fbpx

ဂန့်ဂေါနယ် မင်းရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များမှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲ ၃၅ ဦး သေဆုံး

(Zawgyi/Uni)

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြိုနယ် မင်းရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၃၅ ဦး သေဆုံးခဲ့သည်ဟု ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ် YDF က ယမန်နေ့စက်တင်ဘာလ ၁၂ ရက်က ထုတ်ပြန်ထားသည်။




ဂန့်ဂေါမြိုနယ်တွင် တိုက်ပွဲများပြင်းထန်နေသည့် ရက်ပိုင်းအတောအတွင်း စက်တင်ဘာလ ၁၁ ရက် ည၂နာရီခန့်တွင် YDF နှင့် မင်းတပ် CDF တို ပူးပေါင်းတပ်ဖွဲက မင်းရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဆိုပါ ရဲစခန်းမှ ရဲ ၅ ယောက်နှင့် စစ်ကူလာသော ရဲကားမှ ရဲ ၃၀ ယောက် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရ အခြေအနေဟုသိရသည်။




ရဲအယောက် ၃၀ ရက်၏ အသက်ကို ရယူခဲ့ခြင်းသည်
ဂန့်ဂေါမြိုနယ် တိုက်ပွဲအတွင်း၌အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲဝင်များက အပြစ်မဲ့ပြည်သူ့များ၏ အသက်၊
အိုးအိမ် ဆုံးရှုးခဲ့ရအောင် ပြုလုပ်ခဲ့သည့်အတွက် သွေးကြွေး တောင်းယူခြင်း ဖြစ်သည်ဟု YDP က ထုတ်ပြန်ထားသည်။




(Zawgyi)








