထက်မနည်းရ)
၁၆-၁၈ နာရီ (၁၈ နာရီထက်မကျော်ရ)
ကလေးငယ်များ (၁-၂ နှစ်)
အကြံပြု: ၁၁-၁၄ နာရီ
၉-၁၀ နာရီ (၉ နာရီထက်မနည်းရ)
၁၅-၁၆ နာရီ (၁၆ နာရီထက်မကျော်ရ)
မူကြိုကျောင်းသားများ (၃-၅ နှစ်)
အကြံပြု – ၁၀-၁၃ နာရီ
၈-၉ နာရီ (၈ နာရီထက်မနည်းရ)
၁၄ နာရီ (၁၄ နာရီထက်မပိုရ)
ကျောင်းနေအရွယ်ကလေးများ (၆-၁၃ နှစ်)
အကြံပြု – ၉-၁၁ နာရီ
၇-၈ နာရီ (၇ နာရီထက်မနည်းရ)
၁၂ နာရီ (၁၂ နာရီထက်မပိုရ)
ဆယ်ကျော်သက်များ (၁၄-၁၇ နှစ်)
အကြံပြု: ၈-၁၀ နာရီ
၇ နာရီ (၇ နာရီထက်မနည်းရ)
၁၁ နာရီ (၁၁ နာရီထက်မပိုရ)
လူကြီးများ (၁၈-၂၅ နှစ်)
အကြံပြု – ၇-၉ နာရီ
၆ နာရီ (၆ နာရီထက်မနည်းရ)
၁၀-၁၁ နာရီ (၁၁ နာရီထက်မပိုရ)
ဒီအချက်တွေထဲ ဝင်အောင် ကလေးများကိုအိပ်စက်စေခြင်းဖြင့် ကလေးများအတွက်လိုအပ်သော ဖွံ့ဖြိုးတိုးတက်မှုကို ရစေမှာဖြစ်ပါတယ်။