fbpx

ဘယ်လူမျိုးကိုမှ နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်မထားဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဘယ်လူမျိုးကိုမှ နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားတာမရှိကြောင်းနဲ့ စည်းကမ်းဥပဒေနဲ့အညီ ခွင့်ပြုပေးလျက်ရှိကြောင်း စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

“မည်သည့်လူမျိုးကိုမှ နိုင်ငံသားဖြစ်ခွင့်ကို ပိတ်ပင်မထားပါဘူး။ စည်းကမ်းဥပဒေနဲ့အညီ ခွင့်ပြုပေးလျက်ရှိပါတယ်။ နံပါတ်တစ်အနေနဲ့ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ အခြားကမ္ဘာ့နိုင်ငံများနည်းတူ တည်ဆဲလူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို ကျော်လွန်ပြီးတော့ ဆောင်ရွက်မှာမဟုတ်ဘူးလို့ပြောလိုပါတယ်” လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ဇွန် ၁၂ ရက်မှာ ကျင်းပတဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်ရုပ်သံသတင်းဌာန ဖီးနစ်တို့တွေ့ဆုံမေးမြန်းခန်းမှာ ရိုဟင်ဂျာဆိုတာ မရှိကြောင်းနဲ့ စိတ်ကူးယဉ်ပြောကြားမှုသာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးရဲ့ ဖြေကြားချက်နဲ့ပတ်သက်ပြီး ဒီနေ့သတင်းစာရှင်းလင်းပွဲစစချင်းမှာပဲ ဒီမူဝါဒနဲ့ပတ်သက်လို့ စစ်ကောင်စီက အကျယ်တဝင့် ရှင်းပြခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ရိုဟင်ဂျာမူဝါဒထုတ်ပြန်လာခဲ့ပြီး အဲဒီမူဝါဒကို အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံတချို့က ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ကြေညာတာတွေရှိထားပါတယ်။

ဒါ့အပြင် ဒီမူဝါဒတွေထဲမှာ လိုလား အားတက်စရာ ကောင်းမွန်တဲ့အချက်တွေပါတဲ့အတွက် ကြိုဆိုတယ်၊ တချို့အပိုင်း တွေမှာတော့ ဖြည့်စွက်စဉ်းစားစေလိုတယ်လို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းကလည်း ပြောကြားထားပါတယ်။

#Zaygyi