fbpx

စကစမှ ကျောက်မျက်ရတနာရောင်းဝယ်ရေးနှင့် ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများကိုယာယီရပ်နား

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေတိုရှိ ကျောက်စိမ်းရိုင်း တူးဖော်ခြင်းလုပ်ငန်းများကို ၆ လ ကြာယာယီရပ်ဆိုင်းထားမည်ဟု စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်လိုက်သည်။ ယာယီရပ်နားမည့်ကာလမှာ အောက်တိုဘာ ၁ရက်မှ လာမည့်နှစ် မတ်လ ၃၁ရက် အထိ ဖြစ်သည်။

ဘေးအန္တရာယ်ကင်းရှင်းစွာဆောင်ရွက်နိုင်ရန်၊ ကျောက်မျက်သယံဇာတများကို သားစဉ်မြေးဆက် ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန်နှင့် ကိုဗစ်ရာဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ရပ်နားခြင်းဖြစ်သည်ဟု ထုတိပြန်ချက်တွင် ဖော်ပြထားသည်။

NLD အစိုးရ လက်ထက်တွင်လည်း အကြီးစား သတ္တုတွင်းလုပ်ကွက်များ လုပ်ကိုင်ခွင့် လိုင်စင်ကို ထပ်မံသက်တမ်းတိုး ပေးခြင်းမရှိတော့ပေ။ လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေတွင် ၂၀၁၉ ခုနှစ် မေလ အထိ တူးဖော်လုပ်ကိုင်ခွင့်သက်တမ်းကျန်ရှိသေးသော ကုမ္ပဏီပေါင်း၂၁၃ ခုက ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ကွက်ပေါင်း ၁၀၀၀ ကျော်တွင် တူးဖော်လုပ်ကိုင်နေကြောင်း သတ္တုတွင်း ဦးစီးဌာန စာရင်းများ အရ သိရသည်။

Zawgyi

လုံးခင္း၊ ဖားကန႔္ ရတနာနယ္ေျမႏွင့္ ေမာ္လူး၊ ေမာ္ဟန္ရတနာနယ္ေျမတိုရွိ ေက်ာက္စိမ္းရိုင္း တူးေဖာ္ျခင္းလုပ္ငန္းမ်ားကို ၆ လ ၾကာယာယီရပ္ဆိုင္းထားမည္ဟု စစ္ေကာင္စီ လက္ေအာက္ခံ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ယမန္ေန႔က ထုတ္ျပန္လိုက္သည္။ ယာယီရပ္နားမည့္ကာလမွာ ေအာက္တိုဘာ ၁ရက္မွ လာမည့္ႏွစ္ မတ္လ ၃၁ရက္ အထိ ျဖစ္သည္။

ေဘးအႏၲရာယ္ကင္းရွင္းစြာေဆာင္ရြက္နိုင္ရန္၊ ေက်ာက္မ်က္သယံဇာတမ်ားကို သားစဥ္ေျမးဆက္ ေရရွည္ထုတ္ယူသုံးစြဲနိုင္ရန္ႏွင့္ ကိုဗစ္ရာဂါျဖစ္ပြားမႈကို ကာကြယ္ထိန္းသိမ္းနိုင္ရန္အတြက္ ရပ္နားျခင္းျဖစ္သည္ဟု ထုတိျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

NLD အစိုးရ လက္ထက္တြင္လည္း အႀကီးစား သတၱဳတြင္းလုပ္ကြက္မ်ား လုပ္ကိုင္ခြင့္ လိုင္စင္ကို ထပ္မံသက္တမ္းတိုး ေပးျခင္းမရွိေတာ့ေပ။ လုံးခင္း၊ ဖားကန႔္ ရတနာ နယ္ေျမတြင္ ၂၀၁၉ ခုႏွစ္ ေမလ အထိ တူးေဖာ္လုပ္ကိုင္ခြင့္သက္တမ္းက်န္ရွိေသးေသာ ကုမၸဏီေပါင္း၂၁၃ ခုက ေက်ာက္စိမ္းႏွင့္ ေက်ာက္မ်က္လုပ္ကြက္ေပါင္း ၁၀၀၀ ေက်ာ္တြင္ တူးေဖာ္လုပ္ကိုင္ေနေၾကာင္း သတၱဳတြင္း ဦးစီးဌာန စာရင္းမ်ား အရ သိရသည္။