fbpx

အသက်၄၀ကျော်သူတိုင်း မဖြစ်မနေ ဂရုစိုက်ရမဲ့ အရိုးကျန်းမာရေး

အသက် ၄၀ ကျော်လာတာနဲ့ အရိုးနဲ့ ပက်သက်ပီး လူအများစု စတင် ကြုံတွေ့ရမဲ့ ပြသာနာကတော့ အရိုးပါးခြင်း၊ အရိုးပွခြင်းတို့ဖြစ်ပါတယ်။
အရိုးကျိုးတယ်၊ အရိုးပွတယ်ဆိုတာက အရိုးဆရာဝန်တွေနဲ့သာ သက်ဆိုင်တယ်လို့ အများစုကသိထားကြပါတယ်။ တကယ်တမ်းကတော့ အရိုးပွ၊ အရိုးကျိုးရောဂါဆိုတာ တခြားအထွေထွေရောဂါတွေနဲ့လည်း ဆက်စပ်နေပြီး အထူးသဖြင့် ဆီးချိုနဲ့ ဟော်မုန်းရောဂါဖြစ်တဲ့သူတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။ ပြီးတော့ အရိုးပွရောဂါ ဖြစ်တာကနေ အရိုးသိပ်သည်းဆတွေကို ထိန်းသိမ်းပေးတဲ့ဟော်မုန်းဓာတ်တွေ ချို့တဲ့တာကြောင့် အရိုးပါး၊ အရိုးကျိုးတာတွေ ဖြစ်ရတယ်လို့ သိရပါတယ်။
အရိုးပွ၊ အရိုးကျိုးမှု အဖြစ်များတဲ့ အသက်အရွယ် အရိုးပါးရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အသက် ၅၀ အထက် အမျိုးသမီးတွေမှာ သုံးဦးမှာ တစ်ဦး၊ အမျိုးသားတွေဆိုရင် ငါးဦးမှာ တစ်ဦးက အရိုးပွရောဂါကို ခံစားနေရတယ်။ ဒါကြောင့် အသက် ၆၀၊ ၇၀ လောက်ဖြစ်မှ အရိုးပွရောဂါစတင်ဖြစ်ပွားနေတာ မဟုတ်ဘူး။ အသက် ၅၀ ကျော် အထက်မှာကတည်းက ကိုယ့်ရဲ့အရိုးကျန်းမာရေးက သန်စွမ်းမှုရှိအောင် နားနေလား ပွနေလား ဒါတွေသိဖို့အတွက် စမ်းသပ်ဖို့ လိုပါတယ်။

ဒါ့အပြင် လူကြီး၊ကြီးငယ်မရွေးခံစားရတဲ့ အရိုးအဆစ်အမြစ် ကိုက်ခဲခြင်း တို့ကလည်း ဘ၀တစ်‌လျှောက် အထူးဂရူစိုက်ဖို့ လို အပ်ပါတယ်

လူကြီး၊ကြီးငယ်မရွေးခံစားရတဲ့ အရိုးအဆစ်အမြစ် နာကျင် ကိုက်ခဲခြင်း များနဲ့ ပက်သက်ပီးတော့
ရောဂါပေါ်မူတည်ပြီး ဖြစ်ပွားရတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ အဆစ်နာကျင် ကိုက်ခဲတဲ့ လူနာမှာ အဓိကအားဖြင့် ရောင်ရမ်းပြီး ကိုက်ခဲလာတာလား (Inflammatory Arthritis) အရင် ခွဲခြားရပါတယ်။ ရောင်ရမ်းကိုက်ခဲမှုအများစုက Auto-Immune လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား တုံ့ပြန်မှုလွန်ရောဂါတွေကြောင့် ဖြစ်ပါတယ်။ ကျီးပေါင်းရောဂါ (Osteoarthritis) ကတော့ အသက်ကြီးလာတာနဲ့အမျှ အဆစ်အတွင်းက ချောဆီနဲ့ အရိုးနုတို့ ပျက်စီးယိုယွင်းမှုကြောင့် ဖြစ်ရတာပါ။

ဂေါက်ရောဂါကတော့ သွေးတွင်းယူရစ်အက်စစ် (Uric Acid) ဓာတ်အချိန်ကြာမြင့်စွာမြင့်မားမှုကြောင့် ဖြစ်ရတာပါ။ ဒီလိုနာတာရှည်တွေ မဟုတ်ဘဲ ခဏတဖြုတ် နာကျင်ကိုက်ခဲတာတွေလည်း ဖြစ်တတ်ပါတယ်။ တုပ်ကွေးလို ဗိုင်းရပ်စ်ပိုးကြောင့် ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုကြောင့်၊ အဆစ်ထဲ ဘတ်တီးရီးယားပိုးဝင်တာကြောင့် အစရှိသဖြင့် အကြောင်းအမျိုးမျိုး ရှိကြပါတယ်။

အခုလို အန္တရာယ်တွေကနေ ကြိုတင်ကာကွယ်ရေး၊ အရိုးကျန်းမာသန်မာဖို့အတွက် ဆောင်ရန် ရှောင်ရန်တွေ ရှိပါတယ်။ အဓိကအားဖြင့် ကယ်လ်စီယံဓာတ် ကြွယ်ဝတဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ အစိမ်းရောင်အရွက်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ငါးသေးသေးလေးတွေကို စားပေးသင့်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ ဓာတ်ရနိုင်တဲ့ နေဆာလှုံတာ၊ ဗီတာမင် ဒီ ဓာတ်ပါတဲ့ ကြက်ဥ၊ ဘဲဥ အနှစ်နဲ့ ဆယ်လမွန်ငါးတွေ စားပေးဖို့ လိုပါတယ်။ ဗီတာမင် ဘီ B12 ကလည်း အရိုးသန်မာမှုကို အထောက်အကူပြုကြောင်း လေ့လာတွေ့ရှိထားတာမို့၊ ဒီဓာတ်ကြွယ်ဝတဲ့ အသား၊ငါး၊ ကြက်ဥ၊ ဘဲဥတွေကို စားပေးသင့်ပါတယ်။

အရိုးသန်မာစေတဲ့ ကိုယ်လက်လှုပ်ရှားမူရှိဖို့လည်း ပုံမှန်လမ်းလျှောက်ပေးတာ၊ ရေကူးတာ၊ တရုတ်လူမျိုးတွေကစားတဲ့ တိုင်ချီ (Tai Chi) ကစားတာ၊ နောက် ယောဂါ (Yoga) လေ့ကျင့်ခန်းလုပ်တာတွေနဲ့ အခြားသင့်တော်ရာ အားကစားတွေ ပုံမှန်လုပ်ပေးသင့်ပါတယ်။ ထိုင်ရာမှာလည်း ခါးကိုမတ်ပြီး ရင်ကိုဖွင့် ပခုံးကို ဆန့်ထားသင့်ပါတယ်။

ရှောင်ရန်အနေနဲ့တော့ အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာနဲ့ ကိုကာကိုလာ၊ပက်ဆီ အများကြီးသောက်တာ (အထူးသဖြင့် ၂ လီတာ ထက်မကျော်သင့်၊) ကော်ဖီ အလွန်အကျွံသောက်တာ (နှစ်ခွက်ထက်မပိုသင့်) တွေ မလုပ်သင့်ပါဘူး။ သုတေသနတစ်ခုအရတော့ လက်ဘက်ရည် နှစ်ခွက် အနည်းဆုံးသောက်တာကြောင့် (၆) နှစ်အကြာမှာ အရိုးသန်မာမှုအားကောင်းစေတယ်၊ ဘာလို့လဲဆိုတော့ လက်ဘက်ရည်မှာပါတဲ့ Flavonoids ဓာတ်က အမျိုူသမီးဟောမုန် အီစတိုဂျင်လိုပဲ အရိုးအတွက် ကယ်လ်ဒီယံ စုပ်ယူမှုအားကောင်းစေတာကြောင့်လို့ တွေ့ရှိထားပါတယ်။ ဒါ့အပြင် ရှောင်ရန်အနေနဲ့ ထိုင်ရာမှာ ခါးကုံးပြီး မထိုင်တာအပြင်၊ ခါးကုံးပြီး ပစ္စည်း ဆတ်ကနဲ ကောက်တာနဲ့ မတာတွေ မလုပ်ပဲ၊ ဒူးကွေးပြီး တဖြည်းဖြည်း ကောက်ယူတာနဲ့ မ တာတွေသာ လုပ်သင့်ပါတယ်။ ကိုယ်မနိုင်တဲ့ လေးလံတာတွေကို တစ်ယောက်ထဲ မ တာမလုပ်ဘဲ၊ အကူခေါ်ပြီး တွဲမသင့်ပါတယ်။ လေးလံပြီး မ ဖို့ခက်တာတွေကိုလည်း ဆွဲမရွှေ.ဘဲ တွန်းရွှေ.သင့်ပါတယ်။

ကဲ အားလုံးပဲ အရိုးကျန်းမာရေး အတွက် ဆောင်ရန်ရှောင်ရန်တွေ သိပီမို့ အားလုံးပဲ ကိုယ် ကျန်းမာ စိတ်ချမ်းသာ ဖြစ်ပါစေလို့
DailyInfo မှ ဆုတောင်းပေးလိုက်ပါတယ်။

Resource:: credit