fbpx

ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းနဲ့ ဖြေရှင်းလို့ ဖြစ်နိုင်တယ်လို့ ယုံကြည်ရင် မျက်ကန်းယုံကြည်မှုဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

အာဆီယံအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖိုတောင်းဆိုထားချိန်မှာ မြန်မာနိုင်ငံရဲ့ပြဿနာဟာ လူပုဂ္ဂိုလ် တဦးတစ်ယောက်တည်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာလိုရတဲ့ ပြဿနာမဟုတ်ဘူးလို စစ်ကောင်စီက တုံပြန်လိုက်ပါတယ်။

“ကျနော်တိုနိုင်ငံမှာဖြစ်နေတဲ့ ဒီပြဿာနာတွေဟာ လူပုဂ္ဂိုလ်တဦးတယောက်တည်း၊ အဖွဲအစည်းတခုတည်းနဲ့ ဖြေရှင်းလို ဖြေရှင်းသွားတာမျိုးမရှိဘူး။ အဲဒီတော့ ဒီဟာကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်း ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနဲ့ တွေ့ပြီးဖြေရှင်းပေးလို ဖြစ်နိုင်ရင်လို ယုံကြည်ရင် အဲဒီယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုလို ကျနော်ပြောချင်တယ်။ ဒါတွေကို ကျနော်ပြောနေတာ အကြောင်းမဲ့ ပြောနေတာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ သမိုင်းအစဉ်အလာအရ ဖြေရှင်းလာတဲ့ဟာကိုကြည့်၊ ဒါတွေကို ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ အကန့်အသတ်နဲ့ လုပ်တယ်ဆိုတာက နယ်ပယ်ကျဉ်းမြောင်းလွန်းပါတယ်။ အာဆီယံအစည်းအဝေးမှာ ကျနော်တို သဘောတူညီချက် ငါးချက်ရှိခဲ့တယ်။ အဲဒီငါးချက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပါပြီးဖြစ်တယ်။”

မင်းအောင်လှိင်ကို ထိပ်သီးအစည်းအဝေး မဖိတ်ဖိုအထိ ဆွေးနွေးနေတယ်လို ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပြီးတဲ့နောက် အခုလို တုံပြန်လိုက်တာလည်းဖြစ်ပါတယ်။ အဖွဲဝင်နိုင်ငံအချင်းချင်းကြား ဝင်မစွက်တဲ့မူကိုလက်ကိုင်ထားတဲ့ အာဆီယံက အခုလို ထိပ်သီးအစည်းအဝေး မဖိတ်တာမျိုးအထိ အရင်က မလုပ်ခဲ့ဖူးပါဘူး။ ဒါဟာ ဘယ်လောက်ထူးခြားပါသလဲ၊ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ (ISP) က ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက အခုလိုပြောပါတယ်။

“အာဆီယံက သူရဲ့ Regional Grouping ဒေသဆိုင်ရာ အုပ်စုတခုရဲ့ ဂုဏ်သိက္ခာရှိပါတယ်။ အဲတော့ မြန်မာပြည်အရေးကို ဝင်ရောက်မဆောက်ရွက်နိုင်ဘူးဆိုလိုရှိရင် သူတိုရဲ့ဂုဏ်သိက္ခာပါ ကျရတော့မယ့် အနေအထားဖြစ်လာတာပေါ့ဗျာ၊ ဒါကလည်း တချက်ပါ။ နောက်တခုကျတော့ နိုင်ငံတကာ ဆက်ဆံရေးတွေမှာကျတော့ Policy of inaction လိုခေါ်တာပေါ့ဗျာ၊ ဘာမှမလုပ်ဘဲနေရင်တောင် သူ့အလိုလိုနေရင်းနဲ့ ကာဗာရနေဦးမယ်။ အာဆီယံကိုယ်စားလှယ်ကို လက်ခံတွေ့လိုက်မယ်၊ ပြန်သွားမယ်၊ နောက်တခါ ထပ်လာမယ်၊ ဒါဆိုရင်တောင်မှ မြန်မာအစိုးရဘက်က အချိန်ဆွဲလိုရသေးတယ်လေ။ အဲလိုရတဲ့ အနေအထားတောင်မှ မလုပ်ဘူးဆိုတဲ့အခါကျတော့ အာဆီယံဘက်က တော်တော်လေးကို ခက်တဲ့အနေအထားရှိတာပေါ့ဗျာ။ နောက်ဆုံးမှာ ဒီလိုစဉ်းစားရတာမျိုးတွေ ဖြစ်လာတာပေါ့။”

အာဆီယံအဖွဲရဲ့ အဖြေရှာချက်ကို နိုင်ငံတကာကလည်း စောင့်ကြည့်နေတာမို အရင်အခြေအနေနဲ့ မတူဘဲ ဆောင်ရွက်လာတာလိုလည်း သူက သုံးသပ်ပါတယ်။

“ပြောချင်တာကတော့ ကျနော်မြင်တာ အခု အာဆီယံ Envoy လာဖို သိပ်ခက်နေတဲ့ကိစ္စမျိုးပေါ့နော်။ နောက်တခုက ဘာဖြစ်လို ညှိနှိင်းရတာ ဒီလောက်ထိ ခက်နေသလဲဆိုတဲ့ အနေအထားတော့ ကျနော်သေချာမသိဘူး၊ ဒါပေမယ့် မဖြစ်သင့်ဘူးလိုတော့ ကျနော်ထင်တယ်ဗျာ။ အခုအနေအထားမှာ အနောက်နိုင်ငံတွေက လက်ရှောင်ပြီးတော့ အာဆီယံကို မင်း ရှေ့ကလုပ်ပါဆိုပြီးတော့ ခိုင်းနေတာလေ။ အဲအနေအထားမှာ အာဆီယံက အသုံးမကျတော့ဘူးဆိုရင် အနောက်နိုင်ငံက လက်ရှောင်လို မရတော့ဘဲ ကိုယ်တိုင်ဝင် အရေးယူရတော့မယ့် အနေအထားဖြစ်လာနိုင်တယ်။”